မူကြိုပညာရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး



မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRC) ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင်လည်းကောင်း “လူတိုင်းအတွက်ပညာရေး” ဆိုင်ရာ ဒါကာအညွှန်း ဘောင် ကို ၂၀၀၀ ခုနှစ်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုအညွှန်းဘောင်တွင် ကလေး သူငယ်ပြု စုစောင့်ရှောက်ရေးနှင့် မိဘအသိပညာပေးရေးလုပ်ငန်းကို အထူးအလေးပေးဖော်ပြထားပါ သည်။ ထို့ အပြင် “မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေးအမျိုးသားအဆင့်လုပ်ငန်းအစီအစဉ် ၂၀၁၃-၂၀၁၅” ကို ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့ပါသည်။ ထိုလုပ်ငန်းအစီအစဉ်တွင် Early Childhood Care and Development နှင့်ပတ်သက်၍ “ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး၊ ၎င်းနှင့်ဆိုင် သော ပညာပေးရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ဆောင်ရေးနှင့် ပိုမိုတိုးတက်ကောင်းမွန် အောင်ဆောင်ရွက်ရေး” ဟူသော မျှော်မှန်းချက်ထားရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ပြည်သူ့လွှတ်တော်သည် “ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

အထက်ဖော်ပြပါ သဘောတူညီချက်များ၊ ပြဋ္ဌာန်းချက်များ၊ လမ်းညွှန်ချက်များနှင့် ရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများ သည် တိုင်းဒေသကြီး/ပြည်နယ်များ၊ မြို့နယ်များ၊ အပူပိုင်းဇုန်၊ ရှမ်းကုန်းပြင်မြင့်၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်ဝှမ်းဒေသများတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မူလတန်းကြိုကျောင်း၊ မိခင်ဝိုင်း၊ မိဘပညာပေးလုပ်ငန်း (Parenting Education)၊ အခြားမိဘပညာ ပေးလုပ်ငန်း (Alternative Parenting Education) နှင့် ကစားခြင်းဖြင့်ပညာပေးခြင်း (Play Group) စသည့်ချဉ်းကပ်နည်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြောင်း Comprehen-sive Education Sector Review အဆင့် (၂) ကွင်းဆင်းလေ့လာမှုများအရ လေ့လာသိရှိရပါသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အဖွဲ့အစည်းအသီး သီးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်မှုကြောင့် သူငယ်တန်းကလေးဦးရေ ၁၆၇၇၁၇ ဦးအနက် မူကြိုအတွေ့အကြုံ ရှိသည့်ကလေးဦးရေ ၃၃၇၀၅ ဦး ၂၀.၁% ရှိကြောင်း တွေ့ရှိရပါသည်။

ထိုသို့ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြ သော် လည်း မူကြိုကျောင်းတက်နှုန်း ၂၂.၉% (Multiple Indicator Cluster Survey, 2009-2010) သာရှိ သဖြင့် အာဆီယံနိုင်ငံများအပြင် အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိရပါ သည်။ ၂၀၁၅ ခုနှစ် ‘လူတိုင်းအတွက်ပညာရေး’ ဆိုင်ရာဒါကာအညွှန်းဘောင်အရ လုပ်ငန်းစီ မံချက်တွင် ချမှတ်ထားသည့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေးသင်ယူမှု အခွင့် အလမ်းရရှိရ မည့် ရာခိုင်နှုန်းသည် ၂၅% ဖြစ်သောကြောင့် မူကြိုအရွယ်ကလေးအားလုံး ကလေးပြုစု ရေးဌာနများသို့ စေလွှတ်ပေးရေးအတွက် စည်းရုံးလှုံ့ဆော်ရမည်ဖြစ်ပါသည်။

သို့ပါ၍ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အချင်းချင်းညှိနှိုင်းကာ မိဘပြည်သူများကို ကလေးဘဝ၏ အစော ပိုင်းကာလ ဖွံ့ဖြိုးမှုအရေးကြီးကြောင်း မိဘပညာပေးလုပ်ငန်းများ (Parenting Education)၊ မီဒီယာများ မှတစ်ဆင့် အသိပညာပေးခြင်းနှင့် ဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်၍ သက်ဆိုင် ရာဒေသရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် ဆီလျော်သည့်ရှေးဦး အရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အရည်အသွေးပြည့်ဝသော မူကြိုပညာ ရေးကို အကောင် အထည်ဖော်ဆောင်ရွက်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

မူကြိုအတွေ့အကြုံရှိခြင်းသည် ကလေးများ၏အတန်းအသီးသီးတွင် ကျောင်းနေမြဲခြင်း၊ အတန်းတက် ခြင်း၊ တတ်မြောက်မှု၊ လူမှုဆက်ဆံရေးကောင်းခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေထိုင်တတ် ခြင်း၊ အသက်အရွယ်အလိုက် သင့်လျော်သော စိတ်ပိုင်းနှင့်ရုပ်ပိုင်းဖွံ့ဖြိုးမှုစသည့် အကြောင်းအရာများ နှင့်ဆက်စပ်လျက်ရှိပါသည်။ ထိုဆက်စပ်မှုများအနက် မူကြိုအတွေ့အကြုံရှိခြင်းနှင့် ဆက်စပ်လျက်ရှိပါ သည်။ ထိုဆက်စပ်မှုများအနက် မူကြိုအတွေ့အကြုံရှိခြင်းနှင့် မူလတန်းကျောင်းနေမြဲခြင်း၊ အတန်း တက်ခြင်းတို့၏ ဆက်စပ်မှုကိုကွင်းဆင်းလေ့လာတွေ့ရှိချက်အရ မူကြိုအတွေ့အကြုံရှိသည့် ကလေး များ၏မူလတန်းအဆင့် ကျောင်းနေမြဲနှုန်းသည် မူကြိုအတွေ့အကြုံမရရှိသည့် ကလေးများထက် မြင့် မားကြောင်းသိရှိရပါသည်။

