၂၀၁၄ ပညာသင်နှစ် ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ များအတွက် သုတေသန ထောက်ပံ့ကြေး


နိုင်ငံတကာ ဘွဲ့ရကျောင်း သူ၊ ကျောင်းသားများ အတွက် သုတေသန ထောက် ပံ့ကြေး လျှောက်လွှာ များကို ဖိတ်ခေါ်လျက် ရှိသည်။ အဆိုပါ သုတေ သန ထောက်ပံ့ကြေးကို Open Society Foundation မှ ထောက် ပံ့ပေးအပ်ခြင်း ဖြစ်ပြီး တစ်နှစ် ကြာမြင့် မည် ဖြစ်သည်။ ဘွဲ့ပေးသော သင်တန်း အမျိုးအစား မဟုတ်ဘဲ ဖြည့် စွက် သင်ကြားခြင်း အဆင့်ဖြစ်ကာ New York, Wahsington, Lodonm Brusels မြို့များ တွင် ရှိသော Open Society Foundation ရုံးများတွင် သင်ယူနိုင်သည်။ (သို့မဟုတ်) မြို့နယ် ဆိုင်ရာ အဖွဲ့ အစည်း ဌာနများတွင်လည်း သင်ယူနိုင်သည်။ သုတေသန ထောက်ပံကြေးမှာ ထောက်ပံ့ကြေးငွေ၊ နေထိုင်မှု စရိတ်၊ လေယာဉ် လက်မှတ်ခ၊ ဗီဇာကုန်ကျမှု စရိတ်၊ သုတေသန အထောက်အပံ့၊ ဆွေးနွေးပွဲ တက်ရောက်နိုင်ရန် ဝင်ကြေးနှင့် ကျန်းမာရေးဆိုင်ရာ အာမခံကြေးများ ခံစားခွင့် ရရှိမည်ဖြစ်သည်။ လျှောက် လွှာ ပိတ်ရက်မှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက် ဖြစ်သည်။

လေ့လာရမည့် ဘာသာရပ်

အဓိက သင်ယူနိုင်မည့် အကြောင်းအရာများမှာ လူ့အခွင့်အရေး၊ အစိုးရ ပွင့်လင်း မြင်သာမှု၊ တရားစီရင်ရေး ဆိုင်ရာ အကြောင်း အရာများ၊ အများပြည်သူဆိုင်ရာ လူ့အဖွဲ့အစည်းများ၏ စည်းရုံး လှုပ်ရှားမှုများ၊ လူမှုရေး ဆိုင်ရာ လုပ်ဆောင်ချက် အကြောင်း အရာများ ဖြစ်သည်။ သင်ကြားမည့် အကြောင်းအရာများနှင့် မိမိ သင်ယူချင်သော အကြောင်းအရာများ ကိုက်ညီမှု ရှိ၊ မရှိကို သေချမသိသူများ အတွက် CV တစ်စောင်နှင့် အတူ သိချင်သော အချက်အလက်များ အကျဉ်း ရေးသား ထားသော စာတစ်စောင်ကို လျှောက်လွှာ နောက် ဆုံးရက် မတိုင်ခင် တစ်လကြိုတင် ပေးပို့ စုံစမ်းနိုင်သည်။ ပေးပို့ရမည့် လိပ်စာမှာ OSfellow-at-opesso cietyfoundation.org ဖြစ်သည်။

လိုအပ်ချက်များ

ကမ္ဘာ့အနှံ့အပြားမှ လျှောက်လွှာများ အားလုံးကို လက်ခံသွားမည်ဖြစ်ပြီး လျှောက်ထားသူများက ၎င်းတို့ ရွေး ချယ်ထားသော ဘာသာရပ် နယ်ပယ်များကို ကောင်းမွန်စွာ နားလည်ထားရမည် ဖြစ်ပြီး အတတ်ပညာ ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပတ်သက်၍ ကောင်းမွန်သော မှတ်တမ်းများ ရရှိ ပိုင်ဆိုင်ထားရမည်။ ယခင် တက်ရောက်ခဲ့ဖူးသူများနှင့် ယခုလက်ရှိ တက်ရောက်နေသော လူအများစုသည် သတင်းစာဆရာများ၊ လှုပ်ရှား ပြောင်းလဲရေး ဝါဒီ သမားများ၊ တက္ကသိုလ် ကျောင်းသား ဆရာများ၊ အတတ်ပညာတစ်ခုကို ထူးထူး ချွန်ချွန် တတ်မြောက်ထားသူများ ဖြစ်ကြသည်။ စံပြကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ လုပ် ကိုင်နေသော နယ်ပယ်များ၏ အမြင်ကျဉ်းမှုများကို ကျော်လွန် မြင်နိုင်စွမ်း ရှိသူများ ဖြစ်ကြကာ ထူးခြားသော အရည်အသွေးများ ရှိကြသည်။ ထို့အပြင် အင်္ဂလိပ် ဘာသာစကားကိုလည်း ကောင်းမွန်စွာ ပြော ဆို ရေး သားနိုင်သူ ဖြစ်ရမည်။

