Rheumatism လေးဘက်နာ
ခဏခဏမေး၊ မကြာမကြာ တင်ပေးနေရတဲ့ ရောဂါ။ အရင် ရေးထားတာတွေကို စုပေါင်းပြီး တပုဒ်ထဲ လုပ်လိုက်ပါတယ်။ ဒါကြောင့် နည်းနည်း ရှည်သွားတယ်။
ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာလာတယ်။ အနီးစပ် ဆုံးက Rheumatism ဖြစ်ပါတယ်။ ဒီထဲမှာ (ရူမက်တစ်) အဆစ်နာ၊ (ရူမက်တစ်) အဖျား၊ (ရူမက်တစ်) နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။
အဆစ်နာ အမျိုးအစားပေါင်းက ရာကျော်ရှိတယ်။ အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလားမမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်းကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်း နာလို့ “လေးဘက်နာ” လို့ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။
အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ အဆစ်နာအပြင် အရွတ်နာ၊ အဆစ်ဖုံးနာ၊ အရွတ်ကြောနာ။ အများဆုံး ထိတာက အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင် မခံနိုင်ဘူး။
အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ လူ ၁ဝဝ မှာ ၁ ယောက် ဖြစ်နေကြ တယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို ကိုယ်နဲ့ မသင့်တာရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။
တချို့က ခုခံအားစနစ်နဲ့ဆိုင်လို့ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာ ပါတယ်။ သူ့အောက်မှာလည်း ရောဂါမျိုးစုံ ပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ် အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။
အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ အဝါရောင် အဖျားရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။
ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လိုဖြစ်လာမယ်၊ တဖက်ထဲလဲဖြစ်နိုင်၊ ဘယ်-ညာလဲဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။
လူ ၁ဝဝဝ မှာ ၆ ယောက်မှာ RA ရှိတယ်။ အမျိုးသမီးတွေက ၂-၃ ဆ ပိုတယ်။ အဆစ်မှာ အများဆုံးဖြစ်တယ်။ ကျန်အင်္ဂါအစိတ်အပိုင်းတွေကိုဖြစ်တာ ၁၅-၂၅% ရှိတယ်။ အဆုပ်မှာ ခဲနေတယ်။ ကျောက်ကပ်မှာ ရောင်ရမ်း ဖြစ်စဉ်တမျိုး ဖြစ်တယ်။ နှလုံးနဲ့သွေးကြောမှာ သွေးလွှတ်ကြောမာ-ကျဉ်းလို့ နှလုံးသွေးကြော ပိတ်တာဖြစ် စေနိုင် တယ်။ နှလုံးအဖုံးလွှာ ရောင်တာ၊ နှလုံးကြွက်သားရောင်တာ၊ ဘယ်ဘက်အောက်ခန်းအလုပ်မနိုင်တာ၊ အဆို့ရှင်တွေ ရောင်တာစတဲ့ နှလုံးရောဂါတွေကိုလဲ ဖြစ်စေနိုင်တယ်။ အာရုံကြော၊ မျက်စိ၊ အသဲ၊ ထိခိုက်မှုနဲ့ သွေးအားနည်းတာတွေလဲဖြစ်နိုင်တယ်။
Rheumatoid arthritis (RA) ရူမတွိုက် အဆစ်နာဆိုတာ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာပါတယ်။ သူ့လူနဲ့ ကိုယ့်လူ မခွဲခြားတတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါဖြစ်တာ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်းရှိတယ်။
(ရူမက်တစ်) ရောဂါသေခြာအောင် ASO Test, Complete blood count, ECG, ESR တွေလုပ်ရတယ်။ ASO ဆိုတာ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units per milliliter တနည်းပြောရရင် လူကြီးဆို 200 units အောက်၊ ကလေးဆို 300 units အောက်ရှိတယ်။
အဲတာတွေအပြင် Rhumatic factor (RF) positive ဒါမှမဟုတ် Cyclic Citrullinated Peptide (CCP) antibody test လုပ်မယ်။ ရှိနေသူဆိုတာ Rheumatoid arthritis (RA) ဖြစ်နေတာကို သေခြာစေတယ်။ မရှိတိုင်း မဖြစ်ဘူး မဟုတ်ပြန်ပါ။ ၃ဝ% မှာ (RA) မတွေ့ဘူး။ အထူးသဖြင့် ရောဂါဖြစ်တာစောသေးရင် မရှိကြဘူး။ Anti-CCP antibody ရှိနေသူက -၉၆-၉၈% သေခြာတယ်။ များလာလေလေ အဆစ်ပျက်စီးနေလေလို့သိတယ်။ ဒါပေမဲ့ ဒီစမ်းသပ်နည်းမှာ အနုတ်ပြပေမဲ့ ဒီရောဂါမဟုတ်ဘူးလို့ မပြောနိုင်သေးပါ။
• Rheumatoid Factor (RF) ၇ဝ-၈ဝ% မှာ ရှိနေမယ်။
• (ESR) မြင့်မားနေမယ်။
• (CRP) အသင့်ကနေ များနေမယ်။
• Anti -CCP အသင့်ကနေ များနေမယ်။
• Antinuclear Antibodies (ANA) အသင့်ကနေ များနေမယ်။ SLE ဖြစ်နေရင် ၉၅% သေခြာတယ်။
• Scleroderma ဖြစ်နေရင် ၆ဝ-၈ဝ% သေခြာတယ်။ Sjogren’s syndrome ဖြစ်နေရင် ၄ဝ-၇ဝ% သေခြာတယ်။ Rheumatoid arthritis ဆိုရင် ၃ဝ-၅ဝ% သေခြာတယ်။
• သွေးဖြူဥ များနေနိုင်တယ်။
• Human Leukocyte Antigens (HLA) တချို့မှာ ရှိတယ်။
• Uric Acid များနေနိုင်တယ်။ ဂေါက်ဖြစ်နေသူတွေမှာ သေခြာတယ်။
• ဓါတ်မှန်နဲ့ MRI လဲလုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ
ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့ စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လို ဖြစ်လာမယ်၊ တဖက်ထဲလဲ ဖြစ်နိုင်၊ ဘယ်-ညာလဲ ဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင် တယ်၊ အားယုတ်နေမယ်။
ဆေးကုနည်း သုံးပိုင်းရှိတယ်။ (၁) နာနေတဲ့နေရာကို ဒဏ်သက်သာအောင် လုပ်တာ၊ (၂) ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင် ပြန်လုပ်နိုင်အောင် ကုသပေးတာနဲ့ (၃) ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (၁) (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (၂) (ကော်တီကိုစတီရွိုက်) ဆေး၊ (၃) (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။
