Facebook Graph Search ကို အသုံးချနည်းများ
Facebook မှာ ဘာသာစကားကို English U.S အသုံးပြုသူတိုင်း Graph Search ကို အသုံးပြုခွင့် ပေးထားပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ English U.S ကို အသုံးပြုလေ့ရှိတဲ့ အတွက် Facebook Graph Search ကို အသုံးချနိုင်ပါတယ်။ Graph Search ဟာ ရုတ်တရက် ကြည့်ရင်တော့ သာမာန် Search Box တစ်ခုပါပဲ။ ဒါပေမယ့် Graph Search ဟာ အလွန် စွမ်းအားပြည့်တဲ့ Search Engine ဖြစ်ပြီး သင့် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ ၀ါသနာတူရာ လူပုဂ္ဂိုလ်တွေကို လွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် Graph Search ကို အလုပ်အကိုင်တွေ ရှာဖွေဖို့နဲ့ ခရီးသွားဖို့ အတွက်ပါ အသုံးချနိုင်ပါသေးတယ်။ အောက်မှာတော့ Graph Search ကို အသုံးပြုနိုင်တဲ့ နည်းလမ်းများစွာထဲမှ ကောင်းနိုးရာရာ နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။ စာဖတ်သူက အောက်ဖော်ပြပါ နည်းလမ်းများကို ပေါင်းစပ်ပြီး ဒါမှမဟုတ် ဆင့်ပွားတီထွင်ပြီး အသုံးပြုနိုင်ပါတယ်။
Facebook ကို ရည်းစားရှာဖွေတဲ့ Dating Website လို အသုံးပြုပါ။
Graph Search ရသွားရင်တော့ Facebook ကို Dating Site တစ်ခုလို အသုံးပြုနိုင်မှာပါ။ Search box မှာ “Single women who live in yangon” လို့ ရိုက်လိုက်ရင် အောက်ကပုံမှာလို မြင်ရမှာဖြစ်ပြီး “Single women who live in yangon, burma “ ကိုနှိပ်ပါ။
ညာဘက် side bar က နေပြီး age, relationship, schools ,degree, birth year, like pages, employee စတာတွေကို filter လုပ်ပြီးရှာနိုင်ပါတယ်။ ဘယ်လောက်မိုက်လဲ ကောင်မလေးတွေ လိုက်ရှာရတာ ။
အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်း၊ မိတ်ဆွေများကို ရှာဖွေပါ။
အဆက်အသွယ်မရတဲ့ သင့်သူငယ်ချင်းတွေ ၊မိတ်ဆွေ တွေကိုရှာဖွေရတာလည်းတော်တော်အသုံးဝင်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်နဲ့ မွေးဖွားတဲ့ ခုနှစ်တူညီတဲ့ ကျောင်းနေဖက် သူငယ်ချင်းများကို ရှာချင်ရင် “ People who were born in 1982 and go to dagon 1 “ လို့ ရိုက်ရှာလိုက်ရုံပါပဲ။ ဒါဆိုရင် သင့်ရဲ့ သူငယ်ချင်းတွေကို Facebook က ရှာဖွေ ပြသပေးမှာပါ။
နာမည်ကျော်တွေကို ချောင်းမြောင်းပါ။
High-Profile People တွေကြိုက်နှစ်သက်တာတွေကို လိုက်ပြီးစပ်စုလို့ လည်းရပါသေးတယ်။ “Photos Taylor Swift likes “ လို့ ရိုက်ရှာလိုက်ရင် Taylor Swift like လုပ်ထားတဲ့ ပုံတွေကို တွေ့ မြင်နိုင်ပါတယ်။
Taylor Swift like လုပ်ထားတဲ့ page တွေကို ရှာချင်ရင် “Pages Taylor Swift likes “ လို့ ရှာပါ။ဒါဆိုရင် Taylor Swift ရဲ့  liked pages တွေကို တွေ့ မြင်နိုင်ပါတယ်။
