အမေရိကန်တွင် အမျိုးသားတဦး သမီးနှင့်မြေး ၆ ဦးလုံးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးဟာ သူ့သမီးနဲ့ မြေး ၆ ဦးကို သေနတ်နဲ့ ပစ်သတ်အပြီး သူ့ကိုယ်သူ သတ်သေမှု စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ခဲ့တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

ဒွန်စပိရစ်လို့ အာဏာပိုင်တွေက သိထားတဲ့ သံသယ ရှိသူဟာ ၉၁၁ အရေးပေါ်ဖုန်းကို ခေါ်ခဲ့အပြီး အခင်းဖြစ် ရာကို ငြိမ်ဝပ်ပိပြားရေး အရာရှိတွေ ရောက်လာချိန်မှာ သူကိုယ်သူ သတ်သေခဲ့တာပါ။

သက်ဆိုင်ရာက အိမ်ကိုရှာဖွေရာမှာ အိမ်ထဲမှာ သေနတ်ဒဏ်ရာတွေကြောင့် သေပုံရတဲ့ အလောင်းတွေကို တွေ့ခဲ့ တယ်လို့ ဂီလ်ခရစ်မြို့ ငြိမ်ဝပ်ပိပြားရေး အရာရှိက ပြောပါတယ်။

သံသယရှိသူ စပိရစ်ဟာ နယူးဂျာစီပြည်နယ်သား ဖြစ်ပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ရိုက်နှက်မှုနဲ့ ကလေးတယောက်ကို စားစရာနေစရာမပေးဘဲထားမှုတွေ အပါအဝင် ရာဇဝတ်မှုသမိုင်းကြောင်းတွေ အတွဲလိုက် ရှိသူ ဖြစ်ကြောင်း မှတ်တမ်းတွေက ဖော်ပြပါတယ်။

၂၀၀၁ ခုနှစ်တုန်းကလည်း ၈ နှစ်အရွယ် သူ့သားကို ပစ်သတ်ဖူးပြီး အမဲလိုက်တမ်း ကစားရာက မတော်တဆ ဖြစ်တာလို့ ဆုံးဖြတ်ကြောင်း အော်လန်ဒိုစန်တီနယ်လ် သတင်းစာက ဖော်ပြဖူးပါတယ်။


DVB News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...