Samsung Galaxy Device များမှာ Apps များကို Organize ပြုလုပ်နည်းများ

 သင့်ရဲ့ Android Device မှာ ဖိုင်များကို ရှင်းလင်း၊ App များကို Uninstall လုပ်ပြီး Storage မှာ နေရာလွတ် များ ရရှိစေ တာထက် ပိုမိုတဲ့ ရှင်းလင်းမှုများ ပြုလုပ်ဖို့ လိုပါတယ်။ အသုံးမပြုတဲ့ App များကို Hide ပြုလုပ်ထားခြင်း၊ အသုံးများတဲ့ App များကို လွယ်ကူ လျှင်မြန်စွာ ရယူနိုင်မယ့် နေရာမှာ ထားရှိခြင်း၊ Shortcuts များ အသုံးပြုနိုင်မယ့် နေရာကို ချိန်ညှိခြင်းတို့ဟာ သင့် Android Device ကို အသုံးပြုရာမှာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းများက Samsung Galaxy Device များအတွက် ရည်ရွယ်ပေမယ့် အချို့နည်းလမ်းများကို အခြား Android Device များမှာ အသုံးပြုနိုင်ပါတယ်။

Bloatware များကို Hide ပြုလုပ်ပါ။

သင့် လက်စွဲ Apps များကို စီမံခန့်ခွဲမှု မလုပ်ခင်မှာ အသုံးမပြုတဲ့ App များကို အရင်ဆုံး Hide ပြုလုပ်ထားပါ။ စမတ်ဖုန်းများမှာ ဖုန်းထုတ်လုပ်သူက နဂိုကတည်းက ထည့်သွင်းပေးထားတဲ့ Bloatware လို့ ခေါ်တဲ့ Apps များပါရှိတတ်ပါတယ်။ အဲဒီ Bloatware များကို အသုံးမပြုရင် Hide ပြုလုပ်ထားပါ။ ဒီလိုလုပ်ဖို့ Menu ကို နှိပ်ပြီး Settings ထဲသွားပါ။ General အောက်မှ Application Manager ကိုနှိပ်ပါ။ အဲဒီမှာ Apps အားလုံးကို တွေ့နိုင် ပါတယ်။ Bloatware များကို လိုက်ရှာပြီး Disable လုပ်ထားရင် နောက်ကွယ်မှာ အလုပ်လုပ်နေမှာ မဟုတ်သလို App Drawer မှာလည်း ပြသပေးမှာ မဟုတ်ပါဘူး။ Disable လုပ်ချင်တဲ့ Bloatware ကိုတစ်ချက်နှိပ်ပြီး Turn Off or Disable ခလုတ်ကို တစ်ချက်နှိပ်ပါ။ အခုဆိုရင် အသုံးမပြုတဲ့ Bloatware များကို နေရာပြောင်းရွှေ့ရတဲ့ အလုပ် ရှုပ်မှု မရှိတော့ပါဘူး။ တစ်ခုမှတ်ထားရမှာက Bloatware တိုင်းကို Disable လုပ်လို့ မရပါဘူး။

App Drawer View Settings ကို ပြောင်းလဲပါ။

Apps များကို Add ဒါမှမဟုတ် Remove လုပ်ရင် အထူးသဖြင့် မကြာခဏ ပြုလုပ်ရင် App Drawer မှာ App များရှုပ်ပွနေပြီး သုံးချင်တဲ့ App ကို အလွယ်တကူ ရှာမရတော့ပါဘူး။ အက္ခရာစဉ် အလိုက် ပြသပေးထားခြင်း မရှိတဲ့အတွက် ပိုမို ရှုပ်ထွေးစေပါတယ်။ App Drawer ကိုဖွင့်ထားပြီး Menu ခလုတ်ကို နှိပ်ပါ။ View Type ကိုနှိပ်ပြီး Alphabetical Grid ဒါမှမဟုတ် Alphabetical List ကိုရွေးပါ။ နှစ်ခုစလုံးက Apps များကို အက္ခရာ စဉ်အလိုက် ပြသပေးမှာ ဖြစ်တဲ့အတွက် သုံးချင်တဲ့ App ကို လွယ်ကူလျှင်မြန်စွာ ရှာနိုင်မှာ ဖြစ်ပါတယ်။

App Folder များ ပြုလုပ်ပါ။

App Drawer မှာ Apps များပြားစွာ ရှိနေရင်တော့ Home Screen များမှာလည်း App များစွာ ရှိနေအုံးမှာ ဖြစ်ပါ တယ်။ ဒါဆိုရင် Home Screen များစွာမှ App များစွာထဲမှာ အသုံးပြုချင်တဲ့ App ကို လိုက်ရှာရတာ မလွယ်ကူ လှပါဘူး။ တူညီတဲ့ App များ ဒါမှမဟုတ် အသုံးများတဲ့ App များကို ဖိုဒါထဲမှာ ထည့်သွင်းထားလိုက်ရင် Home Screen များမှာ App များ ရှုပ်ပွနေမှာ မဟုတ်ဘဲ လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ဖိုဒါတစ်ခု ပြုလုပ်ဖို့ Home Screen ပေါ်မှာ ဖိထားပြီး Folder ကို ရွေးချယ်ပါ။ ပြီးရင် နာမည်ပေးပါ။ ဖိုဒါပြုလုပ်ပြီးရင် Apps များကို Drag ဖိဆွဲပြီး ဖိုဒါထဲကို ထည့်သွင်းပါ။

Docked Icon များကို ပြောင်းလဲပါ။

Android ရဲ့ မျက်နှာပြင် အောက်မှာ ရှိတဲ့ အိုင်ကွန်များကို ပြောင်းလဲခြင်းဖြင့်လည်း သင်အသုံးပြုလေ့ရှိတဲ့ App များကို လွယ်ကူလျှင်မြန်စွာ ရယူနိုင်မှာဖြစ်ပါတယ်။ အဲဒီအိုင်ကွန်များဟာ Apps များရဲ့ Shortcut များပါပဲ။ သင့် Android Device ရဲ့ Dock မှာ ပြသထားတဲ့ App များဟာ သင့်စိတ်ကြိုက်မဖြစ်နိုင်ပါဘူး။ သင်နှစ်သက်တဲ့ App များကို Drag ပြုလုပ်ပြီး Dock မှာ နေရာချထားနိုင်ပါတယ်။

Widgets များကို အသုံးပြုပါ။

သင် အနှစ်သက်ဆုံး App များကို မကြာခဏ မဖွင့်ချင်ရင်တော့ Widget App များကို အသုံးပြုနိုင်ပါတယ်။ ရာသီ ဥတု အခြေအနေများကို အချိန်နဲ့ တစ်ပြေးညီ အလွယ်တကူ ကြည့်ချင်ရင် ဖြစ်ဖြစ်၊ Social Media များမှာ လျှင်မြန်စွာ Share ပြုလုပ်ချင်ရင် ဖြစ်ဖြစ် Widget App များက ကူညီပေးနိုင်ပါတယ်။ သင့်ဖုန်းမှာ အင်စတော လုပ်ထားတဲ့ Widget တစ်ခုကို Home Screen မှာ အသုံးပြုနိုင်ဖို့ Home Screen ပေါ်မှာ ဖိထားပြီး Apps and Widgets ကိုနှိပ်ပါ။ Widget App များကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာကို Drag ပြုလုပ်ပြီး နှစ်သက်ရာ Home Screen ပေါ်မှာ နေရာချနိုင်ပါတယ်။ Widgets အချို့ဟာ အရွယ်အစား မျိုးစုံပြုလုပ်ပေးထားပြီး Widget နာမည်ရဲ့ အောက်မှာ ဒေါင်လိုက်နဲ့ အလျားလိုက်နေရာယူမယ့် ပမာဏကို ဖော်ပြပေးထားပါတယ်။

Notification Icon များကို နေရာချပါ။

Notification Bar မှာ တွေ့ရတဲ့ WiFi, Bluetooth, GPS လို Setting App များကို နှစ်သက်သလို နေရာချထားနိုင် ပါတယ်။ Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားပါ။ ဒါမှမဟုတ် Notification Bar မှ Settings Icon ကိုနှိပ်ပါ။ နောက်ပိုင်းထုတ် Android Version ထည့်သွင်းထားတဲ့ Samsung Galaxy Device များမှာ Settings>Device> Notification Panel ဆိုတာပါရှိပါတယ်။ ဗားရှင်းအဟောင်းများမှာ Settings>My Device> Display > Notification Panel ဆိုတာ ပါရှိပါတယ်။ အဲဒီနေရာများကနေ Notification Bar မှာ ပြသပေးမယ့် Settings App များကို ရွေးချယ်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းများကို အသုံးပြုရင် သင့်ရဲ့ Android Device များမှာ App များကို လျှင်မြန် လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


ref;MyanmarDigitalLife
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...