အသက်ရှည်ဆေး

 Written by ခင်ခင်သိမ့်(မန်း)

“မြင်းခွာ ရွက်လေးနဲ့ ဆီးရောဂါ ကာကွယ်ရအောင်”

လယ်တောမှ မြင်းခွာရွက်သည် သွေးအားကောင်း၍ အာနိသင် ပိုထက်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် မြင်းခွာပင် ပေါက်ကလေးများ စိုက်ပျိုးနိုင်သည်။ မြင်းခွာ ရွက်ကို အာဟာရအဖြစ် သုပ်စားလျှင် အရသာ ကောင်း စွာ စားသုံးနိုင်သည်။ ဆေးဖက်ဝင်အပင် ဖြစ်၍ ဆီးအောင့်၊ ဆီးကျင်၊ ဆီးနည်း ဝေဒနာရှင်များ မြင်းခွာရွက် သတ္တုရည်ကို သောက်သုံးခြင်းဖြင့် ဆီးရောဂါဝေဒနာ ပျောက်ကင်းကြောင်း လက်တွေ့ အသုံးပြုသူများက ပြော သည်။

အညောင်းထိုင်သူများ၊ ခေါင်းကိုက်၊ ဇက်ထိုး၊ မျက်စိမှုန်သူများ၊ အပူချိန်များသူများ၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်သူများ မြင်းခွာရွက်ကို ထမင်းစားသည့်အခါ ဟင်းနှင့်တို့စားလျှင် သော်လည်းကောင်း၊ မြင်းခွာရွက်ကို ရေစင်စင် ဆေးကြောပြီး မြေပဲဆန်၊ ကြက်သွန်တို့နှင့် သုပ်စားလျှင် သော်လည်းကောင်း၊ မြင်းခွာရွက်ကို ပဉ္စငါးပါး ကျိုသောက် လျှင်သော်လည်းကောင်း၊ ဆီး၊ ဝမ်း၊ သွေး၊ လေ မှန်ကန်၍ ကျန်းမာရေးကောင်း စေပါသည်။

အသားအရေ လှပလိုသူများ၊ အသားအရေ မွဲခြောက်နေသူများပါ သောက်သုံးသင့်ပါသည်။ အသားအ ရေလှပ စိုပြည်ရုံမက မြင်းခွာရွက်ကို အသက်ရှည်ဆေး၊ အဆိပ်ဖြေဆေးအဖြစ် အသုံးပြုနိုင်သည်။

လူတို့သည် ဓာတုပစ္စည်းများကို များစွာသုံးနေရသဖြင့် အဆိပ်သင့်လူသားများ ဖြစ်ရကာရောဂါမျိုးစုံ၊ အဖု၊ အကျိတ်၊ အနာ၊ ဆီးမမှန်၊ ဝမ်းမမှန်၊ အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အဝလွန် ခြင်း၊ ဟော်မုန်းဓာတ် များလွန်းခြင်း၊ နည်းလွန်းခြင်း စသည့်ရောဂါများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာကာ ဆေးရုံ၊ ဆေးခန်းများတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကျဆင်းပျက်ပြားသည် အထိရောဂါ ဝေဒ နာခံစားနေရ သူများစွာကို တွေ့မြင်နိုင် သည်။

ရှေးလူကြီးများ၏ ရှေးထုံးကိုလည်း မပယ်နှင့် ဆိုသည့်စကားလို ရှေးလူကြီးများ စားသုံးသော အစားအ စာများသည် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် ရာသီဥတုသုံးမျိုးလုံးနှင့် ကိုက်ညီအောင်စား သုံးကြကြောင်း၊ မိမိ အိမ်တွင် မြင်းခွာရွက်ပင် စိုက်ပျိုးထားခြင်းဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အထောက်အကူပြုနိုင်သည်။


ကြေးမုံသတင်းစာ
စက်တင်ဘာ (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...