ထိပ်ပြောင်ခြင်း ကုသနည်းသစ်
ဒေါက်တာ ရာဖေးကလိုင်းနက် ဦးဆောင်တဲ့အဖွဲ့ဟာ လူများတွင် ဆေးစမ်းခဲ့ ကြပါတယ်။ ““အကယ်၍ ဆေးဟာ အောင်မြင်စိတ် ချပြီဆိုရင် ရောဂါအတွက် တစ်သက်လုံး အကျိုး ပြုတော့တာပါပဲ။ အခုဆေးစမ်းသပ် ရင်းနဲ့ ကျွန်တော်တို့ ထိပ်ပြောင်ခြင်း ဆိုတဲ့ ရောဂါကို ကုသနိုင်တော့မှာပါ””ဟု ဒေါက်တာ ရာဖေးကပြော ပါတယ်။ ထိပ်ပြောင်ခြင်းသည် ခုခံအားစနစ်က ဆံပင်၏် follicles ဆဲလ်တွေ ကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်ရပါ တယ်။ လွန်ခဲ့သော ၄နှစ်က ထိပ်ပြောင်သူ ၁၀၀၀ကိုလေ့လာခဲ့ရာ ခုခံအားစနစ် မှာ ရှိတဲ့T cell တွေက ဆံပင်ရဲ့ follicles ဆဲလ်တွေကို တိုက်ခိုက် ကြောင်း တွေ့ခဲ့ရပါတယ်။
မာဃ
Ref;MNT
ရိုးတွင်း ခြင်ဆီရောဂါတွင် အသုံးပြုသောRuxolitinib နှင့် အဆစ်ရောင် ရောဂါတွေသုံးသော Tofacitinib ဆေးတွေကို ထိပ်ပြောင်ရောဂါ ပြုလုပ်ထားတဲ့ ကြွက်တွေကိုပေးပြီး စမ်းသပ်ခဲ့ကြရာ ၁၂ပတ်အတွင်း ဆံပင်ပြန် ပေါက်လာသည်ကို တွေ့ရ ပါတယ်။ Ruxolitinib ဆေးဟာ ထိပ်ပြောင်လူနာများအတွက် ၄လ ၅လအတွင်း ဆံပင်ပြန်ပေါက်စေနိုင် ပါတယ်။ ထိုဆေးပေးလိုက်တဲ့အခါမှာ T cell တွေကဆံပင် follicles ဆဲလ်တွေကို တိုက်ခိုက်ခြင်း မရှိကြောင်း တွေ့ရလို့ အနာဂတ်တွင် ထိပ်ပြောင် ရောဂါတွင်ပါ အသုံးပြုကုသနိုင် တော့မည် ဖြစ်ပါသည်။
မာဃ
Ref;MNT
Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook