နိုင်ငံအတွင်း ဘီကနီဝတ်ဆင်ခွင့်ကို ပိတ်ပင်ရန် ကူဝိတ်အစိုးရ စဉ်းစားနေ



ကူဝိတ်နိုင်ငံတွင် ဘီကနီ ဝတ်ဆင်ခွင့်ကို အပြီးတိုင် ပိတ်ပင်သွားရန် အစိုးရက စဉ်းစားလျှက် ရှိနေကြောင်း သိရှိရသည်။ ညစ်ညမ်းရုပ်ရှင်နှင့် စာပေများကို အစိုးရက ဖြိုခွင်းလျှက် ရှိနေပြီး ဘီကနီ ရေကူးဝတ်စုံများကို လည်း လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လှုံ့ဆော်သည့် ပြယုဂ်တစ်ခု အနေဖြင့် တားဆီးသွားရန် အစိုးရက ချိန်ဆနေခြင်းဟု ဆိုသည်။ ထို့အပြင် ကူဝိတ်နိုင်ငံရေး သမားများကလည်း ရေကူးကန်များတွင် အမျိုးသမီး များ ဘီကနီဝတ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေကြောင်း သိရသည်။



ကာတာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်များအား အဝတ်အစား ဆင်ခြင်ရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပြီးနောက် အခြားမွတ်ဆလင် နိုင်ငံတစ်ခုဖြစ်သည့် ကူဝိတ်တွင် ယခုလှုပ်ရှားမှု ပေါ်ပေါက် လာခြင်း ဖြစ် သည်။ မကြာသေးမီက ကာတာအစိုးရသည် နိုင်ငံခြားသူ အမျိုးသမီးများ အနေဖြင့် အလွန်ကျပ်သော၊ အလွန်တိုသော အဝတ်အစားများ ဆင်မြန်းခြင်းမှ ရှောင်ရှားပါရန် တိုက်တွန်းကြေညာချက် ထုတ်ပြန်ခဲ့ သည်။



ကူဝိတ်တွင် ဝတ်လစ်စားလစ်ဆန်သော ဖော်ပြမှုများကို တိုက်ဖျက်ရန် လွှတ်တော်၌ အတည်ပြုချက် ရရှိ ထားသော်လည်း ဝတ်လစ်စားလစ်ဆန်သောဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ် ချက် မရှိသေးဘဲ ဖြစ်နေသည်။ သတင်းများက ဘီကနီအပြင် ခန္ဓာကိုယ် အချိုးအဆက်ကို ပေါ်လွင်လွန်းစေ သည့် အသားကပ် အဝတ်အစားများ ဝတ်ဆင်ခြင်းကိုပါ ပြစ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်(၁)နှစ်ထိ ချမှတ်နိုင်သော ဥပဒေမျိုး ကူဝိတ်တွင် ပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြထားသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...