အခြေခံပညာမူလတန်းကျောင်း ၅၁ ကျောင်းတွင် ကွင်းဆင်းလေ့လာဆန်းစစ်ချက်အရ မူကြိုအတွေ့ အကြုံရှိသော ကလေးများ၏မူလတန်းအဆင့် ကျောင်းနေမြဲမှုနှုန်းသည် မူကြိုအတွေ့အကြုံမရှိသော ကလေးများ၏ မူလတန်းအဆင့် ကျောင်းနေမြဲနှုန်းထက် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် (၄.၁၄%)၊ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် (၉.၇၄%)၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် (၇.၃၇%)၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် (၄.၈၇%) နှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် (၅.၂၉%) ပိုမိုကျောင်းနေမြဲ ကြောင်း လေ့လာတွေ့ရှိရပါသည်။ မူကြိုအတွေ့အကြုံရှိသော ကလေးများ၏ မူလတန်းအဆင့် ကျောင်းနေမြဲမှုနှုန်း သည် မူကြိုအတွေ့အကြုံမရှိသော ကလေးများ၏ မူလတန်းအဆင့် ကျောင်းနေမြဲမှု နှုန်းထက် တစ်နှစ်လျှင် ပျမ်းမျှ (၆.၂၈%) ခန့်ပိုမို၍ ကျောင်းနေမြဲကြောင်း လေ့လာတွေ့ရှိရပါသည်။

၂၀၀၉-၂၀၁၀ ခုနှစ် Multiple Indicator Cluster Survey အရ မူကြိုကျောင်းဝင်နှုန်းမှာ မြန်မာတစ်နိုင် ငံလုံး ၂၂.၉% ဖြစ်ပြီး မြို့ပြတွင် ၁၉.၁% နှင့်ကျေးလက်တွင် ၁၅.၉% ရှိသည့်အတွက် ပုံစံအမျိုးမျိုး သော မူကြိုများမှ ၅ နှစ်ပြည့် ကလေးများနှင့် မူကြိုအတွေ့အကြုံမရှိဘဲ အိမ်မှမူလတန်းသို့ဝင်ရောက် မည့် ကလေးများ၏ ဖွံ့ဖြိုးမှုအပြည့်အဝရရှိစေရန် အခြေခံအုတ်မြစ်ကောင်းများ တည်ဆောက်ပေးရန်၊ ပညာရေးအဟောသိကံဖြစ်မှု လျှော့နည်းစေရန်၊ အကူးအပြောင်းကာလ ချောမွေ့စေရန်နှင့် ကျောင်း တွင်အောင်မြင်စွာ သင်ယူနိုင်ရန်တို့အတွက် သူငယ်တန်း (Kindergarten) တွင်သင်ယူမှုအခွင့်အ လမ်းများ တစ်ပြေးညီရရှိအောင်တန်းညှိပြုလုပ်ပေးမည်ဖြစ်၍ သူငယ်တန်းစာသင်နှစ် ထည့်သွင်းရခြင်း ဖြစ်ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်သည်။ မွေးစမှရှစ်နှစ်အရွယ် ကလေးများအတွက် ဖြစ်ပါသည်။ သူငယ်တန်း (Kinderdarten) သည်ကလေးများ၏ အစောပိုင်းနှစ် များနှင့် ကျောင်းဝင်စနှစ်တို့ကို ပေါင်းစည်းဆက်စပ်ပေးသောနှစ်လည်း ဖြစ်ပါသည်။ မူကြိုကာလများ တွင် ကလေးများ၏ဦးနှောက်စွမ်းရည်များ အလွန်လျင်မြန်စာ တိုးတက်နေသောကာလဖြစ်ပြီး သူငယ် တန်းနှစ် များတွင် အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် အခြေခံပညာမူလတန်းအဆင့် တွင် ယင်း တိုးတက်မှုများကို ဆက်လက်ရရှိရန် ပေါင်းကူးဆက်စပ်လုပ်ဆောင်ပေးရန် လိုပါသည်။

ထို့ကြောင့်ကလေးများ၏ အစောပိုင်းကာလဖွံ့ဖြိုးမှုရရှိအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျောင်းအခြေပြုမူကြိုကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန် အသက်ငါးနှစ်အောက်ကလေးများ၏ လိုအပ်ချက်၊ Early Childhood Care and Development ဝန်ဆောင်မှုလိုအပ်နေသော ကလေးအရေအတွက်၊ ရပ်ရွာ၏ Early Childhood Care and Develop-ment ဆိုင်ရာအသိပညာရှိမှု၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းအုပ်များ၊ ဆရာများနှင့် မိဘ ရပ်ရွာတို့မှ မူကြိုကျောင်းဖွင့်လှစ်ရန် စိတ်ဝင်စားမှု၊ ကလေးများသင်ယူမှုအခွင့်အလမ်းရရှိမှုနှင့် ဘေး ကင်းလုံခြုံမှုရရှိနိုင်သော အရင်းအမြစ်များနှင့်လိုအပ်ချက်များ စသည်တို့ကို ဖော်ထုတ်ဆောင်ရွက် လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။ 


မြန်မာ့အလင်းသတင်းစာ
ဇွန် (၃) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...