လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ခြင်းက ကျန်းမာရေး ထိခိုက်နိုင်
လေ့လာမှုတစ်ခုက လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး၊ တစ်ရက်လျင် လေးမိုင်နှင့်အထက် အပြေးလေ့ကျင့်ခြင်းက ကျန်းမာ ရေး အတွက် အန္တရာယ် ရှိစေနိုင်သည်ဟု သတိပေးခဲ့သည်။
ထို့ပြင် ယှဉ်ပြိုင်၍ပြေးခြင်းများ က နှလုံးရောဂါကိုပိုမိုဆိုးဝါးစေသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်သူများက တစ်ပတ်လျင် နှစ်နာရီခွဲခန့် အတန်ငယ်ပြင်းထန်သည် လေ့ကျင့်ခန်းလုပ်ပေးခြင်း (သို့မဟုတ်) အပတ်စဉ် ၇၅ မိနစ် ခန့် လေ့ကျင့်ခန်းပြင်းပြင်းထန်လုပ်ခြင်းက ပုံမှန်နှလုံးနှင့် ကျန်းမာသော ခန္ဓာကိုယ်ရရှိရန် လုံးလောက်ပြီဖြစ် ကြောင်း အကြုံပြုခဲ့သည်။
အပိန်လေး
Ref;Medindia
လေ့လာသူများက နှလုံးရောဂါ (့heart attack) ကြောင့် အပြင်းအထန်ခံ စားခဲ့ရပြီး အသက်ရှင်နေသူ ၂၄၀၀ အား လေ့လာခဲ့ပြီး၊ ရလဒ်များအရ ထိုသူများတွင် လေ့ကျင့်ခန်း များများ လုပ်လေ၊ နှလုံးရောဂါကြောင့် သေဆုံးမှု ပိုနည်းလေဖြစ်သည်ဟု တွေ့ခဲ့ ကြသည်။ သို့သော် ယင်း လေ့ကျင့်ခန်း လုပ်မှု ဆိုသည်မှာလည်း အတိုင်း အတာတစ်ခုထိသာ ဖြစ်ပြီး၊ ယင်း သတ်မှတ်ချက်ထက် ကျော်ပါက ကျန်းမာရေးကို ထိခိုက်စေကြောင်း သိရသည်။ ရလဒ်တွေအရ တစ်ပတ် ကို မိုင် ၃၀ (48km) ထက်ကျော်ပြီး အပြေးလေ့ကျင့်ပါက ကျန်းမာရေး အတွက်အကျိုးရှိမှုများ စတင်ကျဆင်း လာကြောင်း တွေ့ရသည်။ လမ်း လျောက် လေ့ကျင့်သူများ၌ တစ်ရက် လျင် ၆.၅ မိုင် (သို့) တစ်ပတ်လျှင် ၄၆ မိုင်လေ့ကျင့်ပါက နှလုံးသွေး ကြောရောဂါ ရနိုင်ခြေ ပိုများလာစေ ကြောင်း သိရသည်။
ထို့ပြင် ယှဉ်ပြိုင်၍ပြေးခြင်းများ က နှလုံးရောဂါကိုပိုမိုဆိုးဝါးစေသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်သူများက တစ်ပတ်လျင် နှစ်နာရီခွဲခန့် အတန်ငယ်ပြင်းထန်သည် လေ့ကျင့်ခန်းလုပ်ပေးခြင်း (သို့မဟုတ်) အပတ်စဉ် ၇၅ မိနစ် ခန့် လေ့ကျင့်ခန်းပြင်းပြင်းထန်လုပ်ခြင်းက ပုံမှန်နှလုံးနှင့် ကျန်းမာသော ခန္ဓာကိုယ်ရရှိရန် လုံးလောက်ပြီဖြစ် ကြောင်း အကြုံပြုခဲ့သည်။
အပိန်လေး
Ref;Medindia
Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook