သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ



သွေးထဲတွင် လုံလောက်သော သွေးနီဥ အရေအတွက် မရှိခြင်းအဖြစ် လူသိပိုများသော သံဓာတ် ချို့တဲ့မှုကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီး သန်းပေါင်းများစွာ ဝေဒနာခံစား နေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အာဟာရ လုံလောက်ခြင်း မရှိသဖြင့် အလွန်မောပန်းနွမ်းနယ်ခြင်း၊ စွမ်းအင်နည်းပါးခြင်းနှင့် အလုပ်စွမ်းဆောင်ရည် နည်းပါးမှုတို့ ဖြစ်စေသည်။ ယင်းပြဿနာများကို ဖြေရှင်းရန် သင်ပုံမှန်စားသော အစားအစာများတွင် အောက်ပါ အစား အစာများ ထည့်သွင်း စားသုံးလိုက်ပါ။

ဆန်လုံးညိုတွင်ပါဝင်သော သံဓာတ်က သွေးအားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်ပြီး အမျှင်ဓာတ်က ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။

မြင်းစားဂျုံတွင် သံဓာတ်အပြင် အခြားအာဟာရဓာတ်များစွာ ပါဝင်သည်။ နံနက်စာတွင် ဂျုံကြမ်းထည့်သွင်း စားသုံးခြင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်သည်။

အာလူးကို ကယ်လိုရီများသော ဟင်းသီးဟင်းရွက်တစ်မျိုးဟု လူ အများရှုမြင်ကြသော်လည်း သံဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ပုံမှန်စားသော အစားအစာများတွင် ထည့်သွင်း စားသုံးပေးသင့်သည်။

ပန်းဂေါ်ဖီစိမ်းများကို အလွန်စားလိုစိတ်ပေါ်မှသာရွေးချယ်စား သောက်လေ့ရှိကြသော်လည်း သံဓာတ်ချို့တဲ့ မှုဒဏ် ခံနေရသူများအတွက် အထူးကောင်းမွန်သော အစားအစာဖြစ်သည်။

စတော်ဘယ်ရီသီးများတွင် သံဓာတ်ပါဝင်သည့်အပြင် ခန္ဓာကိုယ်မှ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေအောင် ဆောင်ရွက်ပေးသည့် ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သည်။

အာဟာရဓာတ်များစွာပါဝင်သော ပဲစေ့များမှာ သံဓာတ်ချို့တဲ့သူများ သံဓာတ်ဖြည့်တင်းရန် ကူညီပေးနိုင်သည်။ ဒေါက်ခွရွက်တွင် သံဓာတ်အပြင် ဗီတာမင်စီလည်း ပါဝင်သဖြင့် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးနိုင်သည်။ ဘိုကိတ်ပဲများတွင်လည်း သံဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ ရွှေဖရုံစေ့များကို သရေစာအဖြစ် စားပေးခြင်းဖြင့် ခန္ဓာကိုယ်သံဓာတ်ကို မြှင့်တင်ပေးနိုင်သည်။ 


(JOI)
7Day Daily
No.506 Friday, September 19, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...