တင်းတိပ်ပြဿနာ အဖြေရှာ

အမျိုးသမီးတိုင်း လိုလိုမှာ ၀က်ခြံ၊ မှည့်ခြောက်များ ရှိတတ် ကြသော်လည်း၊ အမျိုးသမီးတွေ၏ မျက်နှာပြင် အလှအပကို အဆိုးရွားဆုံး ဖျက်ဆီးတတ်တဲ့ အရာကတော့ တင်းတိပ်ဘဲဖြစ် ပါတယ်။ 

တင်းတိပ်ဖြစ်ပေါ် လာရတဲ့ အကြောင်းများမှာ မသန့် ရှင်းသော အ၀တ်ဖြင့် မျက်နှာသုတ်ခြင်း၊ မ သန့် ရှင်းသော လက်ဖြင့်ပွတ်သပ် ကိုင်တွယ်ခြင်း၊ ဓာတုပစ္စည်းများပါဝင်သော မိတ်ကပ်၊ အိုင်းလိုင်နာ၊ ကာချယ်တို့  လိမ်းကျံ ပြီးနောက် မျက်နှာကိုသန့် စင်အောင် ဆေးကြောမှု အားနည်းခြင်း၊ နေရောင်ခြည် ပြင်းစွာသင့်ခြင်း၊ ဓမ္မာတာ မမှန်ဘဲ သွေးပုပ်သွေးညစ်များကျန်ခြင်း၊ နံ့ သာဖြူ လိမ်းခြင်း တို့ ကြောင့် ပျိုပျို အိုအိုတွေမှာ တင်းတိပ်ထွက်လာ ကြရပါတယ်။ သွေးဆုံးခါ နီးနှ င့် သွေးဆုံးပြီး စအရွယ်တွေမှာ ပျမ်းမျှအမျိုးသမီး ၁၀ ဦးတွင် ၆ ဦးခန့်  တင်းတိပ် ထွက်လာတတ်ပါ တယ်။ ဒါဟာ ဇရာဟို မုန်းပြောင်းလဲခြင်း ကြောင့်ပါဘဲ။

ဇရာဟိုမုန်းပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သွေးမဆုံးခင် အိမ်ထောင်သည် ဘ၀မှာလည်း တင်းတိပ်ထွက်တတ် ပါတယ်။ ဥပမာ (၁) ပဋိသန္ဓေတားဆေး (၂) အမျိုးသမီးဟော်မုန်းဆေး (၃) ဟေမိုဂလိုဘင်အားမြှင့် သွေးအား ကောင်းဆေး စသည့်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကလည်း တင်းတိပ်ဖြစ်စေဖို့  တွန်းအားဖြစ်လာနိုင်ပါတယ်။ (ဒါကြောင့် ဆရာဝန်နှင့်တိုင်ပင်၍ ဆေးညွှန်း ပြောင်းသောက်ပေး သင့်ပါတယ်)

အထက်ပါအကြောင်းများအပြင် ကိုယ်ဝန်ဆောင်ကာလ နှင့် ကလေးမီးဖွားပြီးနောက် လအတော် အတန်ကြာတဲ့ အထိ မိခင် လောင်း ၁၀-ဦး မှာ ၇-ဦးလောက်က မျက်နှာပေါ်မှာ တင်းတိပ် ဆန် ဆန် အညိုရောင်အကွက်လေးတွေ ပေါ်လာတတ်ပါတယ်။ ထိုပြဿ နာများကတော့ (၁) ကိုယ် ၀န်ေ ဆာင် သဘာဝ ဟိုမုန်းဓာတ်ပြောင်းလဲခြင်း (၂) ကိုယ်ဝန်ဆောင် အားဆေးအချို့ ရဲ့  ဟိုမုန်း တန်ြ ပန်သက်ရောက်မှု (၃) ဖောလစ်အက်ဆစ်ပမာဏကို လိုအပ်တာ ထက်ပို၍ သောက်သုံးမိခြင်း ...စသည်တို့  ကြောင့်ဘဲဖြစ်ပါတယ်။ သို့ သော် ထိုတင်းတိပ်များက များမကြာမီအ ချိန်တွင်းမှာပင် သူ့ အလိုလိုပျောက်သွားကြတတ်ပါတယ်။ 