(ရူမက်တစ်) အဖျားဖြစ်ရင် ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ချက်ချင်း ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ ဆေးကို ၁ဝ ရက်အပြည့်ပေးတယ်။ နာတာ သက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေးပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။
ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ အဖျားက ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။
ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကိုနိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ် တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲမဖြစ်ဘူး။ (ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ် မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။ Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို (ရုမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့သုံးတယ်။
Strep-throat လည်ချောင်းနာ
Group A β-hemolytic streptococcal (GAS) tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။ ရောဂါသေခြာအောင် Throat culture လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။ ကုသဘို့ အကောင်းဆုံး ဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။
(ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။
တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာ ကာကွယ်နေ ရမလဲ။ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ (ပနယ်စလင်) ဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။
လေးဘက်နာနဲ့ ငှက်ဖျားဆေးများ
ရုမတွိုက် အဆစ်နာကို ငှက်ဖျားဆေးတွေ ပေးပြီးကုသနည်းကို အသင့်အတင့် ရောဂါမွမ်းမံနည်းအဖြစ် သုံးတယ်။
1. Chloroquine sulphate - Nivaquine / plasmoquine
2. Chloroquine phosphate - Chloroquine
3. Hydroxychloroquine – Plaquenil တွေကို သုံးကြတယ်။
ဒီဆေးပေးဘို့ ဆုံးဖြတ်ချက်ဟာ နာနေတာ သက်သာမဟုတ်ဘဲ ရောဂါပြီးစနစ်ကို ကြည့်ရတယ်။ ဆေးကို တုန့်ပြန် မယ် ဆိုရင် ၂-၆ လအတွင်းမှာ သိသာပါမယ်။ ငှက်ဖျားဆေး တမျိုးထဲပေးနည်းရှိသလို တခြား Methotrexate ဆေးနဲ့ပါ တွဲပေးတာလဲရှိတယ်။ အဲလိုနည်းကနေ Methotrexate ရဲ့ ဘေးထွက်-ဆိုးကျိုးနည်းစေတာတွေ့ရတယ်။
ဘေးထွက်-ဆိုးကျိုးတွေ = နေလောင်မခံနိုင်၊ အရေပြား အစက်အပျောက်ဖြစ်၊ အလာဂျီ အနီကွက်ဖြစ်၊ ပျို့ (အထူး သဖြင့် ခါးတာစားမိရင်)၊ နားထဲအသံမည်၊ မျက်စိကြည့်မကောင်း (ရှားပါး)။
ဆေးဘယ်လောက်ပေးမလဲ
• Chloroquine - 4mg/kg chloroquine base
• Hydroxychloroquine - 6mg / kg
ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်း သွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြော ထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် လုံးဝပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင် သာ ဖြစ်ပါ တယ်။ ရောဂါရှိတာကို စောစောသိဘို့လိုတယ်။ သိလို့ အပြင်းအထံဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင် တာ ဆောရီးပါ။
လူကသိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ်အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ (စတီရွိုက်) ဆေးထိုးပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။
တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာ ကာကွယ်နေ ရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုးဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ Penicillin V ပနယ်စလင်စားဆေးကို (ရူမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့ သုံးတယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azithromycin, Clarithromycin ဆေးတွေ ပေးနိုင်တယ်။
လေးဘက်နာကုသနည်းတွေကို (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျလေ့လာမှု
(၁) ထိရောက်တဲ့ ဆေးတွေ = Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။
ငှက်ဖျာဆေးတွေ (Chloroquine and Hydroxychloroquine) ပေးတာ သက်သာတယ်။ Methotrexate (ကင်ဆာဆေး) ပေးတာ သက်သာစေတယ်။ Minocycline ပေးတာ သက်သာစေတယ်။ Sulfasalazine ပေးတာ သက်သာစေတယ်။ Corticosteroid ရက်တိုနဲ့ နည်းနည်း ပေးတာ သက်သာစေတယ်။
(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ဆေးတွေ = Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။ Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။ (DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။
(၃) မသုံးသင့်တော့တဲ့ ဆေးတွေ = Azathioprine, Ciclosporin, Cyclophosphamide, Corticosteroid lone term use, Parenteral gold, Penicillamine တွေဖြစ်တယ်။
ဒေါက်တာတင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook