အာမခံကြေး ရယူလိုတာမို့ ဇနီးဖြစ်သူနဲ့ သားဖြစ်သူကို သတ်ပစ် ခဲ့တဲ့သူ

အေသင်အောင်

အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ နေထိုင် တဲ့ အသက် (၅၂) အရွယ်ရှိ ကာလ်ဆန်ဟာ အာမခံ ကြေး ရယူလိုတာကြောင့် ဇနီးဖြစ်သူနဲ့ သားဖြစ်သူကို သတ်ဖြတ် ခဲ့တယ်လို့ သိရှိရပါတယ်။ ကာလ်ဆန်ဟာ ၂၀၀၈ မှာ သားဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ကာလ်ဆန် ကို မေးမြန်းမှုတွေပြု လုပ်ရာမှာ အာမခံကြေး ရယူလို တာမို့ သားဖြစ်သူကို သတ်ပစ်ခဲ့တယ်လို့ ထွက်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကာလ်ဆန်ဟာ ဒီလိုမှုခင်းမျိုးကို ၁၉၉၁ ကလည်း ကျူးလွန်းခဲ့ဖူးပါတယ်။ အဲဒါကတော့ သူ့ရဲ့ ပထမဆုံး ဇနီးဖြစ်သူကို သတ်ပစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒီ တုန်းက ကာလ်ဆန်ရဲ့ ဇနီးဖြစ်သူဟာ အသက် (၃၀)နှစ်သာရှိ ပါသေးတယ်။ ကာလ်ဆန်ဟာ အာမခံကြေး ရယူလိုတာမို့ နေအိမ်ကိုမီးရှို့ ပြီး ဇနီးဖြစ်သူကို လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူဟာ ရေချိုးခန်း အတွင်းမှာ မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ပေမယ့် ကာလ်ဆန်နဲ့ သားသမီး (၃)ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ ပါတယ်။ ကာလ်ဆန်ဟာ အာမခံကြေး ထားရှိခဲ့တာမို့ လျော်ကြေးငွေ ဒေါ်လာ (၂) သိန်းနီးပါး ရရှိသွားခဲ့ပါတယ်။ ကာလ်ဆန်ဟာ အာမခံကြေး ရယူလိုတာမို့ သားဖြစ်သူကို ထပ်မံသတ်ဖြတ်မှု ပြုလုပ်ခဲ့ပါတယ်။ သားဖြစ်သူ ကိုတော့ ကာလ်ဆန်က ပုံစံတစ်မျိုးနဲ့ သတ်ဖြတ်မှု ပြုလုပ်ခဲ့ပါတယ်။ အလုပ်လုပ်နေစဉ် အတွင်းမှာ ကားမတော်တဆ ဖြစ်မှုပုံစံမျိုးနဲ့ သေဆုံးအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သားဖြစ်သူ သေဆုံးခဲ့ရင် ကာလ်ဆန် အနေနဲ့ အာမခံလျော်ကြေး ဒေါ်လာ (၇) သိန်းနီးပါးရရှိမှာ ဖြစ်ပါတယ်။ ကာလ်ဆန်ဟာ သူ့ရဲ့လုပ်ရပ်တွေကို ပြီးခဲ့တဲ့ နှစ်မှာ ၀န်ခံထွက်ဆိုမှု ပြုလုပ်ထားပါတယ်။ ကာလ်ဆန်ဟာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံရဖို့ ရှိနေပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...