Google အကောင့်တွေရဲ့ လုံခြုံရေးအတွက် Google ရဲ့ Security Panel အသစ်
Mario on 2014-09-18 14:10
Google က Google အကောင့်တွေမှာ Panel အသစ် တစ်ခုတိုးပြီး Settings အသစ်တွေ ချိန်ညှိခွင့် ထပ်မံ ပေးခဲ့ပါတယ်။ အဲဒါကတော့ Security Settings ပါ။ အသစ်တွေ မဟုတ်ပေမယ့်လည်း ဒီ Settings အသစ် တွေက သင့်ရဲ့ Google အကောင့်တွေကို အရေးကြီး တဲ့ လုံခြုံရေး စနစ် ၅ ခု ကိုဖန်တီးပေးမှာပါ။ သင့် Google အကောင့်တွေ ရဲ့ လုံခြုံမှု ဘယ်လောက်ရှိသလဲ၊ သင် အတည်ပြုတဲ့ အဆင့်နှစ်ခုလုံးကို တပ်ဆင်ထား ရဲ့လား၊ ဘယ် apps တွေကနေ သင့်အကောင့်ကို ရယူသုံးစွဲခွင့်ရှိလဲ ဆိုတာ သင်သိလား၊ ဒါတွေက ကမ္ဘာ တစ်ဝှမ်းလုံးက Google အသုံးပြုသူ အားလုံးအတွက် အရေးကြီးလာပါပြီ။
Google ရဲ့ panel အသစ်က သုံးရတာ လွယ်ကူပါတယ်။ Account Settings ထဲက Security ထဲမှာ Secure Your Account ဆိုတဲ့ Panel ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Get Started ကို နှိပ်လိုက်ပါက Settings ၅ ခုကိုရွေးချယ်ခွင့်ရပါမယ်။ အဲဒါတွေကတော့
1.Recover information
2.Recent activity
3.Account permissions
4.App passwords
5.Two-Step Verification တို့ပဲဖြစ်ပါတယ်။
ဒါတွေက လုပ်ပုံလုပ်နည်းအသစ်တွေမဟုတ်ပါဘူး။ အလွယ်ကူဆုံး တင်ဆက်မှုတွေနဲ့ လုပ်ဆောင်ခွင့် ရမှာပါ။ ဒီ Settings တစ်ခုစီတိုင်းအတွက် update နဲ့ edit ကို သုံးစွဲသူ စိတ်ကြိုက်လုပ်နိုင်ပါတယ်။ ဒါကြောင့် Google ရဲ့ Security Panel အသစ်ကို Google သုံးစွဲသူတိုင်း မိမိအကောင့်လုံခြုံရေး အတွက် update လုပ်နိုင်စေရန် ရေးသားပေးလိုက်ရပါတယ်။
Ref:cnet.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) သင့်ရဲ့ မောပန်းနွမ်းနယ် မှုတွေကို ဖယ်ရှား ပေးနိုင်မယ့် အချက်များ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) မိုဘိုင်းဖုန်း ပြိုင်ပွဲကြီး စပြီ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး