Facebook page ပိုင်ရှင်များ ဖတ်ပေးပါ Share ပေးပါ


Facebook page တွေမှာ အခုတလော ဟက်ကာအချို့ရဲ့ မက်ဆေ့တွေ ၀င်နေပါတယ်။ မက်ဆေ့တွေ ၀င်လာရင်
သူတို့ ပေးတဲ့ လင့်တွေသွားမနှိပ်ပါနဲ့ နောက် email တွေ password တွေ သွားမဖြည့်ပါနဲ့ အထူးသဖြင့် Online Shop page တွေကို ပို့တာများပါတယ် 

သင့်ဖေ့ဘွတ် အကောင့်ကိုပိတ်မယ် မပိတ်စေချင်ရင် ဒီလင့်ကို နှိပ်ပါ email တွေ password တွေဖြည့်ခိုင်းပါလိမ့်မယ် အဲဒါဆို သင့်ကို မပိတ်ဘူးဆိုတဲ့ မက်ဆေ့တွေပါ။ 

အဲဒါကို ကိုယ်က ကြောက်ပြီး ဖြည့်ခိုင်းတိုင်း ဖြည့်ပြီဆိုရင် သင့်အကောင့်ရဲ့ email နဲ့ password ကို အလွယ်တကူ သိရှိသွားပါပြီ ဒါဆို သင့် Page တွေကို သူတို့ အလွယ်တကူပဲ ယူလို့ရသွားပါပြီ
သင့်အကောင့်ကို Password မချိန်းဘူး ဆိုတာတောင် သင့်ရဲ့ Admin ယူထားတဲ့ ပေ့တွေကို သူတို့ အက်မင်ယူပြီး သင့်ကို ဖြုတ်သွားပါလိမ့်မယ် 

ဒါကြောင့် အဲဒီ လင့်ကို မနှိပ်တာ အကောင်းဆုံးပါပဲ.... 

သူတို့ဟက်နည်းက မြန်မာပေ့တွေကို အဓိက ထား Hack တာပါ
မြန်မာတွေလုပ်တာလို့ပဲ ကျွန်တော်ထင်ပါတယ် ယုံကြည်အောင် barcode တွေနဲ့ 

Facebook © 2014 All rights reserved.
█║▌│█│║▌║││█║▌│║▌║║│║▌█║
110 22 1 281 12 98 124 175 001 2 

အဲလိုတွေတောင် ပါသေးတယ် ကလေးကွက်တွေလို့ ပြန် reply လုပ်လိုက်ပါ 

သူတို့ ပို့တဲ့ Message က -> 

Account Warning: Your Account will be Disabled! 

Your account has been reported by other users, and your account will be closed permanently, with reasons in Facebook : 

√ Using fake names
√ Identity fraud on your account
√ You write content that is not fun (rough).
√ Using pornographic photos and photos of other users.
Please restore your account, to prevent account disable, thank you. 

Please restore an account here ☞ http://db.tt/ZN5fYwoF?cancel-account-fb-myr.com 

"Warning"
If you ignore this message, we can not recover your account and your account will be permanently disabled.
Sorry to interrupt your convenience. 

အဲဒါပါ Link ကို သေချာကြည့်ပါ www.Dropbox.com လင့်နဲ့ပါ။ 

Facebook ကသာ တကယ် ပို့ခဲ့မယ်ဆိုရင် www.facebook.com နဲ့ စပါလိမ့်မယ် 

သတိထားရမှာက လူတွေ facebook အကောင့်ကို တန်ဖိုးထားလေ အဲလိုမျိုး မသမာ မှုတွေ များလာလေဖြစ်မှာပါ အကောင့်ပိတ်မှာကို ကြောက်တဲ့စိတ်နဲ့ သူတို့ ပြောသလို လုပ်မိရင်တော့ မှားပါမယ် ။ အမှန်တကယ် ဖေ့ဘွတ်က သင့်အကောင့်ကို ပိတ်မယ်ဆိုဘယ်တော့မှ Message ကနေ မဆက်သွယ်ပါ သင်ဝင်ထားသော email ကိုသာ ပို့ပါလိမ့်မယ်... အားလုံးသိစေချင်လို့ ရေးလိုက်တာပါ

ကျေးဇူးတင်လျက်ပါ 


ကိုဆက်ကြီး
(ကွန်ပျူတာတက္ကသိုလ်၊ ပခုက္ကူ)
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...