DriverMax7.40 Final Free Edition
ကျနော်ကြိုက်တဲ့ အကောင်းဆုံး တွေထဲက ဆော့ဝဲလ်တစ်ခုဖြစ်တဲ့ ဒီ DriverMax ဆော့ဝဲလ်လေးကို Windows 8.1 ကိုလည်း Support ဖြစ်တဲ့အတွက် Update အသစ်လေး တင်ပေး လိုက်ပါတယ်..။ ခဏခဏ ဝင်းဒိုး တင်တတ်တဲ့ သူတွေအတွက် မရှိမဖြစ် သိမ်းထားသင့်တဲ့ ဆော့ဝဲလ်ကောင်း လေးပါ..။ အရင်တင်ပေးထားတဲ့ ဗါးရှင်းအဟောင်းက Windows 8.1 မှာ အသုံးပြုလို့ မရပါဘူး..။ ဒေါင်းလော့ လင့်တွေလည်း ပျက်နေလောက်ပြီဖြစ်လို့ ဒီ Update အသစ်လေးကိုတော့ လိုအပ်တဲ့ အခါတိုင်း ဒေါင်းယူလို့ ရအောင် ကြာကြာခံတဲ့ Upload ဆိုဒ်တွေမှာ တင်ပေးထားပါတယ်..။ အခု ဒီ Update အသစ်လေးကလည်း Free ဗါးရှင်းလေးဖြစ်ပြီး.. ဝင်းဒိုး ဗါးရှင်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်..။
တခြားဆော့ဝဲလ်တွေနဲ့ မတူတဲ့ ဒီကောင်လေးရဲ့ အားသာချက်တွေကတော့.. ကျနော် Windows XP တင်ထားတဲ့ (အန်းဒိတ်) PC ၇-လုံးကို Windows 7 ပြောင်းတင်ပြီး ဒီဆော့ဝဲလ်နဲ့ W-XP မှ Drivers တွေ Backup လုပ်သိမ်းထားပြီး၊ PC တွေကို W-7 ပြောင်းတင်ပြီးတော့ ဒီဆော့ဝဲလ်နဲ့ပဲ Drivers တွေကို Restore ပြန်လုပ်ပါတယ်..။ PC ၅-လုံးမှာ လိုအပ်တဲ့ Drivers တွေ အားလုံး ပြန်ထည့်လို့ ရသွားပါတယ်..။ ကျန် PC ၂-လုံးမှာတော့ တချို့တဝက်ပဲ ရပါတယ်..။ PC ၇-လုံးမှာ ၅-လုံး အဆင်ပြေတယ်ဆိုတာ အတော်လေး ကောင်းနေပြီ..။ တခြား Drivers Backup/Restore လုပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးပါ၊ ဒါမျိုး W-XP က Drivers တွေ W-7 မှာ အသုံးပြုလို့ ရတယ်ဆိုတာ မတွေ့မိသေး..။ အဓိက ကတော့ VGA Graphic Driver ထည့်လို့ ရဖို့ပဲ အရေးကြီးတာ..။ ဒါမှသာ Photoshop နဲ့ Video Edit ဆော့ဝဲလ်တွေ အသုံးပြုလို့ ရမှာပါ..။ ဒါက ဒီကောင်လေးရဲ့ အားသာချက်..။
အားနည်းချက်ကတော့ Laptop တွေမှာဆို Windows XP က Drivers တွေ Windows 7 မှာ ပြန်ထည့်လို့ မရတာ တွေ့ရပြန်တယ်..။ ဒါပေမယ့် W-7 က Drivers တွေဆိုရင်တော့ W-7 ပြန်တင်ပြီး Restore ပြန်ထည့်လို့ ရပါတယ်..။ Windows 8 က Drivers တွေ Windows 8, 8.1 တွေမှာ ဒီကောင်လေးနဲ့ ပြန်ထည့်သုံးလို့ ရတာ တွေ့ရပြန်တယ်..။ အဓိက ကတော့ မိမိတို့စက် ကောင်းနေတဲ့ အချိန်မှာ စက်ထဲက Drivers တွေကို ဒီဆော့ဝဲလ်နဲ့ Backup ထုတ်ယူပြီး.. USB Pendrive လို External Hard disk လို မျိုးထဲမှာ နာမည်သေချာပေးပြီး နေရာခွဲ သိမ်းထားဖို့ကို သတိတရ ရှိဖို့ပါပဲ..။
လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.3 MB ရှိပါတယ်..။
(OR)
မူရင်းဆိုဒ်မှဒေါင်းယူလိုလျှင် http://www.drivermax.com/download.htm
ref;လွင်မင်းဗိုလ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page
- (အရှေ့သို့) သူနဲ့ လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) အကောက်ခွန်မဲ့ iPhone 6 နဲ့ 6 Plus တွေ ရန်ကုန်လေဆိပ်မှာ သိမ်းမိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို