Diet ရဲ့ရန်သူ
လှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင် ချင်တာက မိန်းကလေး အတွက် အရေးကြီး ဆုံးသော အချက် တခုပါ။
ဒါပင်မဲ့ Diet အတွက် စိတ်ညစ်ဖို့ကောင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်၊ မုန့်စားတာတွေကို ရပ်နဲ့ ပြသာနာမျိုးစုံကို တွေ့ရမှာပါ။
ဒီတခေါက်တော့ Diet အောင်မြင်ဖို့အတွက် ရှောင်ရန် အရေးကြီးသော အချက် ၄ ချက်ကို ပြောပြမယ်နော်။
၀၁. တိတိကျကျ လုပ်ချင်သောသူ
Diet လုပ်သော သူတွေထဲမှာ စာအုပ်မှာ ရေးထားတဲ့ အတိုင်း တိတိကျကျလုပ်တဲ့ သူတွေရှိပါတယ်။ လုပ်နိုင်သော သူအတွက်ကတော့ ကောင်းပင်မဲ့ မလုပ်နိုင်သော သူအတွက်ကတော့ ၁ရက်တောင် မပြည့်သေးတဲ့ အချိန်မှာ ဆက်လုပ်ဖို့ ရင်လေးလာတဲ့ သူလည်း ရှိပါတယ်။ သေသေချာချာ မလုပ်ပြန်တော့လည်း Diet ကအောင်မြင်မှာ မဟုတ်ပါ။ သတိထား ရမှာကတော့ နည်းနည်းရှော့ရှော့ပေါ့ပေါ့ ကိုယ်နဲ့အဆင်ပြေမဲ့ Menu လေးကို စဉ်းစားပြီး ကြိုးစားသင့်ပါတယ်။ ဒါမှလည်း ပြန်မဝမှာပါ။
၀၂. အားကစားကြောင့် ဝလာသူ
Diet အတွက် အားကစား လုပ်ပါတယ်ဆိုမှ ကြွက်သားတွေများလာပြီး ဝလာတာကို ကြုံဖူးမှာပါ။ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ပါ။ ကြွက်သားမှာလည်း ဝလွယ်သောကြွက်သားနဲ့ မဖွံဖြိုးသော ကြွက်သားရှိပါတယ်။ ပုံမုန်အားဖြင့် မိန်းကလေးတွေမှာ ကြွက်သားက ဖွံဖြိုးလာတယ်ဆိုတာ သိပ်မရှိပင်မဲ့ ကြိုးခုန်ခြင်း၊ အလျင်အမြန် လုပ်ရသော လေ့ကျင့်ခန်းတွေကြောင့် ဝလာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကြွက်သားတွေကို ဖွံ့ဖြိုးစေသော အားကစား ထက် ကိုယ်ခံအားကောင်စေမဲ့ အားကစားကို ပို၍လုပ်စေချင်ပါတယ်။
၀၃. အဆင်မပြေသော Diet Menu
Diet Menu ကိုစဉ်းစားသောအခါ ခက်ခဲပြီးမဖြစ်နိုင်သော Menu ကိုရွေးလိုက်တဲ့အခါ မအောင်မြင်တတ်ပါ။ မိန်းကလေးတွေမှာ ရာသီသွေးရှိသောကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ အားအနည်းဆုံးသောအချိန် ခန့်မှန်းပြီး
Diet Menu ကိုစဉ်းစားဖို့လိုပါတယ်။ မိန်းကလေးတွေအတွက် တလမှာ နေမကောင်းတဲ့အချိန်ဟာ ရာသီသွေး မလာခင်အချိန်မှာပါ။
၀၄. ရာသီသွေး
မိန်းကလေးတွေအတွက် ရာသီသွေးဟာ နေ့စဉ်နေထိုင်မူဘဝနဲ့ ဆက်စပ်လျက်ရှိသလို ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။ရာသီသွေးအချိန်မှာ Diet လုပ်တာကို နည်းနည်းလျှော့သင့်ပါတယ်။
ဒီအချိန်မှာ Diet Menu အတိုင်း အစားအစာကို မစားပဲနေတာကို လျှော့ပါ။ ကျန်းမားရေးကို ထိခိုက်နိုင်ပါတယ်။ စိတ်အခြေအနေကလည်း စိတ်တိုနေတတ်တဲ့အတွက် မလုပ်ရင်မရဘူးဆိုပြီး စဉ်းစားပြီးလုပ်ရင်တော့
ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်လို့ အကြံပေးပါရစေ။
Chelmo Team
Ref. http://mdpr.jp/
Photo By. http://assets.rimg.jp/

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ကယား အာလူးထောင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) Thailand ကနေ apple id အလွယ်တကူ ဖွင့်လို သူများအတွက် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး