Earache နားကိုက်ရင်

1. ကျွန်တော်အသက် ၂၇ နှစ်ပါ။ ည ၁၂ နာရီလောက် အိပ်ရာထဲ ၀င်ပါတယ်။ နားအရမ်းကိုက်လာလို့ အိပ်မပျော်ပါ။ ကိုက်တာက ညာဘက် နားပါ။ နားထဲနိုက်တာမျိုး ကလိတာမျိုးလဲ မလုပ်ပါ။ ညဘက်ကြီး ဆိုတော့။ ဆေးခန်း ပြဖို့လည်း အဆင်မပြေပါ။ သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းရှိရင် ပြောပြပေးပါဆရာ။ တော်တော်ကိုက်လို့ ဆရာဆီ လှမ်းမေးလိုက်တာပါ။ ဘာကြောင့် ဖြစ်မှန်လည်း စဉ်းစားမရပါ။ မအိပ်ခင်ကတော့ ဒီကိုဂျင် ၁ ပြားသောက် ထာပါတယ်။ ပြီးတော့ ချောင်းဆိုးပြောက်ဆေး အရည်လည်း သောက်ထား ပါတယ်။ နားက လုံးဝကို အထိမခံနိုင်တော့ပါ။
2. မိန်းကလေး၊ အသက် ၂၉ အရွယ်၊ နားယားလို့ နားကြပ် (နားကလော်) မိပါတယ်။ ဂွမ်းတံ၊ ကြက်တောင်မွှေး စသည်တို့ကို သုံးမိပါတယ်။ အဲဒါပြီးတော့ နားထဲမှာ နေရခက်နေပါတယ်။ နှစ်ရက်မြောက်နေ့မှာ နည်းနည်း ကိုက်လာသလိုဖြစ်လို့ Kemose, Alexin ဆိုတဲ (အရောင် ကျဆေးနှင့် အကိုက်အခဲပျောက်ဆေးဟု ဆိုကြသောဆေးများ) ဆေးများကို မိမိသဘောနှင့် မိမိသောက်ပါတယ်။ အဲလိုနဲ့ မသက်သာခဲ့ပါဘူး။ Alexin တွေသောက်သောက်နေလို့ သုံးရက်မြောက်နေ့မှာ မနက်ပိုင်းတွေမှာ သိပ်မကိုက်လှပေမယ့်၊ ညနေပိုင်းနှင့် ညပိုင်းတွေမှာ မခံနိုင်လောက်အောင် ကိုက်နေပါတယ်။ ပြီးတော့ အရည်တစ်မျိုး ထွက်လာပါတယ်။ နီးစပ်ရာ ဆေးခန်းသွားပြပါတယ်။

နားကိုက်တာဟာ ကလေး-လူကြီး အဖြစ်များတယ်။ ကိုက်တယ်-နာတယ်ဆိုတာ Inflammation (အင်ဖလမေးရှင်း) ခေါ်တဲ့ ရောင်ရမ်း ဖြစ်စဉ် ရှိလာလို့ပါ။ နားဆိုတော့ External auditory canal နားအပြင် ဆုံးပြွန်၊ Tympanic membrane နားစည် နဲ့ Middle ear နားအလည်ပိုင်းတွေမှာ ဖြစ်တယ်။ Tympanic membrane (Eardrum) နားစည်ရောင်တာကို Myringitis လို့ ဆေးစာနဲ့ ခေါ်တယ်။

