ထူးဆန်း Land Diving အစဉ်အလာ...

Land Diving ဟာ ပစိဖိတ်သမုဒ္ဒရာ တောင်ဘက် ခြမ်းရှိ Pentecost ကျွန်းက မျိုးနွယ်စုတွေရဲ့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ တစ်ခု လို့ ဆိုပါတယ်... အလွန်လူကြိုက်များပြီး နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်...။

ဒိုင်ပင်ထိုးချမဲ့သူဟာ သူရဲ့ခြေကျင်းဝတ်တွေမှာ သစ်ပင်နွယ်ကြိုးတွေ ချည်ထားပြီး... ပေပေါင်း ၆၆ ပေကနေ ၉၈ ပေလောက် မြင့်တဲ့ သစ်သားမျှော်စင်ကြီးပေါ်ကနေ မြေပြင်ပေါ်ကို ဒိုင်ပင်ထိုးချ တာဖြစ် ပါတယ်..... အသုံးပြုတဲ့ နွယ်ကြိုးတွေဟာ အရှိန်ကိုထိန်းပေးနိုင်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ မျှော့ကြိုးလိုမျိုး ပစ္စည်းမဟုတ်သလို... ကိုယ်ပေါ်မှာလည်း လုံခြုံစိတ်ချရတဲ့ ပစ္စည်းတွေ ၀တ်စားဆင်ယင်ထားထာ မရှိတဲ့ အတွက်ကြောင့် ဒိုင်ပင်ထိုးချတဲ့ လူတွေဟာ တော်တော်လေးကို အကျနာပါတယ်... အန္တရာယ်လည်း အလွန်များပါတယ်....။

Land Diving အစဉ်အလာကို ညဏ်ကြီးရှင် မျိုးနွယ်စုအမျိုးသားတွေကပဲ နှစ်စဉ်ဆင်နွဲခဲ့ကြတာပါ... ဒီထုံးတမ်းအစဉ်အလာ စတင်ပေါ်ပေါက်လာတာကတော့...ဒီလိုပါ....... ဇနီးဖြစ်သူဟာ ခင်ပွန်းရဲ့ ကာမ ဆန္ဒစိတ် အရမ်းပြင်းထန်နေတဲ့ ဒဏ်ကြောင့် အရမ်းကို စိတ်အနှောက်အယှက်ဖြစ်နေရပြီး...တနေ့မှာ တောအုပ်ထဲကို ထွက်ပြေးသွားတယ်....ခင်ပွန်းဖြစ်သူကလည်း သူ့နောက်က ပြေးလိုက်ခဲ့တယ်... အဲဒီနောက် ဇနီးဖြစ်သူက ညောင်မုတ်ဆိတ်ပင် (Banyan)ပေါ်ကို ပြေးတက်လိုက်တယ်... ခင်ပွန်းဖြစ်သူ ကလည်း လိုက်တက်တယ်... သစ်ပင်ထိပ်ရောက်တော့ ဇနီးဖြစ်သူက အကြံရပြီး သူမခြေကျင်းဝတ် ကို နွယ်ကြိုးတွေနဲ့ ချည်လိုက်ပြီး အောက်ကို ခုန်ချလိုက်တယ်... အသက်မသေခဲ့ဘူး... ဒါပေမဲ့ ဇနီးဖြစ်သူ ခုန်ချလိုက်တာကို တွေ့လို့ လိုက်ပြီးခုန်ချလိုက်တဲ့ ခင်ပွန်းဖြစ်သူမှာတော့ သူ့ခြေထောက်ကို နွယ်ကြိုးနဲ့မချည်ခဲ့တဲ့အတွက် အောက်ကို တရှိန်းထိုးကျသွားပြီး ပွဲချင်းပြီး သေဆုံးသွားပါတော့တယ်....တဲ့....။

အဲဒီအချိန်ကစပြီး မျိုးနွယ်စု အမျိုးသားတွေဟာလည်း အမျိုးသမီးတွေရဲ့ လှည့်စားမှုကို ခံရတာလို့ မှတ်ယူ ထားပြီး နောက်ထပ်လှည့်စားမှုတွေ မခံရလေအောင် အခုလို လေ့ကျင့်ဆင်နွဲကြတာလို့ ဆိုပါတယ်.....။

(အံ့ဖွယ်သူရဲကောင်းတွေပါပဲး-)....)
 
















ကိုးကား..internet/Wikipedia/izismile/ By Ko Myo
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...