Android ရဲ့ Daydream Mode ကို အသုံးချနည်း ငါးနည်း
Android ရဲ့ Daydream Mode ဆိုတာ ဖုန်းကို Dock မှာ တပ်ဆင်ထားချိန် ဒါမှမဟုတ် အားသွင်းနေချိန်မှာ သတင်း အချက်အလက်များကို မျက်နှာပြင်မှာ ပြသ ပေးတဲ့ Screensaver Mode တစ်မျိုးဖြစ်ပါတယ်။ Daydream Mode က ဖုန်းကို အသုံးပြုခြင်း မရှိတဲ့ အချိန်မှာတောင် စဉ်ဆက်မပြတ် သတင်းအချက် အလက်များကို ပြသပေးနိုင်ပါတယ်။
Android မှာ Daydream Mode ကို ထည့်သွင်းပေး ထားပြီး Developer များက Daydream Mode ကို အထောက်အပံ့ပေးတဲ့ စွမ်းဆောင်ချက်ကို သူတို့ရဲ့ App များမှာ ထည့်သွင်းနိုင်ပါတယ်။ Daydream Mode ကို အသုံးပြုပြီး အရေးကြီး သတင်းအချက်အလက်များကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာပါ။
Daydream Mode ဆိုတာ
---------------------------------
သင့်ရဲ့ Android Phone ဒါမှမဟုတ် Tablet ကို Dock မှာ တပ်ဆင်ထားရင် ဒါမှမဟုတ် အားသွင်းထားရင် မျက်နှာပြင်က သာမာန်အားဖြင့် ပိတ်သွားမှာပါ။ Daydream Mode ကို Enable လုပ်ထားရင် သင်ရွေးချယ်ထားတဲ့ Daydream Mode ကို အထောက်အပံ့ပေးတဲ့ App များမှ သတင်းအချက်အလက်များကို ပြသပေးမှာပါ။ အချိန်၊ ရာသီဥတု၊ ဆိုရိုးစကားများ၊ ဓါတ်ပုံများ၊ သတင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အဲဒီစွမ်းဆောင်ချက်ကို Android 4.2 မှာ စတင်ထည့်သွင်းပေးလိုက်တာပါ။ Cyanogenmod လို Custom ROM မှာလည်း Daydream Mode ကို သုံးနိုင်ပါတယ်။
အဲဒီစွမ်းဆောင်ချက်ဟာ Default အားဖြင့် Enable ပြုလုပ်ထားတာ မဟုတ်ပါဘူး။ Android Settings ထဲသွားပြီး Display ကိုနှိပ်ပါ။ အဲဒီမှာ Daydream ကို Enable လုပ်နိုင်ပါတယ်။ Dock မှာ တပ်ဆင်ထားတဲ့ အချိန် ဒါမှမဟုတ် အားသွင်းနေချိန်မှာ Daydream Mode ကို သုံးနိုင်ပါတယ်။
အဲဒီနောက်မှာတော့ Daydream Mode ကို အထောက်အပံ့ပေးတဲ့ App များကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ Daydream Apps အများစုမှာ ပြောင်းလဲနိုင် ၊ သတ်မှတ်နိုင်တဲ့ Settings ကို ပြုလုပ်ပေးထား ပါတယ်။ App ရဲ့ ညာဘက်မှ Settings Icon ကိုနှိပ်ပြီး နှစ်သက်သလို Configure လုပ်နိုင်ပါတယ်။
နာရီ
------
Daydream Mode ကို Android 4.2 နဲ့ Nexus 4 မှာ စတင်ပွဲထုတ်ခဲ့တာပါ။ Google က ကြိုးမဲ့ အားသွင်းစက် ပေါ်မှာ သတင်းအချက်အလက်များ ပြသနေတဲ့ Nexus 4 ရဲ့ Daydream Mode စွမ်းဆောင်ချက်ကို သရုပ်ပြခဲ့ပါ တယ်။ Android Phone ကို အားသွင်းနေစဉ်မှာ နာရီ အဖြစ် အသုံးပြုနိုင်ပါတယ်။ နာရီဟာ Daydream Mode မှာ Night Mode အနေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ ညအချိန်မှာ ဖုန်းကို အားသွင်းရင်း နာရီ အဖြစ် အသုံးပြုနိုင်ပါ တယ်။
