လက်ပြင်း ကျခြင်းအတွက် အထိရောက်ဆုံး လေ့ကျင့်ခဏ်းလေးများ

လက်မောင်းသားတွေ ပျော့အိတွဲကျ နေခြင်းကို လက်ပြင်း ကျတယ်လို့  ခေါ်ပါတယ်။ အဲဒီလို လက်ပြင်း ကျနေတဲ့အခါ၊ ဘယ်လိုမှ စတိုင်လ် မကျတော့ဘဲ၊ လက်မောင်းဖုံး အင်္ကျီတွေကိုသာ ၀တ်ရပါတယ်။ ဒိအတွက် စိတ်ညစ် မနေပါနဲ့ ။ အချိန်ကုန် ငွေကုန် ခံပြီး ကိုယ်ကာယ လေ့ကျင့်ရေး စင်တာတွေ သွားစရာ မလိုဘဲ၊ မိမိအိမ်မှာတင် အောက်ဖော်ပြပါ ရိုးရှင်း လွယ်ကူတဲ့ ပေါ့းပေါ့ပါးပါး လေ့ ကျင့်ခဏ်း (၄) မျိုးကို မှန်မှန် လုပ်ပေးရုံမျှဖြင့် လက်မောင်း သားလေးတွေ တင်းရင်းလှပ လာစေနိုင်ပါလိမ့်မယ်။

(၁) စက်ဝိုင်းလှည့် လေ့ကျင့်ခန်း။

ရှေးဦးစွာ မတ်မတ်ရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့် တန်းပါ။ ပြီးရင် အရှေ့ ဖက်သို့ လက်ကိုဆန့် ၍ စက်ဝိုင်း သဏ္ဍာန် လှည့် ၀ိုင်းပေးပါ။ ထို့ နောက် အနောက်ဖ က် သို့  လှည့်ဝိုင်းပါ။ ထိုသို့ အရှေ့ နဲ့ အနောက်ဖက်ကို ဟန်ချက်ညီညီ လှည့်ဝိုင်း တာ ကို ၁-ကြိမ်ဟု သတ်မှတ်ကာ၊ ဤနည်းအတိုင်း အကြိမ် ၂၀ လေ့ကျင့်ခန်းလု ပ်ပေး ပါ။ ဒီနည်းက လက်မောင်း၊ ပခုံး ၊ လည်ပင်းကြွက် သား၊ လက်ရုံးကြွက် သား နှင့် လက်မောင်းနောက်ဖက် ကြွက်သားစိုင်များကိုကို တင်းရင်း လာစေနိုင် ပါတယ်။

(၂) တာ့တာ ဘိုင့်ဘိုင် လေ့ကျင့်ခန်း။

ခြေထောက်ကို သက်သာအနေအထားဖြင့် မတ်တပ်ရပ်ပြီးနောက်၊ လက်နှစ်ဖက်ကို ပုခုံးနှင့်တတန်းတည်း ကျအောင် ဘေးသို့  ဆန့် တန်းလိုက်ပါ။ ပြီးရင် လက်ဖ၀ါးနှစ်ဖက်ကို အပေါ်သို့ ဆန့် ထောင်၍ တစ်စုံတစ်ယောက် ကို လက်ပြနှုတ်ဆက်သလို တာ့တာ ဘိုင့်ဘိုင်လုပ်ပါ။ လက်မောင်းကို လုံးဝအငြိမ်ထားရမှာဖြစ်ပြီး၊ လက်ဖ၀ါးေ တွ ကိုသာ လှုပ်ပေးရမှာဖြစ်ပါတယ်။ ၁-မိနစ်လျှင် အနည်းဆုံး အကြိမ် ၁၀၀ နှုန်းဖြင့် မြန်မြန်ဆန်ဆန် လက်ပြနှုတ် ဆက်ရတဲ့ လေ့ကျင့်ခဏ်းမျိုးပါ။ ဒီနည်းက လက်ေ မာင်းကြွက်သား တွေ ဆန့် တန်းကာ လက်ကောက်ဝတ်၊ လက်မောင်း၊ ပုခုံးသား ကြွက်သားတွေကို ညှစ်ပေးတာကြောင့် ထိုကြွက်သားတ၀ိုက် အဆီကျ အသားကျစ်စေနိုင် ပါတယ်။

