မေးစေ့နှစ်ထပ် မဖြစ်စေမယ့် နည်းလမ်း
မေးစေ့နှစ်ထပ် ဖြစ်နေသူတွေ ငွေကုန်ကြေးကျ ခံစရာ မလိုဘဲ ထိရောက်တဲ့ လေ့ကျင့်ခန်း လုပ်နိုင်ဖို့ နည်းလမ်း လေးတွေ မျှဝေချင်ပါတယ်။ မေးစေ့နှစ်ထပ် ဖြစ်ရတဲ့ အကြောင်းရင်း များစွာ ရှိတဲ့အနက် အများစု ကတော့ ကိုယ်အလေးချိန် များတာရယ်၊ သွက်လက်မှု မရှိတဲ့ နေထိုင်ပုံ စနစ်တွေရယ် ကြောင့်ဖြစ်ပြီး အသက်ကြီးလာ တာနဲ့အမျှ အရေပြားတွေ တွဲကျပြီး မေးစေ့ နှစ်ထပ်ဖြစ် လာပါတယ်။
မေးစေ့ တစ်ဝိုက်က ကြွက် သားတွေတင်းရင်းပြီး မေးနှစ် ထပ် မဖြစ်စေဖို့အတွက် လွယ်လွယ်ကူ ကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတချို့ ကိုဖော်ပြပေးလိုက်ပါတယ်။
ပါးစပ်ဖွင့်လေ့ကျင့်ခန်း- အထိ ရောက်ဆုံးလေ့ကျင့်ခန်းကတော့ ပါးစပ်ကို ကျယ်နိုင်သမျှကျယ် အောင်ဖွင့်တာရယ်၊ လျှာကိုအ ပြင်ထုတ်နိုင်သမျှထုတ်ပြီး မေးစေ့ ကိုလျှာနဲ့ထိနိုင်အောင်ကြိုးစား ကြည့်တာပဲဖြစ်ပါတယ်။ တစ် ကနေ ၁၀ အထိရေတွက်ပြီးဆယ် ကြိမ်လောက်နေ့စဉ်လုပ်ပေးမယ် ဆိုရင် မေးနဲ့လည်ပင်းကြွက်သား တွေတင်းရင်းစေ မှာပါ။
ဦးခေါင်းတွဲလောင်းချလေ့ကျင့် ခန်း – အိပ်ရာ (ဒါမှမဟုတ်)ဆိုဖာ မှာလှဲအိပ်ရင် ဦးခေါင်းကိုတွဲ လောင်းချနေပါ။ တစ်ကနေ ၁၀ အထိရေတွက်ရင်း မေးစေ့ကို လက်နဲ့ပင့်တင်ခြင်းကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။
မေးစေ့ပင့်တင်လေ့ကျင့်ခန်း – ကျောရိုးကိုတည့်မတ်စွာနေပြီး လည်ပင်းကို တည့်တည့်အနေ အထားဖြင့် မတ်တတ် ရပ်ပါ။ မေးစေ့ကိုအပေါ်ဘက်သို့ပင့်တင်ပြီး နှုတ်ခမ်းကိုစုထားကာ ၁ မှ ၁၀ အထိရေတွက်ပြီး ဆယ်ကြိမ်ပြု လုပ်ပေး ပါ။
လည်ပင်းလေ့ကျင့်ခန်း – ခန္ဓာကိုယ်ကိုတည့်မတ်တဲ့အနေအထားနဲ့မတ်တတ်ရပ်ပြီး မေးစေ့နဲ့ ပခုံးတစ်တန်းတည်း ဖြစ်အောင် ဦးခေါင်းကိုလှည့်လိုက်ပါ။ အဲဒီနောက်ဦးခေါင်း အသာငုံ့ပေးတဲ့ အနေအထားကို ဘက်ပြောင်းပြီး ၁၀ကြိမ်စီပြုလုပ်ပေးပါ။
မေးရိုးနှင့်လည်ပင်းကြွက်သား လေ့ကျင့်ခန်း – မေးရိုးနဲ့လည်ပင်းနားက ကြွက်သားတွေတင်းရင်းစေဖို့အတွက် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကနေ အပေါ်ကို ၁၀ စက္ကန့်လောက်ပင့်တင်လိုက်၊ ဆွဲချလိုက်ဆယ်ကြိမ်လောက် ပြုလုပ်ပေးပါ။
တင်းနစ်ဘောလုံးလေ့ကျင့်ခန်း – တင်းနစ်ဘောလုံးတစ်လုံးကို မေးစေ့နဲ့ တင်းတင်းညှပ်ထားပြီး ဖြည်းဖြည်းချင်း လွှတ်လိုက်တာကို ဆယ်ကြိမ်လောက် ဆက်တိုက်လုပ်ပေးပါ။
—Ref: healthyandnaturalworld.com
7day daily

- (အရှေ့သို့) ရင်သွေးအတွက် အား Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) Telenor ၏ အင်တာနက်နှင့် ဖုန်းခေါ်ဆိုခ နှုန်းထားများ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း