သင့်ရဲ့ မောပန်းနွမ်းနယ် မှုတွေကို ဖယ်ရှား ပေးနိုင်မယ့် အချက်များ
Mario on 2014-09-18 14:35
သင်ဟာ အလုပ်တွေ ပင်ပန်းပြီး အားအင် ကုန်ခမ်း နေတယ်လို့ ခံစားလာရတဲ့ အခါမှာ ခြေကုန် လက်ပန်း ကျကာ စိတ်ပျက်လာတတ်ပါတယ်။ အဲဒီတော့ သင့်ရဲ့ မောပန်းနွမ်းနယ် မှုတွေကို ဖယ်ရှား ပေးနိုင်မယ့် အချက်တွေကို ဖော်ပြပေး လိုက်ပါတယ်။
၁။ လှုပ်ရှားမှုပြုလုပ်ပါ
သင်ဟာ တစ်နေကုန် အလုပ်တွေ ပင်ပန်းပြီး အားအင် ကုန်ခမ်းနေပေမယ့် တစ်နေ့ကို ၁၅ မိနစ် လောက် လမ်းလျှောက်ပေးခြင်းဟာ သင့် ကိုလန်းဆန်းမှုတွေ ပြန်လည်ရရှိစေမှာပါ။
၂။ရေသောက်ပါ
သင် ပင်ပန်းနေခြင်းဟာ အထူးသဖြင့် ရေဓါတ်ခမ်းခြောက်မှုကြောင့်ပဲဖြစ်ပါတယ်။ ရေတစ်ခွက်လာက် သောက်သုံး လိုက်ခြင်းအားဖြင့် သင်ဟာ လန်းဆန်းမှုကိုပြန်လည်ရရှိနိုင်ပါတယ်။
၃။ကဖိန်းဓါတ်ကိုဖြတ်တောက်ပါ
လေ့လာမှုတွေနဲ့ သီအိုရီတွေအရတော့ ပင်ပန်းမှုတွေကိုလျှော့ချဖို့ ကဖိန်းဓါတ်မှီဝဲခြင်းနဲ့ ကဖိန်းပါဝင်တဲ့ အစား အစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
၎။ယမကာ သောက်သုံးမှုကိုလျှော့ပါ
အိပ်ယာဝင်ခါနီးမှာ အရက် ယမကာသောက်သုံးခြင်းဟာ မနက် အိပ်ရာနိုးတဲ့အခါမှာ ပင်ပန်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ယာဝင်ခါနီး ၂ နာရီ နဲ့ ၃ နာရီ အတွင်း အရက် သောက်သုံးခြင်းကို ဆင်ခြင်သင့်ပါတယ်။
၅။ စောစောအိပ်ပြီး စောစောထပါ
အိပ်ရေးမ၀ခြင်းဟာလည်း တစ်နေကုန် ပင်ပန်းနွမ်းနယ်နေမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့အတွက် စောစောအိပ်ပြီး စောစောထပါမှ တစ်နေကုန် လန်းဆန်းမှုကိုရနိုင်မှာပါ။
၆။စိတ်ဖိစီးမှုကိုလျှော့ချပါ
စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ Gym ကစားခြင်း နဲ့ ရေကူးခြင်းလိုမျိုး အနားယူခြင်းတွေဟာ သင့်ကို စိတ်ပျော်ရွှင်စေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုလျော့ကျစေမှာပါ။
Ref:mensxp.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) မိုဘိုင်းဆင်းမ်ကတ် မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ် ဆွဲမည်ဟုဆို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်
- (အနောကျသို့) Google အကောင့်တွေရဲ့ လုံခြုံရေးအတွက် Google ရဲ့ Security Panel အသစ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်