ဝိတ်မြန်မြန် ကျချင်ပါသလား

လူတစ်ယောက်ရဲ့  ခန္ဓာကိုယ်ဟာ ရှိသင့်တဲ့ ကိုယ် အလေးချိန်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ခြင်းကို အ၀ လွန်တယ်လို့  ခေါ်ပါတယ်။ BMI(ခေါ်)Body Mass Index တွက်ချက် နည်းဖြင့် အ၀လွန်ခြင်း ရှိ/မရှိကို (BMI = ခန္ဓာကိုယ် အလေးချိန် ကီလိုဂရမ် ÷ အရပ် အမြင့်မီတာ2) နည်းဖြင့် စစ်ဆေး နိုင်ပါတယ်။ အကယ် ၍ BMI အဖြေဟာ ၂၅ နှင့် ၂၉.၉၀ ထွက်ရှိပါက ကိုယ် အလေးချိန် ပိုနေတြာ ဖစ်ပြီး၊ BMI အဖြေဟာ ၃၀ ဖြစ်နေပါက Over Weight(ခေါ်)ကိုယ်အလေး ချိန်မြင့် တက်နေပါပြီ။ အကယ်၍ BMI အဖြေဟာ ၃၀ နှင့် ၄၀ ကြားရှိနေပါက Obese(ခေါ်) အ၀လွန် နေတာဖြစ်ပြီး၊ BMI အဖြေဟာ ၄၀ နှင့် အထက်ဖြစ်နေပါက Very Obese/Morbidly Obese(ခေါ်) အဆမတန် ၀နေပြီ မို့  အသက် အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။

အစာအိမ်ဆိုတာ ပါးစပ်ထဲမှ သွင်းလာသော အရည်နှင့် အစားအစာမှန်သမျှကို ရွေးချယ်၍လည်း မရ၊ ရှောင်ဖယ်လို့ လဲ မစွမ်းတာကြောင့် ၀င်လာသမျှ ပူ-အေး-ချို-ချဉ်-ဖန်-ခါး-စပ် အစားအသောက် အားလုံးကို အစာအိမ်က အမှိုက် ပုံးကြီး သဖွယ် လက်ခံနေရပါတယ်။ လူနေမှုပုံစံ တိုးတက်ခေတ် မှီလာသည့်အလျှောက် fast food(ခေါ်) အသင့်စား လွယ်ကူ လျှင်မြန် အစားအသောက်တို့ ကို လက်တကမ်းမှာ လွယ်လင့်တကူ ၀ယ်ယူရရှိခြင်း၊ အထူး သဖြင့် အခြေခံနှင့်အလယ် အလတ်လူ တန်း စားများမှာ အချိန်ကုန်/ငွေကုန်ခံပြီး Gym၊ ယောဂ၊ လေ့ကျင့်ခဏ်း မယူနိုင်ဘဲ စားဝတ်နေေ ရး အတွက် ရုန်းကန်နေရခြင်း၊ လုပ်ငန်းသဘော သဘာဝအရ အထိုင်များခြင်း၊ ဆယ်ကျော်သက် နှင့် လူလတ်ပိုင်းများမှာလည်း ကွန်ပြူတာ၊ ဂိမ်း၊ ချက်တင် တို့ ဖြင့် အင်တာနက်ထိုင်အချိန်ဖြုန်ြး ခင်း များကြောင့် ၀ိတ်တက်အဆီပိုလာ ကြပါတော့ တယ်။ ၀လာဖို့ လွယ်ကူသလောက်၊ နဂိုအ တိုင်း ကိုယ်အလေး ချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းဘို့ အလွန်ခက်ခဲပါတယ်။ ဒ့ါပြင် အ၀လွန်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြန်းခြင်း၊ အရိုးနှင့်အရိုး နုများ ပျက်စီးရောင်ရမ်းခြင်းတို့ အပြင် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ နောက်ဆက် တွဲရောဂါများ ခံစားရနိုင်ပါတယ်။

< ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ >

(၁) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက ကြွက်သားများကျစ်လစ်၍ ၀ိတ်ကျစေတဲ့အပြင်၊ နှလုံး နှင့် အဆုတ် ကို အားကောင်းစေခြင်း/အရိုးသန်မာစေခြင်း/စိတ်ဖိစီးမှုလျော့ကျပြီးနှစ်ခြိုက်စွာ အိပ်မော ကျစေခြင်း/မိသားစု-မိတ်ဆွေသူ ငယ်ချင်းများဖြင့် အတူတူလေ့ကျင့်ခဏ်းကစားခြင်း ကလည်း စည်းလုံးညီညွတ်မှု တိုးပွားလာစေပါ တယ်။ (၂) တကူး တက လေ့ကျင့်ခဏ်းယူဖို့ အချိန် မပေးနိုင် သူများအနေခြင့် နေ့ တဓူဝပုံမှန်လှုပ်ရှားမှုများကို လေ့ကျင့်ခဏ်းဆန်ဆန် ခပ်သွက် သွက် လမ်းလျှောက်ခြင်း၊ လိုရာခရီးမရောက်မှီ ဘတ်စ်ကား ၃-မှတ်တိုင်ခန့် ကြိုဆင်းပြီး လမ်းေ လျှာက်ခြင်း၊ ဓာတ်လှေကား စက်လှေခါးများမသုံးဘဲ ခြေထောက်ဖြင့်အတက်ဆင်းပြုလုပ်ခြင်း၊ အထိုင်လျော့ခြင်း၊ ဖြစ်နိုင်လျှင် မတ် တပ်ရပ်၍အလုပ်လုပ်ခြင်း၊ ယုတ်စွအဆုံး မတ်တပ်ရပ်၍ တယ် လီဖုန်းပြောခြင်း စသည်ဖြင့် ပုံစံပြောင်းကြည့်လိုက်ပါ။

< ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ >

(၁) တထိုင်တည်းအ၀စားခြင်းထက် နည်းနည်စီခွဲ၍ ဗိုက်ပြည့်ရုံသာ မကြာခဏစားပါ။ အစာကို ကျေညက်အောင် ၀ါးစားပါ။ ထို့  ပြင် နှမြောစာ၊ အားနာစာ၊ မသထှာရေစာ တို့ ကို ရှောင်ပါ။ (၂) ရေများများသောက်ပါ။ (၃) အစိမ်းရောင် ဟင်းသီးဟင်းရွက် များနှင့် အရည်ရွှမ်းသော အော်ဂဲ နစ်သစ်သီး များစားပါ။ (၄) အဆီထုတ်ထား သော နွားနို့ /ဒိန်ချဉ်၊ ပရိုတင်းဓာတ်ပါသော အနီ ရော င်အသား၊ အဆီများသောငါး၊ အရေ ခွံမပါသောကြက်သား၊ ပဲအမျိုးမျိုး၊ နှံထွက်အစားအစာမျာြး ဖစ်ကြ တဲ့ ဂျုံပေါင်မုန့် ၊ ဆန် လုံးညို တို့ ကိုစားပါ။ (၅) အချိုမပါသော လ္ဘက်ရည် နှင့် နို့ ကရင်မ် မပါသော ကော်ဖီသောက်ပါ။ (၆) စပျစ်ဝိုင်အနီရောင် တစ်နေ့  တစ်ခွက် ပုံမှန်သောက်သုံးခြင်း (သို့ မ ဟုတ်)အရောင်ရင့်ရင့် စပျစ်သီးများကို အစေ့အခွံများပါ ၀ါးစားခြင်းကလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး အဆီ ကျစေပါတယ် (၇) ကွေကာအုတ်အကြမ်း က ကိုလက်စထရောပမာဏကို ထိန်းညှိပေးတဲ့အပြင် အမျှင် ဓာတ် များပြီး အဆာပြေစေလို့ ဖြည့်စွက်စာအဖြစ် စားပေးနိုင်ပါ တယ်။ (၈) နည်းနည်းလေးစားရုံဖြင့် ပရိုတင်းများများ ရနိုင်တဲ့ ကြက်ဥက၊ ခန္ဓာကိုယ်ကြွက်သား များကို ကျစ်လစ်စေပါတယ်။ (၉) အစိမ်းရောင် ငရုပ်ချိုသီးပွများက ခန္ဓာကိုယ်ဆဲလ်များ ဖွံ့ ဖြိုး ကြီး ထွားစေပြီး၊ ကယ်လိုရီများကို လျှင်မြန်စွာလောင်ကျွမ်းစေလို့  ကိုယ်ရေစစ်သွားစေ ပါတယ်။ (၁၀) အနက်ရောင် ချောကလက် များက အဆီများကိုလောက်မြိုက်၍ သွေးထဲရှိ ကိုလက်စထရောကို ချပေးပါတယ်။

