အထက်တန်းပြ ဆရာ၊ ဆရာမ ၃,၆၀၀ ကျော် အောက်တိုဘာ ၁ ရက်အမီ ခန့်ထားမည်

အမှတ် (၁)အခြေခံ ပညာဦးစီးဌာန လက်အောက်ရှိ တိုင်းနှင့်ပြည်နယ် ၆ခုတွင် အခြေခံပညာ အထက်တန်း ပြဆရာ၊ ဆရာမဦးရေ ၃၆၀၀ ကျော်ကို အောက် တိုဘာ ၁ ရက်နေ့အမီ ခန့်ထားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ အထက်တန်းပြ ဆရာ၊ ဆရာမများ ခန့်အပ်ထား ရာတွင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး အလုပ်အမှု ဆောင်အဖွဲ့က တာဝန်ယူ၍ ဒေသအလိုက် လိုအပ် သည့် ဆရာ၊ ဆရာမများကို ရွေးချယ်ခန့်အပ်သွား မည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

‘‘အခုတစ်ခေါက်ကို သက် ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံး အလုပ်အမှုဆောင် အဖွဲ့တွေ ကိုယ်တိုင် ကိုယ့်ဒေသက ဆရာ၊ ဆရာမတွေကို တာဝန်ယူ၊ တာဝန်ခံပြီးတော့ ရွေးချယ်ခန့်ထားလို့ရမှာပါ။ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့တဲ့ အနေနဲ့ အောက်ခြေ ကို လုပ်ပိုင်ခွင့်ပေးတဲ့သဘောပါ’’ ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦး က ပြောသည်။

သက်ဆိုင်ရာမြို့နယ်တွင် အထက်တန်းပြဆရာ၊ ဆရာမအင် အား လိုအပ်နေသေးပါက ခရိုင် ပညာရေးမှူးရုံး၏ သဘောတူညီ ချက်ယူ၍ အခြားမြို့နယ်မှ ပိုလျှံမည့် အထက်တန်းပြဆရာ၊ ဆရာ မများကို ပြောင်းရွှေ့ခန့်အပ်ခွင့်ရှိ မည် ဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း အထက်တန်းပြဆရာ၊ ဆရာမအင်အားလို အပ်ပါက တိုင်းနှင့်ပြည်နယ်ပညာ ရေးမှူးရုံးများထံမှ သဘောတူညီ ချက်ရယူ၍ ပြောင်းရွှေ့ခန့်ထား ခွင့်ပြုမည်ဖြစ်ကြောင်း အမှတ် (၁)အခြေခံပညာ ဦးစီးဌာနမှ သိရ သည်။

ပညာရေးဘွဲ့(BED)စာပေး စာယူ ၂ နှစ်သင်တန်းဆင်းထား သည့် အလယ်တန်းပြဆရာ၊ဆရာ မများ၊ လုပ်သက် တစ်နှစ်(သို့) ဆယ်လရှိသည့် ပညာရေးတက္က သိုလ်ကျောင်းဆင်း အလယ်တန်းပြဆရာ၊ ဆရာမများ၊ အသက်(၆၀) ပြည့်ပြီး ပင်စင်ယူထားသော်လည်း ကျန်းမာရေး ကောင်းမွန်နေသည့် အထက်တန်းပြ ဆရာ၊ ဆရာမကြီးများအား တစ်နှစ် (သို့) ၂ နှစ်စာချုပ်ချုပ်ဆို၍ အထက်တန်းပြဆရာရာထူးခန့်အပ်ထားရှိမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံ ပညာ ဦးစီးဌာနမှ သိရ သည်။

လုပ်သက်ဆယ်လအတွင်း သို့ရောက်ရှိနေသည့် အဆိုပါအ လယ်တန်းပြဆရာ၊ ဆရာမများကို ကျောထောက် နောက်ခံပြုအ ထက်တန်းပြဆရာ၊ ဆရာမအဖြစ် ခန့်ထားမည်ဖြစ်သော်လည်း အလယ်တန်းပြ လစာသာရရှိ မည်ဖြစ်ပြီး လုပ်သက်တစ်နှစ်ပြည့်မှသာ အထက်တန်းပြဆရာလစာကို ပေးအပ်မည်ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနအဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။

အမှတ်(၁)အခြေခံပညာဦး စီးဌာနလက်အောက်တွင် ကရင် ၊မွန်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးတို့ ပါဝင်ပြီး အဆိုပါ ဒေသများတွင် လစ်လပ်နေသည့် အထက်တန်းပြဆရာ၊ ဆရာမ နေရာများအားအစားထိုးခန့် အပ်ပေးသွားမည်ဖြစ်ကြောင်းသိ ရသည်။ 


7Day Daily
------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...