- Otitis externa နားအပြင်ဆုံးမှာ နာတာကို ခေါ်တယ်။ အရေပြားရောင်သလိုသဘောပါဘဲ။ ရေကူးသူတွေမှာ ဖြစ်တတ်လို့ Swimmer's ear လို့ ခေါ်သေးတယ်။
- Middle ear နားအလည်ပိုင်း နဲ့ Eardrum နားစည် ရောင်တာကို Otitis media ခေါ်တယ်။
- Otitis externa အပြင်ပိုင်းရောင်တာက Trapped moisture ရေချိုးရင်း၊ ရေကူးရင်း ရေငွေ့ ပိတ်မိနေတာနဲ့ Minor injury နဖါကလော်လိုကနေ သာမန်ကာရှန်ကာ ခိုက်မိရာကနေ ဖြစ်တာများတယ်။ တဆင့်တက်ပြီး Bacteria ဗက်တီးရီးယားတွေ ပေါက်ပွါးလာနိုင်တယ်။ Fungus မှို (ဖန်းဂတ်စ်) ကနေဖြစ်တာ ရှားတယ်။
- Otitis media နားအလည်ပိုင်း ရောင်တာကတော့ Virus ဗိုင်းရပ်စ် Bacteria ဗက်တီးရီးယား တွေကနေ ဖြစ်စေတယ်။ အအေးမိတာ၊ အသက်ရှူလမ်း အထက်ပိုင်းရောင်တာတွေကနေ ဆက်ဖြစ်တတ်တယ်။ ဖြစ်ရင် အထဲမှာရှိနေတဲ့ Eustachian tube နားအတွင်းပြွန် ပိတ်ပြီး နားအလည်ပိုင်းကနေ ပုံမှန်အရည်စီးသွားတာကို ပိတ်ပင်လိမ့်မယ်။ Allergies (အလာဂျီ)၊ မီးခိုး-ဆေးလိပ်ခိုးငွေ့၊ ကလေးကို ပက်လက်ထားပြီး နို့ဗူးတိုက်တာ၊ နားရောင်တာ ဖြစ်လေ့ရှိတဲ့ မိသားစုဆိုတာလဲ တွေ့တတ်တယ်။
- Myringitis နားစည်ရောင်တာက (အင်ဖက်ရှင်) ဝင်တာနဲ့ ထိခိုက်မိတာတွေကနေ ဖြစ်တယ်။ ဖြစ်လာရင် နာမယ်၊ ရောင်မယ်၊ နီနေမယ်။

၁။ Otitis externa နားအပြင်ရောင်ခြင်း
Earache နာတာ-ကိုက်တာက တဖြေးဖြေးဆိုးလာမယ်။ Pain နာတာထက် Itch ကိုက်တယ် ဆိုတာကို ပိုပြောလိမ့်မယ်။ Ear helix နားရွက်ကို ကိုင်ဆွဲရင် ပိုသိသာတယ်။
Hearing loss နားကောင်းကောင်း မကြားရဘူး။
Ringing or buzzing sounds in the ear နားထဲမှာ ဆူညံသံတွေကြားနေရမယ်။
Blocked or full sensation in the ear နားပိတ်နေတယ်ဆိုတာကို ခံစားပြီး သိနေတယ်။
Swelling of the ear နားကလဲ ရောင်နေမယ်။
Thick drainage from the ear canal and helix နားထဲကနေ ခပ်ပြစ်ပြစ်အရည်တွေ ဆင်းမယ်။

၂။ Otitis Media နားအလည်ပိုင်းရောင်ခြင်း
Pain in the ear နာတာကို အဓိကပြောမယ်။
Hearing loss နားကောင်းကောင်း မကြားရဘူး။
Ringing or buzzing sounds in the ear နားထဲမှာ ဆူညံသံတွေ ကြားနေရမယ်။
Full or plugged sensation in the ear နား ပြည့်-ပိတ်နေတာကို ခံစားပြီး သိနေတယ်။
Fever ကိုယ်ပူ (ဖျား) နိုင်တယ်။
Eardrum ruptures နားစည်ပေါက်သွားရင် အထဲက Infected fluid မန်းရည်လိုဟာတွေ ထွက်ကျလာမယ်။
Vomiting အန်တာ၊ Diarrhea ဝမ်းပျက်တာ၊ Irritability အနေရအထိုင်ရခက်တာ၊ Poor feeding ကလေးဆိုရင်အစားပျက်မယ်။ Poor sleeping အအိပ်ပျက်မယ်။
Pain control နာတာသက်သာဆေး၊ Good hydration ရေမနည်းအောင် သောက်ပေးတာ နဲ့ Humidity ရေငွေ့ဓါတ် ကောင်းစေတာတွေကနေ သူ့ဖါသာ သက်သာသွားနိုင်တယ်။
Otoscope နားကြည့်ကရိယာနဲ့ ကြည့်ရင် Ear canal နားအပြင်ပြွန်ဟာ Swollen and inflamed ရောင်-ဖေါင်းနေတာကို မြင်ရမယ်။ Thick drainage ခပ်ပြစ်ပြစ် အရည်ထွက်နေတာလဲ ရှိနိုင်တယ်။

၃။ Bullous Myringitis နားစည်ရောင်ခြင်း
Pain in the ear နားနာ-ကိုက်မယ်။ အတော်နာတယ်။ ပေါက်ထွက်သွားရင် နာတာလျှော့မယ်။
Fever ကိုယ်ပူ (ဖျား) နိုင်တယ်။
Hearing loss နားကောင်းကောင်းမကြားရဘူး။
Bloody drainage from the ear canal နားထဲကနေ သွေးယိုထွက်နိုင်တယ်။
Bullous myringitis နားစည်ရောင်နေတာကို Otoscope နဲ့ကြည့်ရင် Eardrum ရောင်နေတာ၊ Fluid blisters အရည်နဲ့ အပူဖူးလိုဟာတွေ မြင်ရမယ်။

Otitis media နားအလည်ပိုင်းရောင်တာကို Otoscope ကရိယာနဲ့ ကြည့်ပေမဲ့ မမြင်နိုင်ဘူး။ Eardrum အခြေအနေကိုတော့ မြင်နိုင်တယ်။ ရောဂါအစပိုင်းမှာ Serous otitis media အရည်ကြည့်တွေ စုအောင်းနေမယ်။ နားစည်နောက်မှာ Air and fluid bubbles လေဘူဘောင်းလေးတွေကိုပါ မြင်နိုင်တယ်။ အတွင်းဖိအား များလာရင် ကရိယာကနေ လေနဲ့ ကစားကြည့်တဲ့အခါ Eardrum မရွေ့နိုင်တာ သိရမယ်။ Eardrum က နီရဲ-ရောင်နေရင် Acute otitis media ချက်ချင်း ဖြစ်လာတဲ့ နားအလည်ပိုင်းရောင်ခြင်းလို့ ရောဂါနာမည်တပ်မယ်။

Earache Treatment ဘယ်လိုကုသမလဲ
နားကိုက်ရင် အိမ်မှာတင်လုပ်လို့ရတာလဲရှိတယ်။ (အသဲမကောင်းသူကလွဲရင်) Acetaminophen (ပါရာစီတမော) နဲ့ (ကျောက်ကပ်မကောင်းသူတွေနဲ့ သွေးကျဲဆေးသောက်နေသူတွေကလွဲရင်) Ibuprofen အနာ-အကိုက် သက်သာဆေး တခုခုသုံးပါ။ နာတာသက်သာအောင် နားကို အပူကပ်ပေးနိုင်တယ်။

Otitis externa နားအပြင်ရောင်ခြင်းအတွက် Eardrops နားထည့်ဆေးကို ၇-၁ဝ ရက်ထည့်ပါ။ နားထည့်ဆေးထဲမှာ Antibiotic ပါတာက ပိုးကိုသေစမယ်။ Steroid (စတီရွိုက်) ပါတာက အရောင်ကျစေမယ်။ တခါတလေ Oral antibiotic ပဋိဇီဝဆေး ပါးစပ်က သောက်ဘို့ လိုနိုင်တယ်။ ဒီအဆင့်မှာ မသက်သာသေးရင် Otolaryngologist အထူးကု ဆရာဝန်ဆီ သွားပါ။

Otitis Media နားအတွင်းရောင်ခြင်းအတွက် တချို့က ၂-၃ ရက်အတွင်း သက်သာမယ်။ လိုမယ်ထင်ရင် Antibiotics ပဋိဇီဝဆေး ချက်ချင်းပေးမယ်။

Bullous Myringitis နားစည်ရောင်ခြင်းအတွက် Oral antibiotics ပိုးသေစားဆေး၊ Antibiotic ear drops ပဋိဇီဝ နားထည့်ဆေး နဲ့ Pain medications အနာသက်သာဆေးတွေကိုဘဲ ပေးရမယ်။

သတိထားစရာတွေ -
ရေချိုး-ရေကူးပြီးရင် နားကိုဂရုတစိုက် ခြောက်သွေ့ပေးပါ။ ရေကူးရင် နားထဲ Earplugs နဲ့ ပိတ်တားပါ။
နားဖါရှင်းတာကို တွေ့ရာပစ္စည်း မသုံးပါနဲ့။
Hair drier ဆံပင်ခြောက် ကရိယာကို အနိမ့်ဆုံးမှာ ထားသုံးပါ။ နားနေရာနဲ့ ၁ ပေအကွာမှာထားပါ။

အပြစ်တင်ရင်လည်း ခံရပါမယ်။ ဆရာပြောပြထားတဲ့ အချက်တွေထဲက Otitis externa နားအပြင်ရောင်ခြင်းနဲ့ ကိုက်ညီပါတယ်။ ဒါပေမယ့် ကျွန်မတို့ မိသားစုက ဆေးပညာနဲ့ နည်းစပ်မှု လုံးဝမရှိလို့ ဒီလက္ခဏာ ဆိုရင် ဘာဆေးတွေ သောက်ရမှာလည်းရှင့်။ အခု ဒီက ဆရာဝန်များ သောက်ခိုင်းတဲ့ ဆေးက သောက်ရန်သင့်ပါရဲ့ လားရှင်။ ဆရာစာထဲမှာ နားလည်မိသမျှ ဆိုရင် နားထဲသို့ထည့်သောဆေးကို ၇ ရက်မှ ၁ဝ ရက်အထိ ထည့်ရပါ မယ်လို့ ပါပါတယ်။ အဲဒါ အမျိုးအမည်လေးပါ ပေးပါလား။ ဒီမှာ သုံးထားမိတဲ့ဆေးရည်က ထည့်မိရင် (4း00) လောက်ကြာရင် နားပိုကိုက်လာတယ်။ မထည့်တဲ့နေ့က လုံးဝမကိုက်ဘူးဖြစ်နေတယ်။ တိုက်ဆိုင်မှုလား၊ ဆေးမှားနေလို့လား။

ဆောရီး။ ဆရာက စာရေး မကောင်းဘူး။ နောက်ပြီး စာဖတ်သူတွေက အခြေခံတွေ အင်မတန် ကွဲပြားကြလို့ ချင့်ချိန်ရတာ သိပ်ခက်တယ်။ ဆေးပညာ သင်ယူသူတွေရော၊ ဝေဒနာသည်တွေရော၊ စာဖတ်သူတွေရောကို ရမ်းပြီး မှန်းရေးရတယ်။ များလွန်းရင်လဲ ဖတ်ချင်မျာမဟုတ်ပြန်ဘူး။
- Diclofenac နာမည်နဲ့ဆေးဟာ နာတာ-ကိုက်တာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- Clotrimazole နာမည်နဲ့ဆေးဟာ မှို (ဖန်းဂတ်စ်) ကို သက်သာစေတဲ့ဆေးမျိုး ဖြစ်တယ်။
- Norfloxacin ဆေးက ပိုး (ဗက်တီးရီးယား) နိုင်တဲ့ဆေးဖြစ်တယ်။
ဆေးထည့်လို့ ပိုနာရင် ဆင်ခြင်နိုင်ပါတယ်။ စစ်ဆေးပြီး ဆေးပေးတဲ့ဆရာဝန် ညွှန်တာတွေ လိုက်နာသင့်ပါတယ်။

• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html


Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...