ကျောင်းဓါတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံး
စက်တင်ဘာလ ၁၄ ရက်နေ့က တရုတ်နိုင်ငံရှိ Huaqiao တက္ကသိုလ်မှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တခုပါ... တက္ကသိုလ်ရဲ့ အဆိုအရ.. အချိန် 17:50 နာရီ ၀န်းကျင်လောက်မှာ ကျောင်းသားတစ်ဦး ဓါတ်လှေကား တံခါးအ၀မှာ ညှပ်မိနေတဲ့အကြောင်း ကျောင်းလုံခြုံရေးမှူး တစ်ဦးထံ ဖုန်းဝင်လာတယ်လို့ ဆိုပါတယ်... ဒီကျောင်းသားလေးဟာ ဓါတ်လှေကားထဲကို ၀င်မယ်လုပ်စဉ် စက်ချွတ်ယွင်းမှုဖြစ်ပြီး တံခါးအ၀မှာ ညှပ်မိသွားတာပါ... စောစောက ကျောင်းလုံခြုံရေးမှူးကလည်း ချက်ချင်းဆိုသလို 110, 119, နဲ့ 120 စတဲ့ အရေးပေါ် ဌာနတွေကို ဆက်သွယ်ခဲ့ပါတယ်... အချိန် 18:00 နာရီလောက်မှာ ကယ်ဆယ်ရေးသမားတွေ ရောက်လာပြီး ဓါတ်လှေကား တံခါးအ၀မှာ ညှပ်မိနေတဲ့ ကျောင်းသားကို ကယ်ထုတ်နိုင်ခဲ့ပါတယ်... ဒါပေမဲ့ ကျောင်းသားခမျာမှာ အသက်မရှိတော့ပါဘူး... ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက စုံးစမ်းစစ်ဆေးနေပါတယ်... ဓါတ်လှေကားတွေကို အသုံးပြုတဲ့အခါ သတိရှိစေဖို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ...။
အောက်က ဗွီဒီယိုကတော့ ကြည့်ရှုသူတွေကို မကောင်းတဲ့ စိတ်ခံစားချက်တွေ ပေးနိုင်တဲ့အတွက် ဆန္ဒမရှိရင်တော့ မကြည့်ပါနဲ့... ။
အောက်က ဗွီဒီယိုကတော့ ကြည့်ရှုသူတွေကို မကောင်းတဲ့ စိတ်ခံစားချက်တွေ ပေးနိုင်တဲ့အတွက် ဆန္ဒမရှိရင်တော့ မကြည့်ပါနဲ့... ။
Graphic Warning!
ref;chinasmack
--------------------------------------
- (အရှေ့သို့) How To Install Myanmar Keyboard In iOS 8 (Pre-Guide) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... စကားအလှ မြန်မာက APK for Android
- (အနောကျသို့) iOS 8 ပေါ်တွင် လက်တလော အသုံးပြုနိုင်မည့် third-party keyboard (၇) မျိုး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... စကားအလှ မြန်မာက APK for Android