ပညာသင်ဆုဆိုင်ရာ အချက်အလက်များ

ယခု ပညာသင်ဆုသည် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ဆန်းသစ် တီထွင်မှုများ သမားရိုးကျ မဟုတ်သော ကိုင်တွယ် ဖြေရှင်းနည်းများကို ရှာဖွေနေသော ကျောင်းသားများ အတွက် ထောက်ပံ့ပေးထား သည်။ ကျောင်းသားများသည် ကောင်းမွန်သော အသိဉာဏ် ပညာများနှင့် အထောက်အပံ့ စီမံဖွဲ့စည်းပုံ အရင်းအမြစ်များ၏ အကျိုးကျေးဇူးများကို ရယူပြီး အဓိပ္ပာယ် ရှိရှိ ပြန်လည် အသုံးချနိုင်ရန် ရည်ရွယ် သည်။ ကျောင်းသား အရေအတွက် အနည်းငယ်သာ ရွေးချယ်သွားမည် ဖြစ်ပြီး တစ်နှစ်ကြာ တက်ရ မည် ဖြစ်သည်။ ရေရှည်နှင့် ရေတို တက်ချင်သူများ၏ တောင်းဆိုချက်ကိုလည်း ထည့်သွင်း စဉ်းစားပေးသွား မည်။ အချိန်ပိုင်း တက်ရောက်နိုင်မည် ဖြစ်သော်လည်း အချိန်ပြည့် တက်ရောက်သူများကိုသာ ဦးစားပေး သွားမည်။

ခံစားနိုင်မည့် အခွင့်အရေး

အချိန်ပြည့် တက်ရောက်မည့် သင်တန်းသားများကို လုပ်သက် အတွေ့အကြုံ ရာထူးနှင့် လက်ရှိ ဝင်ငွေပေါ် မူတည်ပြီး ဒေါ်လာ ၈၀၀၀၀ (သို့) ၁၀၀၀၀၀ ကို ထောက်ပံ့ကြေး ပေးသွားမည် ဖြစ်သည်။ အဆို ပါ ထောက် ပံ့ကြေး အပြင် Project Budget အနေဖြင့် နေထိုင်မှုစရိတ်၊ လေယာဉ်လက်မှတ်ခ၊ ဗီဇာ ကုန်ကျမှုစရိတ်၊ သုတေသန ထောက်ပံ့ကြေး၊ ဆွေးနွေးပွဲ တက်ရောက်နိုင်ရန် ဝင်ကြေးနှင့် ကျန်းမာရေးဆိုင်ရာ အာမခံကြေး များ ခံစားခွင့် ရရှိမည်။

လျှောက်ထားသူများသည် လျှောက်လွှာပိတ်ရက် အပြီး ၄ လအတွင်း အကြောင်းကြားခံရမည်။ လျှောက်လွှာ မတင်ခင် Tips for a Rebust Proposal ကို ဦးစွာ ဖတ်ကြည့်ပြီး အွန်လိုင်း လျှောက်လွှာတွင် အချက် အလက်များ ဖြည့်စွက်ကာ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ပူးတွဲ တင်ပြပေးရမည်။ အင်တာနက် အဆင်မပြေသူများသည် PDF ဖိုင် လျှောက်လွှာများကို ဒေါင်းလုပ် ဆွဲယူပြီး စာတိုက်မှ တစ်ဆင့် ပေး ပို့နိုင်သည်။


ပညာသင်ဆုအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ

http://www.scholarship.positions.com

Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...