<< လွယ်ကူ သက်သာတဲ့ တင်းတိပ် ပျောက်ဆေး…>>

အလှကုန်ဈေးကွက်ထဲမှာ တင်းတိပ် ပျောက်စေတဲ့ နိုင်ငံစုံ တံဆိပ်စုံတွေ ရှိနေပါတယ်။ မိမိအသား အရေနဲ့  လိုက်ဖက်မယ့် ရွေး ချယ်မှုမှန်ဖို့ အထူးလို အပ်ပါတယ်။ အကယ်၍ အရွေးမှားပါက လှတမျက်နှာကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်လို့ ပါဘဲ။ ရိုးရှင်း လွယ်ကူတဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မိမိဖာသာ အိမ်မှာကုသပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများဖြင့် မျှဝေလိုက် ပါရစေ။

(၁) မြန်မာ့ဆေးကျမ်းအရ၊ ကင်ပွန်းချဉ်ရွက်က သူမတူအောင် တင်းတိပ်ကို ကောင်းကျိုးပြုနိုင် တယ် လို့  ဆိုထား ပါတယ်။ ဒါ ကြောင့် ကင်ပွန်းချဉ်ရွက်ကို ကြော်-ဟင်းချို-ချဉ်ဟင်း စသည်ဖြင့် မကြာခဏ အမျိုးမျိုး လုပ်စားပေးပါ။ 

(၂) သန့် ရှင်း စင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းရွက် မနုမရင့် လက်တစ်ဆုပ်စာခန့် ကို သဘာဝ ထန်းလျက် အမည်းရောင် ခုနှစ်လုံး ခန့် နှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ဆားအနည်င ယ်ခပ်သောက်ပေးပါ၊ ထိုဆေးရည်ကို နံက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးကြမ်း ပန်းကန်လုံးပမာ ဏခန့်  နေ့ စဉ်မှန်မှန် သောက်ပေး ခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်ကင်း သွားနိုင်ပါတယ်။ 

(၃) ကင် ပွန်းချဉ်ရွက်ရင့်ရင့် လက်တစ်ဆုပ်စာပမာဏကို ဖုန်-အညစ်အကြေးတွေကင်းအော င် ရေ စင်စ င်ဆေးပါ၊ ဆေးထားတဲ့ရေတွေ ကုန်စင်အောင်ခါထုတ်ပြီးရင် ကြိတ်စက်နဲ့ ကြိတ်ပါ၊ ရလာတဲ့ ကင်ပွန်းချဉ်ရွက်အရည် (သတ္တုရည်)ကို တင်းတိပ်ပေါ် လိမ်းပေးပါ။ ခြောက်သွားရင် ထပ်ခါ ထပ်ခါ လိမ်းပေးနိုင်ပါတယ်။

(၄) သန့်စင်လတ်ဆတ်သည့် နနွင်းတစ်တက်ကို နွားနို့ အနည်းငယ်နှင့် သွေးပါ။ ရရှိလာတဲ့အ ရည်ကို တင်းတိပ် ရှိသော နေရာတစ်ဝိုက်ကို လိမ်းပေးနိုင်ပါတယ်။ ( နနွင်းတက်ကို ပရဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်) 

(၅) သန့် ရှင်းသောအုန်းမှုတ်ခွံကို သန့် ရှင်းသော ကျောက်ပျဉ်ပေါ်တွင် ရေအစား သံပုရာရည်ဖြင့်သွေးပါ၊ မျက်နှာကို သန့် ရှင်းစင်ကြယ်အောင်ေ ဆးကြော၍ ခြောက်သွေ့ အောင်သုပ်ပြီး ထိုသွေးထားတဲ့ အရည်ကို သနပ်ခါး လိမ်းသကဲ့ သို့ လိမ်းပါ၊ တင်းတိပ်နှင့် ထိုဆေးရည်ထိလျှင် အတန်ငယ်စပ်ပါတယ်၊ အရောင်မှာ ၀ါလွန်း သဖြင့် ညအိပ်ယာဝင်ခါနီးမှသာ လိမ်းပါ (စပ်ခြင်းကို သည်းခံ၍ တစ်လခန့် လိမ်းပေးခြင်းဖြင့် လက်တွေ့ ပျောက် ကင်းစေမှာပါ) 

(၆) ဒန္တသုခ အရွက်စိမ်းရည် နှင့် သနပ် ခါးရည်တို့ ကို ဆတူရော၍ ညအိပ်ယာဝင်တိုင်း လိမ်းကျံပါ (စိတ်ရှည်ရှည် လိမ်းပေးပါက ရက်ပိုင်းအတွင်း တင်းတိပ်များကွာ ကျ၍ ပျောက်ကင်းသွားနိုင် ပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...