(၃) ဦးချကန်တော့ လေ့ကျင့်ခန်း။

ခြေထောက်ကို သက်သာအနေအထားဖြင့် မတ်တပ်ရပ်ပြီးနောက်၊ လက်ဖ၀ါးနှစ်ဖက်ကို ကြာဖူးပုံသဏ္ဍန်လုပ်၍ မိမိခေါင်းပေါ် တည့်တည့် မိုးပေါ်သို့ ထောင် လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း လက်ကိုဆင်းလာကာ၊ ဦးချ ကန်တော့ ပုံစံလိုမျိုး ရင်ေ ခါင်းတည့် တည့်မှနေ၍ှ အရှေ့ ဖက်ဆီသို့  လက်နှစ်ဖက်ကို ဦးတည်ဆန့် ထား ပါ။ ကြာဖူးပုံ သဏ္ဍန် ကဲ့သို့ လက်အုပ်ချီထားရမှာ ဖြစ်ပါတယ်။ ဤနည်းအတိုင်း လက်မောင်းတွေကို တန်းတန်းဆန့် ၍ မိုးပေါ်ထောင် လိုက်၊ ရင်ခေါင်းတည့်တည့် ဦးတည်လိုက်ဖြင့် တစ်ခါ လုပ်ပြီးတိုင်း ၁-ကြိမ်ဟုသတ်မှတ်ကာ အကြိမ် ၃၀ လုပ်ပေး ပါ။ ဒီနည်းက လက်ရုံးကြွက်သား နှင့် လက်မောင်းနောက်ဖက် ကြွက် သားစိုင်များကို ထိရောက်စွာ ကျစ်လစ် သန်မာ စေပါတယ်။

(၄) လက်မောင်းဆန့် ထုတ် လေ့ကျင့်ခန်း။

ဦးစွာ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်၍၊ ဘယ်ညာ လက်ချောင်းလေးများကို အြ ပန်အလှန်ချိပ်ဆွဲလိုက်ပါ။ ပြီးရင် ဓာတ်ပုံမှာ ပြထားတဲ့အတိုင်း ညာလက်ဖြင့် ဘယ် လက်ချောင်းတွေကိုဆုပ်ကိုင်၍ လက်ျာဖက်သို့ ဦးခေါင်း၏ အနောက်ဖက်ကနေ ဆွဲ ချပါ။ ထို့ နောက် ၄င်းနှင့်ပြောင်းပြန် ဘယ်လက်ဖြင့် ညာလက်ကိုဆုပ်ကိုင်၍ လက် ၀ဲဖက်သို့  ဦးခေါင်း၏အနောက်ဖက်ကနေ ဆွဲချပါ။ ထိုသို့ လကျာ် လက်ဝဲ တလှ ည့် စီဆွဲချပြီးတိုင်း ၁-ကြိမ်ဟု သတ်မှတ်ကာ အကြိမ် ၂၀ လုပ်ပေးပါ။ ဒီနည်းက လက်ေ မာင်းနောက် ဖက် ကြွက်သားစိုင်များအတွက် အထိ ရောက်ဆုံးလေ့ကျင့်ခဏ်းဖြစ် တာကြောင့် မှန်မှန်လုပ်ပေးခြင်းဖြင့် လက်ပြင်းကျလက်မောင်း တွဲအိ နေတာတွေကို အချိန်တိုတွင်းမှာ တင်းရင်းလှပလာစေနိုင်ပါတယ်။

ဤကိရိယာလွတ် လေ့ကျင်းခဏ်းလေးတွေက အိမ်မှာနေရင်းသာမက၊ ခရီးသွားတဲ့ အခါဖြစ်စေ၊ လုပ်ငန်းခွင် သန့် စင်ခန်းထဲမှာ ဖြစ်စေ နေရာမရွေးအချိန်မခါမရွေး လုပ်နိုင်ပါတယ်။ ဇွဲရှိရှိနဲ့ သာ နေ့ စဉ်မှန်မှန် လုပ်ပေးသွားပါက၊ ရက်သတ္တ ၈-ပတ် ခန့် အတွင်း မှာပင် လှပလာတော့မည်ဖြစ်ပါကြောင်း။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်..ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...