အမျိုးသမီးတွေအတွက် စူပါအစားအစာ

အိမ်ထောင်မှုကို ထိန်းသိမ်း၊ သားသမီးတွေကို စောင့်ရှောက်၊ ဈေး ၀ယ်၊ ချက်ပြုတ်၊ သန့်ရှင်းရေး လုပ်စတဲ့ အလုပ်များတဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းနေ ရတဲ့ အမျိုးသမီးတွေဟာ သူတို့ကျန်းမာရေး အတွက် မေ့လျော့ နေကြတဲ့အတွက် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစွာ နေထိုင် လုပ်ဆောင်သွားနိုင်ဖို့ စားပေး သင့်တဲ့ စူပါအစားအစာတွေ အကြောင်း မျှဝေပေးချင် ပါတယ်။

အမျိုးသမီးတိုင်း အတွက် ဗီတာမင်ဘီ၊ စီ၊ ဒီ၊ အသားဓာတ်၊ သံဓာတ်၊ ဖောလစ်အက်စစ်၊ ခရိုမီယမ်၊ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ အမျှင်ဓာတ်၊အင်ဇိုင်းမ်စတာတွေက လိုအပ်ပါတယ်။ အဆီဓာတ်နည်းပြီး ကယ်လစီ ယမ်နဲ့ ပရိုတင်း ဓာတ် များများပါတဲ့ ဒိန်ချဉ်ကို ရွေးချယ်စားရမှာပါ။ ကျန်း မာတဲ့သွား၊ သန်စွမ်းတဲ့ ကြွက်သားတွေနဲ့ ကြံ့ခိုင်တဲ့ အရိုးတွေ ပိုင်ဆိုင် နိုင်ဖို့ ဖြစ်ပါတယ်။ ဂရိဒိန်ချဉ်ဟာ ရင်သားကင်ဆာ၊ အစာအိမ်ရောဂါ တွေနဲ့ အမျိုးသမီးအင်္ဂါ ရောဂါပိုးဝင်တာတွေကို ကာကွယ်နိုင်တယ်လို့ ဆို ပါတယ်။ နောက်ပြီး အမျိုးသမီးဟော်မုန်းအားကောင်းစေတဲ့ အနီရောင် ပဲတွေကလည်း အမျိုးသမီးတွေအတွက် လိုအပ်တဲ့အစားအစာတစ်ခုပါ။ နှလုံးရောဂါကို ကာကွယ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်း ညှိပေးနိုင်ပါတယ်။ ဒေါက်ခွရွက်ကလည်း ဗီတာမင်စုံပါတာကြောင့် နှလုံး၊ အရေပြား၊ မျက်စိ၊ အရိုးနဲ့ အသည်းအတွက် ကောင်းကျိုးပြုပါတယ်။

ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ထော ပတ်သီးတွေဟာလည်း အမျိုးသမီးတွေ စားပေးဖို့လိုအပ်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ ထောပတ်သီးဆိုရင် ဦး နှောက်ကျန်းမာရေးအတွက် ထောက်ကူတဲ့အပြင် အသားအရေ တွန့်တာ၊ အရေးအကြောင်းပေါ်တာတွေပျောက်ကင်းပြီး အရေပြားကျန်းမာဖို့ ကူညီပေးပါတယ်။ ခရမ်းချဉ်သီးဆိုရင်လည်း ကင်ဆာရောဂါတွေနဲ့ အရေပြားနေလောင်တာတွေကို ကာကွယ်ပေးပါတယ်။ စတော်ဘယ်ရီကတော့ ဗီတာမင်စီနဲ့ ပိုတက်စီယမ်ကြွယ်ဝတာကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

ဦးနှောက်နဲ့ သွေးကြောဆိုင်ရာစနစ်တွေကို ထောက်ကူပေးနိုင်တဲ့ အိုမီဂါ (၃) ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါးတွေကလည်း အမျိုးသမီးတွေစားပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးတာတွေ၊ မှတ်ဉာဏ် ချို့ယွင်း တာတွေနဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး ကိုယ်ဝန်ဆောင်တွေကိုလည်း ကျန်းမာရေး ကောင်းမွန် စေပါတယ်။

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိအပြည့်အ၀ပါတဲ့ အနက်ရောင်ချော ကလက်တွေကလည်း အမျိုးသမီးတွေ လက် မလွှတ်သင့်တဲ့ စားစရာ တစ်ခုပါ။ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စ်ဖရက်နဲ့ ကြေးနီဓာတ်တွေပါတာ ကြောင့် အရိုး ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ နောက်ပြီး အမျိုးသမီးတွေနေ့စဉ်စားရေမယ့် စာရင်းထဲမှာ အယ်မွန်စေ့ လည်း ပါပါတယ်။ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး ကင်ဆာတို့၊ နှလုံးရောဂါ တို့ကိုလည်း ကာကွယ်နိုင် ပါတယ်။ ကိုယ်အလေးချိန်လျှော့ချသူတွေအ တွက်လည်း ကောင်းကျိုးပြုပြီး ဗိုက်အဆီစုတာတွေကိုလည်း ကာကွယ် နိုင်ပါတယ်။ နောက်တစ်ခုကတော့ သံလွင်ဆီပါ။ သံလွင်ဆီမှာ အူ၊ ရင်သားနဲ့ အရေပြားကင်ဆာတွေမဖြစ်အောင် ကာကွယ်နိုင်တဲ့အစွမ်း သတ္တိရှိပြီး အဆစ်ရောင်နာတွေကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါ တယ်။

အမျိုးသမီးတွေအနေနဲ့ ဒီလိုစူပါအစားအစာတွေလည်း စားရင်း တစ်နေ့ကို မိနစ် (၃၀)လောက် ကိုယ်လက် လေ့ကျင့်ခန်းလေးလုပ်၊ အိပ် ချိန် တစ်နေ့ (၇)နာရီကနေ (၈)နာရီလောက်ထိ အိပ်ပေးပြီး သက်ရှည် ကျန်းမာတဲ့ ဘ၀ကို ဖန်တီးယူကြရအောင်ပါ။ 


Ref:stylecraze.com
7Day Daily
No.506 Friday, September 19, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...