< ရှောင်ရန် အစားအစာများကို လိုက်နာပါ >

(၁) ပြည့်ဝဆီတိုက်ရိုက်ပါရှိတဲ့ ကြက်-ဘဲအရေခွံများနှင့် ခြေလေးချောင်းသားအဆီများ၊ ၀က်အူချောင်း/စည်သွတ် ဗူး/ ဟော့ဒေါ့/အသား လုံး …စသည်ဖြင့်ပြုပြင်ထားသော အရန်သင့်အစားအစာ များ၊ အုန်းနို့ /စားအုန်းဆီများနှင့် ထိုအဆီ တို့ ဖြင့်ချက်ပြုတ်ထားသော ဟင်းလျာများ နှင့် ဒိုးနတ် သွားရည်စာတို့ကို ရှောင်နိုင်လေကောင်းလေပါဘဲ။ (၂) margarines(ခေါ်)ထောပတ်တုများ၊ ကရက်ကာ/ ကွတ်ကီးစ်/ပေါင်မုန့် စသည့် မုန့် ဖုတ်သွားရေစာများ၊ အာလူးအ ကျွတ်ကြော်/ြ ကက်ေ ကြာ် အပါအ၀င် ဆီကြော်မုန့်  အမျိုးမျိုး တို့ ကလည်း ပြည့်ဝဆီသွယ်ဝိုက်သော နည်ြး ဖင့်ပါရှိ တဲ့အတွက် အလွန်အကျွံမစားသင့်ပေ။ (၃) ကိုလက်စထရောတက်စေတဲ့ ကြက်ဥ-ဘဲဥ အနှစ်၊ ကြက်-ဘဲ-၀က်-အမဲ စသည့်တိရိစ္ဆာန်ကလီစာများ၊ အဆီမထုတ်ထားတဲ့ နွားနို့ နှင့် အဆီ မလိုင်ပြည့် နို့ ထွက် ပစ္စည်းများဖြစ်ကြသော ထော ပတ်/ကရင်မ်/ချိစ်(ခေါ်)ဒိန်ခဲများ စားသုံးမှုရှောင် ကျဉ်ကြပါ။ (၄) သံလွင်ဆီက နှလုံးကိုအား ကောင်းစေသလို ကျမ္မာ ရေးတွက် ဘက်စုံကောင်း မွန်ပါသော်လဲ၊ ကယ်လိုရီများစေတတ်လို့  များများမစားသင့်ပါဘူး။ (၅) သစ်ကျားသီး၊ သစ် အယ် သီး များက ဦးနှောက်အားကောင်းစေပေမယ့် အလွန်အကျွံ စားရင် ကယ်လိုရီမြင့်တက်ေ စပါ တယ်။ (၆) ထော ပတ်ဖြင့်လှော်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်များကိုလည်း သင့်တင့်ရုံလောက် စားပေးပါ။