ရာသီဥတု အခြေအနေ၊ အီးမေးများ၊ ကလင်ဒါများနဲ့ Missed Call, Message များကို ကြည့်ပါ။ Dashclock App က Daydream Mode ကို အထောက်အပံ့ပေးပါတယ်။ Dashclock က အီးမေးများ၊ ရာသီဥတု အခြေအနေများ၊ Missed Call နဲ့ Message များကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် အချိန်နဲ့ နေ့ရက်များကိုပါ ပြသပေးနိုင်ပါတယ်။ Dashlock က Lock Screen မှာလည်း အဆိုပါ သတင်းအချက်အလက်များကို ပြသပေးနိုင်ပါတယ်။
ဓါတ်ပုံများ
-----------
Google က Daydream Mode ကို အထောက်အပံ့ပေးတဲ့ Photo Frame နဲ့ Photo Table Daydream Apps များကို ပြုလုပ်ပေးထားပါတယ်။ အဲဒီ Apps များက ဓါတ်ပုံများကို Slideshow အနေနဲ့ ပြသပေးနိုင်ပါတယ်။ Gallery မှ နှစ်သက်ရာ Album များကို ရွေးချယ်နိုင်ပါတယ်။ သင့်ရဲ့ ဖုန်းကို ဒစ်ဂျစ်တယ် ဓါတ်ပုံ ဖရိမ် အဖြစ်ပြောင်းလဲနိုင် မှာပါ။ Photo Frame App က တစ်ကြိမ်မှာ ဓါတ်ပုံတစ်ခုကို ပြသပေးပြီး Photo Table က ဓါတ်ပုံအများအပြားကို တစ်ပြိုင်နက် ပြသပေးနိုင်ပါတယ်။
ဆိုရိုးစကားများ
------------------
Daydream Quotes App က ဆိုရိုးစကားများကို ကြုံရာကျပန်း ပြသပေးနိုင်ပါတယ်။ အနက်ရောင်နောက်ခံပေါ်မှာ အဖြူရောင်စာသားများနဲ့ ရေးသားပြသပေးတဲ့အတွက် အမြင်ရှင်းစေပါတယ်။ ဖုန်းကို ကြည့်လိုက်တိုင်း အတွေးပွား စရာများ ပေးစွမ်းနိုင်ပါတယ်။
Flipboard
------------
Flipboard က အင်တာနက်မှ ဆောင်းပါးများ၊ သတင်းများ ၊ ဓါတ်ပုံများနဲ့ ဗီဒီယိုများကို Magazine အနေနဲ့ ပြသပေးနိုင်ပါတယ်။ Flipboard က Daydream Mode ကို အထောက်အပံ့ပေးတဲ့အတွက် ဖုန်းကို အားသွင်းနေ ချိန်မှာ Magazine ဖတ်ရှုချင်ရင် အဆင်ပြေမှာပါ။
အခြား Apps များ
----------------------
အပေါ်မှာဖော်ပြထားတဲ့ App များအပြင် Daydream Mode ကို အသုံးချနိုင်တဲ့ Apps များစွာ ရှိပါသေးတယ်။
Website Daydream က ၀က်ဆိုက်တိုင်းကို Daydream Mode မှာ ပြသပေးနိုင်ပါတယ်။
Weather Daydream Screensaver က ရာသီဥတု အခြေအနေကို ပြသပေးနိုင်ပေမယ့် အခပေး App ဖြစ်ပါ တယ်။
Beautiful Widgets မှာ အချိန်နဲ့ ရာသီဥတုကို ပြသပေးနိုင်တဲ့ Daydream စွမ်းဆောင်ချက် ပါရှိပါတယ်။
Daydream Mode ဟာ ဖုန်းကို အားသွင်းနေချိန်မှာတောင် သတင်းအချက်အလက်များ စဉ်ဆက်မပြတ် ကြည့်ရှု ချင်သူများအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ချက် ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook