အမေရိကန်မှ Ebola ဖြစ်ရာ နေရာသို့ စက်ရုပ်များ စေလွှတ်ခြင်း

WHO ထုတ်ပြန်မှုအရ Ebola ရောဂါဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံများ ထဲတွင် Liberia နိုင်ငံသည် တစ်ခု အပါအ၀င် ဖြစ်သည်။ အမေရိကန် နိုင်ငံမှ ထိုဖြစ်ပွားရာနိုင်ငံသို့ စက်ရုပ် များစေလွှတ်ခဲ့ပါသည်။ ထိုစက်ရုပ် များသည်TRU-D လို့ ခေါ်သောTotal Room Ultraviolet Disinfector နည်းပညာ ဖြင့် ခရမ်း လွန်ရောင်ခြည်အသုံးပြုပြီး ပိုးသတ် ခြင်းကိုပြုလုပ် ကြရာ ၉၉.၉၉ ရာခိုင် နှုန်းအကျိုးရှိကြောင်း တွေ့ရသည်။ ထိုနည်းပညာကြောင့် ဗိုင်းရပ်စ်ပိုးများ သည် မျိုးပွားခြင်းနှင့် ပျံ့နှံ့ခြင်းကို မပြုလုပ်နိုင်တော့ပေ။ ထို့ပြင် စက်ရုပ် များသည် ရောဂါပိုးများပါဝင်သော သွေး၊ တံတွေး၊ ချွေးနှင့် အညစ် အကြေးများကိုလည်း ကိုင်ဆောင်ရာ တွင်လည်း အသုံးပြု သည်။ ထိုစက်ရုပ် များကို ရောဂါပိုးသတ်ပြီး သန့်ရှင်း ရေးအတွက် ထိုမြို့ရှိဆေးရုံနှစ်ရုံသို့ ပို့ဆောင်ထားသည်။ 

မွန်ဂိုးဗီးယား ဆေးရုံမှ ဒေါက်တာဒီးလ်က ““ဒီလို နည်းပညာသုံး ပိုးသတ်ပေးတဲ့စက် ရုပ်တွေအသုံးပြုလို့ ဆေးရုံ အလုပ် သမားတွေကို ရောဂါကူးစက်ခြင်းက နေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ TRU-D လို့ခေါ်တဲ့ ဓာတ်ရောင်ခြည် သုံးပြီး အခန်းတွင်း ပိုးသတ်ခြင်းကEbola ဗိုင်းရပ်စ်ပိုးတွင်မကပါဘူး၊ ဆေးရုံအတွင်းရှိ တခြားသောရောဂါ ပိုးမွှားတွေကိုလည်း သေစေပါတယ်”” လို့ ပြောကြားခဲ့ပါသည်။


မာဃ
Ref;MNT
Health Updates Journal No,(132) 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...