ခရီးသွားရမယ့် နေရာဒေသများကို ရှာဖွေပါ။
အားလပ်ရက်ခရီးထွက်ချင်တယ် ဒါပေမယ့် ဘယ်သွားရမှန်းလဲ မသိရင် သင့်သူငယ်ချင်းတွေ သွားဖူးတဲ့နေရာတွေ ကို ရှာလို့ ရပါတယ်။ “ Landmarks visited by my friends” လို့ ရိုက်ရှာလိုက်ရင် သင့်သူငယ်ချင်းတွေ သွားရောက်ဖူးတဲ့ နေရာဒေသများကို ပြသပေးမှာ ဖြစ်ပါတယ်။
သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များ အကြောင်းလေ့လာပါ။
သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များ အကြောင်းကို သိထားမှသာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင်မှာ အဆင်ပြေပြေ အလုပ်လုပ်နိုင်မှာပါ။ အဲဒီအတွက်လည်း Facebook Graph Search က ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘာတွေကို စိတ်ဝင်စားသလဲဆိုတာကို သိနိုင်ဖို့ “ Pages (သင့်သူငယ်ချင်းနာမည်) likes” လို့ ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။
သင့် မိတ်ဆွေ ဘယ်လို ရုပ်ရှင်တွေ ကြိုက်လဲ ဆိုတာသိနိုင်ဖို့ “ Movies that are liked by (သင့်သူငယ်ချင်း နာမည်) “ လို့ ရိုက်ပြီး လေ့လာနိုင်ပါတယ်။
သင့် Customer တွေရဲ့ အကြိုက်ကို လေ့လာပါ။
သင့်ရဲ့  brand page, fan page ကို like လုပ်ထားတဲ့ customer တွေတစ်ခြား ဘယ် page တွေကို ကြိုက်နှစ် သက်လဲဆိုတာ ရှာဖွေနိုင်ပါတယ်။ ဒါမှသာ ဖောက်သည်တွေရဲ့ အကြိုက်ကို သိရှိပြီး သင့်တော်တဲ့ ဈေးကွက် ဗျူဟာတွေ ချမှတ်နိုင်မှာပါ။ ဒီလို ရှာဖွေဖို့ “ Pages liked by people who like ( သင့် fan page နာမည်) “ လို့ ရိုက်ရှာပါ။
အလုပ်အကိုင်များ ရှာဖွေပါ။
Facebook Graph Search ကို အလုပ်အကိုင်များ ရှာဖွေဖို့ သုံးနိုင်ပါသေးတယ်။ Company တစ်ခုမှာ အလုပ်လုပ် ချင်လို့ အဲဒီ Company ရဲ့ အကြောင်း လေ့လာချင်လို့ရှိရင် သူ့ဝန်ထမ်းတစ်ယောက်ကို Graph Search မှာ အလွယ်တကူ ရှာနိုင်ပါတယ်။ ဒီလိုရှာဖို့ “ People who work at ( Company Name) “ လို့ ရိုက်ရှာပါ။ သူ့ ၀န်ထမ်းကို ရှာတွေ့ရင်တော့ မိတ်ဆွေဖွဲ့ပြီး Company အကြောင်းလေ့လာနိုင်ပါပြီ။
သင့်ရဲ့ လုံခြုံရေးကို ကာကွယ်ပါ။
Facebook Graph Search ရဲ့  အသုံးဝင်ပုံတွေကို အခုလောက်ဆိုစာဖတ်သူသိရှိပါပြီ။ တစ်ဖက်ကကြည့်ရင်လည်း Graph Search ဟာ စွမ်းဆောင်ရည်မြင့်မားပြီး သင့်ရဲ့ privacy ကို ထိခိုက် စေနိုင်ပါတယ်။ အဲဒီအတွက် သင် Like လုပ်ထားတဲ့ Pages တွေထဲက တစ်ချို့ တွေကို တစ်ခြားသူတွေမမြင်နိုင်အောင် ကာကွယ်ထားသင့်ပါတယ်။ သင့်ရဲ့ Time line ကိုသွားပြီး more>likes>edit>edit privacy မှာ သင် Like လုပ်ထားပြီးမမြင်စေချင်တဲ့ pages တွေကို Only me လုပ်ထားပါ။
------------------------------------------------

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook