အမျိုးသမီး (၁၂) ဦး ကတုံးတုံးပြီး ရိုက်ကူးထားတဲ့ ပြက္ခဒိန် ထုတ်ဝေ

အေသင်အောင်

ပြက္ခဒိန်တစ်ခု ထုတ်ဝေတော့မယ် ဆိုရင် လှပမှု တွေကို ဦးစားပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ ဗြိတိန်မှာ ထုတ်ဝေ ခဲ့တဲ့ ပြက္ခဒိန်တစ်ခု ကတော့ ထူးခြားလို့ နေခဲ့ပါတယ်။ အလှအပကို ဦးစားပေးခြင်း မရှိဘဲ ရန်ပုံငွေ အတွက် ထုတ်ဝေခဲ့တာမို့ ပြက္ခဒိန်မှာ ပါဝင်တဲ့ သူတေ ဟာ ဆွဲဆောင်မှု လုံးဝမရှိခဲ့ ပါဘူး။ ဒါပေမဲ့ ဒီပြက္ခဒိန်ကို အသိပညာပေးမှု ပြုလုပ်တဲ့ အနေနဲ့ ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပြက္ခဒိန်ကို လူမှု အဖွဲ့အစည်း တစ်ခုက ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ အတွက် ပြက္ခဒိန် တစ်ခုကို (၁၀) ပေါင်နဲ့ ရောင်းချမှု ပြုလုပ်နေပါတယ်။

ဒီပြက္ခဒိန်မှာ အမျိုးသမီး (၁၂) ဦး ပါဝင် သရုပ်ဆောင်ထားကြ ပါတယ်။ အမျိုးသမီး (၁၂) ဦးဟာ ကတုံးတုံးပြီး ဓာတ်ပုံ ရိုက်ခံမှုပြုလုပ်ထား ခြင်းပါတယ်။ မတူညီတဲ့ ရှုခင်းအမျိုးမျိုးကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကူးမှု ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ကတုံး တုံးထားတဲ့ အမျိုးသမီးတွေ ထဲမှာ ကင်ဆာရောဂါ ဝေဒနာရှင် တွေလည်း ပါဝင်ခဲ့ ပါတယ်။ အဓိက ကတော့ Alopecia ရောဂါ ခံစားနေရ သူတွေ အတွက် ရည်ရွယ်ပြီး ရန်ပုံငွေ ရရှိစေဖို့ ဒီ ပြက္ခဒိန် ကို ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေ မှာရော အမျိုးသားတွေမှာပါ ဖြစ်ပွားတတ်ပါတယ်။ ဒီရောဂါဟာ ကြောက်စရာ ကောင်းတဲ့ ရောဂါတစ်ခု မဟုတ်ဘဲ ဆံပင်တွေ အလိုအလျောက် ကျွတ်ခြင်းပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ လူတစ်ဦးဟာ ဆံပင်တွေ ဆုံးရှုံးနေခဲ့မယ် ဆိုရင် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရ တတ်ပါတယ်။ ဒီလိုမျိုး တွေ မဖြစ်အောင် တိုင်ပင် ညှိနှိုင်းနိုင်ဖို့ အဖွဲ့အစည်း တစ်ခုကို တည်ထောင်ပြီး ရန်ပုံငွေ ရရှိဖို့ ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ ပြက္ခဒိန်ကို ထုတ်ဝေတဲ့ သူတွေက ပြက္ခဒိန်မှာ ပါဝင်တဲ့ ပုံတွေဟာ ဆွဲဆောင်မှု မရှိပေမယ့် အသိပညာပေး တစ်ရပ် အနေနဲ့ ပြုလုပ်နိုင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...