တက္ကသိုလ်၊ ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြရာထူး ခန့်အပ်သော ပုံစံပြောင်း

တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်များတွင် နည်း ပြ၊ သရုပ်ပြ ရာထူးလျှောက်ထား လိုသူများ အနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း အဆင့် မြင့် ပညာဦးစီးဌာနက ကြေညာလိုက်သည်။

ပညာရေး ၀န်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြ ရာထူးနေရာလစ်လပ်လျက်ရှိပြီး လျှောက်ထားလိုသူများ အနေဖြင့် မိမိတာဝန် ထမ်းဆောင်လိုသော တက္ကသိုလ် သို့ တိုက်ရိုက်လျှောက်ထားနိုင် ကြောင်း ကြေညာ ထားခြင်း ဖြစ်သည်။

ယခင်က တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များတွင် နည်းပြ၊ သရုပ်ပြရာထူးလျှောက် ထားသူများသည် အဆင့်မြင့် ပညာဦးစီးဌာန၏ အစီအမံဖြင့် တာဝန်ကျရာဒေသများသို့ သွား ရောက် တာဝန်ထမ်းဆောင်ရ သောစနစ်ကို ကျင့်သုံးနေသည်။

တက္ကသိုလ်များအား ကိုယ် ပိုင် အုပ်ချုပ်ခွင့်ပြုရတော့မည့် အခြေအနေတွင် ဆရာ၊ ဆရာမ ခန့်ထားမှုကို အဆင့်မြင့် ပညာဦး စီးဌာန၏ စီမံမှုဖြင့် ဆောင်ရွက် နေရာမှ တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်များ၏ စီမံမှုဖြင့် ဆောင်ရွက်ခွင့်ပြုရန် စတင်လိုက် ခြင်းဖြစ်သည်။

‘‘အရင်ကတော့ သူတို့လွှတ် တဲ့နေရာမှာ သွားရောက်တာဝန် ထမ်းဆောင်ရတာပါ။ တက္ကသိုလ် တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေး ရတော့မယ်ဆိုတော့ အခု ဆရာ၊ ဆရာမခန့်တဲ့စနစ်ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်လို့ ထင်ပါတယ်’’ ဟု တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ ဆရာတစ်ဦးကပြော ကြားသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များသို့ နည်းပြ၊ သရုပ်ပြရာထူးအတွက် တိုက် ရိုက်လျှောက်ထားရန် အဆင့်မြင့် ပညာဦးစီးဌာနက ကြေညာထား သော်လည်း ရွေးချယ်ခန့်အပ်မှု နှင့် ပတ်သက်၍ ညွှန်ကြားချက် ထွက်လာမှုမရှိသေးကြောင်း ပါ မောက္ခချုပ်တစ်ဦးကပြောသည်။

‘‘လျှောက်တာကတော့ တက္ကသိုလ်တွေကို တိုက်ရိုက် လျှောက်ဖို့ ပြောထားတယ်။ ရွေး ချယ်ခန့်ထားမှုကတော့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ညွှန်ကြား မှုမရှိသေးပါဘူး’’ဟု တက္ကသိုလ် ပါမောက္ခချုပ်ကဆိုသည်။

နည်းပြ၊ သရုပ်ပြရာထူး လျှောက်ထား လိုသူများသည် လစ်လပ်လျက်ရှိသော တက္က သိုလ်၊ ကောလိပ်တွင် လျှောက် လွှာအခမဲ့ရယူ၍ မိမိတာဝန်ထမ်း ဆောင်လိုသော တက္ကသိုလ်၊ ကောလိပ်တွင် အောက်တိုဘာ ၁၅ ရက်နောက်ဆုံး ထားလျှောက် ထားနိုင်မည်ဖြစ်သည်။

အရည်အချင်း သတ်မှတ် ချက်အနေဖြင့် မဟာဘွဲ့ရရှိထား သူများသည် အသက် (၃၅) နှစ် အောက်နှင့် ပါရဂူ ဘွဲ့ရရှိထားသူ များသည် အသက် (၄၂) နှစ် အောက်ဖြစ်ရန် လိုအပ်ပြီး မိမိ လျှောက်ထားသော တက္ကသိုလ် တွင် အနည်းဆုံး သုံးနှစ်တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။ 


7 Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...