iOS 8 ပေါ်တွင် လက်တလော အသုံးပြုနိုင်မည့် third-party keyboard (၇) မျိုး


Apple ထုတ်ကုန် သုံးစွဲသူများ မျှော်လင့်နေကြသည့် iOS 8 ဟာ ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါပြီ။ iOS 8 မှာ feature သစ်များအပြင် iPhone နှင့် iPad ပေါ်၌ third-party keyboard များ ထည့်သွင်း အသုံးပြုနိုင်မည့် အထောက်အပံ့များလည်း ပါဝင်လာသည်။ ထို့ကြောင့် iOS 8 ကို သုံးစွဲသူများ အနေဖြင့် လက်ရှိတွင် ထည့်သွင်း အသုံးပြုနိုင်မည့် third-party keyboard (၇) မျိုးကို ဖော်ပြလိုက်ပါသည်။ 

Keyboard များကို ထည့်သွင်း အသုံးပြုခြင်း 

iPhone နှင့် iPad ပေါ်တွင် third-party keyboard ကို ထည့်သွင်း အသုံးပြုလိုသည့်အခါ ပထမဦးစွာ အသုံးပြုလိုသည့် keyboard ကို App Store ပေါ်မှ download ပြုလုပ်ရန် လိုအပ်သည်။ Download ပြုလုပ်ပြီး install ပြုလုပ်ပြီးသည့်နောက် Settings > General > Keyboard > Keyboards > Add New Keyboard ထံသွားပြီး Third-party keyboards list တွင် download ပြုလုပ်ထားသည့် keyboard ကို တွေ့ရမည် ဖြစ်သည်။ 
အကယ်၍ အခြားသော keyboard များကို ပြောင်းလဲအသုံးပြုလိုသည့်အခါ keyboard ပေါ်ရှိ ကမ္ဘာလုံးပုံစံ icon ကိုနှိပ်၍ ပြောင်းလဲ အသုံးပြုနိုင်သည်။ 

လက်ရှိတွင် အသုံးပြုနိုင်သည့် third-party keyboard များ 


Fleksy တွင် အချိန်ကုန်သက်သာစေရန် အတွက် keyboard ခလုတ်များဖြင့် အသုံးပြုမှု အချို့ကို gesture များဖြင့် အသုံးပြုနိုင်သည်။ ဘယ်ဘက်သို့ swipe လုပ်သည့်အခါ delete လုပ်နိုင်ပြီး၊ ညာဘက်သို့ swipe လုပ်ရာတွင် space ကို ထည့်သွင်းနိုင်သည်။ ထို့အပြင် စာလုံးအရွယ်အစား၊ အရောင်တို့ကိုလည်း ချိန်ညှိကာ အသုံးပြုနိုင်သည်။ Fleksy ကို theme ၆ မျိုးဖြင့် ရရှိနိုင်ပြီး အခြား premium theme ၆ ခုအတွက် ၉၉ ဆင့်ဖြင့် ဝယ်ယူရမည် ဖြစ်သည်။ 



Kuaiboard keyboard ကို မိုဘိုင်းထုတ်ကုန်များပေါ်တွင် အခက်တွေ့နေကျဖြစ်သည့် form များကို အလွယ်တကူ ဖြည့်စွက်နိုင်ရန် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်။ Kuaiboard တွင် ငွေပေးချေမှု အချက်အလက်များ၊ လက်မှတ်များ၊ လိပ်စာများကို သိမ်းဆည်းပေးနိုင်သောကြောင့် သုံးစွဲသူအနေဖြင့် အချိန်ကုန် သက်သာစွာဖြင့် အချက်အလက် ဖြည့်စွက်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ 



Minuum သည် iPhone ပေါ်တွင် အသုံးပြုနိုင်မည့် third-party keyboard တစ်ခု ဖြစ်သည်။ စာရိုက်ခြင်းကို လျင်မြန်စွာ ပြုလုပ်နိုင်စေရန် ရည်ရွယ်ဖန်တီးထားပြီး autocorrect က ရိုက်လိုက်သည့် စာလုံးများကို ခန့်မှန်းဖော်ပြပေးမည် ဖြစ်သည်။ 



SwiftKey ကို iOS ပေးတွင် ဇန်နဝါရီလကတည်းက အသုံးပြုနိုင်ခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ၎င်းကို Evernote ပေါ်တွင်သာ အသုံးပြုနိုင်သည့် app အနေဖြင့်သာ အသုံးပြုနိုင်ခဲ့သည်။ ယခု iOS 8 ပေါ်တွင် အသုံးပြုနိုင်မည့် SwiftKey keyboard တွင် Swiftkey Flow ကဲ့သို့သော အရာများကို ထည့်သွင်းပေးထားသောကြောင့် လက်ချောင်းဖြင့် ခလုတ်များကို ပွတ်ဆွဲပြီး စာလုံးများကို ရေးသားနိုင်မည် ဖြစ်သည်။ အဖြူရောင်၊ အနက်ရောင် theme ဖြင့် ရရှိနိုင်သည်။ 



Swype သည် စာလုံးတစ်ခုနှင့် တစ်ခုကို လက်ချောင်းများဖြင့် ပွတ်ဆွဲပြီး ရေးသားနိုင်သည့် keyboard ဖြစ်သည်။ Theme ငါးခုပါဝင်ပြီး စာလုံးများကို လေ့လာနိုင်ရန်အတွက် personal dictionary တစ်ခု ပါဝင်သည်။ အဆိုပါ keyboard ကို Android ပေါ်တွင် အသုံးပြုသည့် နည်းလမ်းအတိုင်း အသုံးပြုနိုင်သည်။ 



TextExpander သည် shortcut များဖြင့် စာလုံးများကို ရေးသားနိုင်သည့် keyboard ဖြစ်သည်။ 



TouchPal keyboard ကို အသုံးပြု၍ စာရေးသားရာတွင် tap လုပ်ခြင်းဖြင့်လည်းကောင်း၊ slide ပြုလုပ်ခြင်းဖြင့်လည်းကောင်း ပြုလုပ်နိုင်သည်။ အခြားသော keyboard များနှင့် မတူသည်မှာ gesture များကို အသုံးပြုပြီး secondary number များနှင့် punctuation များကို ရေးသားနိုင်ခြင်း ဖြစ်သည်။ ၎င်းတွင် ကာလာ theme များ ပါဝင်လာပြီး buit-in emoji keyboard တစ်ခုကိုလည်း ထည့်သွင်းပေးထားသည်။ 



Ref: TheVerge
Internet Journal
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...