< အိမ်တွင်း ကုထုံးလေးများကို အားကိုးပါ >

(၁) လ္ဘက်စိမ်းက ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံး ဆေးမြီး တိုတစ်ခုပါ။ လ္ဘက်စိမ်း ရေနွေး ကြမ်း တစ်နေ့  ၂-ခွက်သောက်ပေးခြင်းဖြင့် အကျိုးထူးကို ခံစားရပါလိမ့်မယ်။ (၂) သက်တမ်း တစ်နှစ်ရှိတဲ့ ဘသာဝပျားရည် စစ်စစ် က ကိုယ်အလေးချိန် နှင့် အဆီ ပိုများကျစေ တဲ့အေ ကာင်း ဆုံးဆေးတစ် ခွက်ဖြစ်လို့ ၊ နံက်စောစောတွင် ပျားရည်ကို ရေခပ် နွေးနွေးဖြင့်သောက်ပါ။ (၃) ဂေါ်ဖီထုပ်ကလည်း ၀ိတ်ကျစေတဲ့ အကောင်းဆုံး ဟင်းသီးဟင်း ရွက် လေးဖြစ်လို့  မကြာ ခဏ ဟင်းချိုချက်သောက်ပါ။ (၄) နံက်စောစော ခရမ်းချဉ်သီး အလုံးလိုက် ၀ါးစားခြင်းက ၃-လတာအတွင်း ပိုလျှံသော အဆီများကို လောင်ကျွမ်း၍ သိသိသာသာ ၀ိတ်ကျစေပါတယ်။ (၅) ဟင်မွှေးရွက် ၁၀ ရွက်ခန့် ကို ၄-လကြာ နေ့ စဉ် ရက်ဆက်စားပေးခြင်းဖြင့် အကျိုးထူးခံစားရပါလိမ့်မယ်။ (၆) သံပုရာရည်-ငရုပ်ကောင်းမှုန့် -ပျားရည် တို့ ဖြင့်ရော စပ်ထားတဲ့ ဖျော်ရည်ကို တနေ့ တစ် ခွက်နှု န်းဖြင့် ၄-လ ခန့် ကြာအောင် သောက်ပေးပါ။ (၇) ဂျင်း နှင့် သံပုရာသီးစိပ် ထဲ့၍ ပြုတ်ေ သာက်ခြင်းက အဆီပိုများကျစေတဲ့အပြင်၊ မကြာခဏ အစာစားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်။ (၈) ပူစီနံ ရွက် နှင့် မုန်လာဥနီ တို့ က အဆီကျစေလို့  မကြာခဏစားပေးပါ။ (၉) အဆီပိုများလျှင်မြန် စွာကျစေရန် ရေနွေးဆူဆူ ခွက်ထဲသို့  သံပုရာသီးကို ထက်ခြမ်းခြမ်းအရည်ညှစ်ပြီး အခွံပါ ရောထဲ့ ၍ေ သာက်ပါ။ (၁၀) ပန်းသီး(သို့ မဟုတ်)သစ် တော်သီး ၂-လုံး နေ့ စဉ်စားပေးခြင်းက ခန္ဓာကိုယ် တွင်း အဆီဆဲလ်များကိုလျော့ချပစ်ကာ ကယ်လိုရီ ၁၀၀ လောင်မြိုက် စေတယ်လို့  ၀ါရှင်တန် နှင့် ဘရာဇီးလ် ဆေးသုတေသီများက အကြံပြုထားပါတယ်။ (၁၁) အဆီကျ၍ ကိုယ် အချိုးအစား ကျစ်လစ်စေရန်အတွက် ဂျုံမြက်ဖျော်ရည်ကလည်းအားကိုးလောက်ပါတယ်(အသင့်သောက် ဂျုံမြက်(ခေါ်)Wheat Grass ဖျော်ရည်ဗူးများကို City Mart ဆိုင်တွေမှာ ၀ယ်ယူ ရရှိနိုင်ပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...