Lancaster University မှ စတာလင်ပေါင် ၂,၀၀၀ ပညာသင်ဆု ပေးအပ်မည်



ယူကေရှိ Lancaster University တွင် International Foundation Year (Business and Management Studies) ကို ဝင်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူတိုင်းအား ပညာသင်ဆု စတာလင်ပေါင် ၂,၀၀၀ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုအား ဇွန်လ ၃၀ ရက် မတိုင်မီ လျှောက်ထားသူများအား ပေးအပ်မည်ဖြစ်သည်။

International Foundation Year (Business and Management Studies) ကို တက်ရောက် အောင်မြင်ပြီးပါက Lancaster University တွင် Accounting & Finance, Advertising & Marketing, Business Computing and Information Systems, Business Economics, Business Studies, Economics, Finance, Economics and International Relations, Management, Marketing, Marketing Management, Operations Management, Project Management အစ ရှိသည့် ဘာသာရပ်ပေါင်းများစွာကို တက်ရောက် သင်ယူနိုင်မည်ဖြစ်သည်။

Lancaster University သို့ International Foundation Year ကို တက်ရောက်လိုသည့် မြန်မာ ကျောင်းသား၊ ကျောင်းသူများအတွက် ဝင်ခွင့်သတ်မှတ်ချက်မှာ တက္ကသိုလ်ဝင်တန်းအောင် (သို့မဟုတ်) iGCSE အောင်မြင်ပြီးသူ (သိုမဟုတ်) American High School Diploma အောင်မြင်ပြီးသူများ IELTS (5.0) ရရှိထားပါက လျှောက်ထားနိုင်သည်။

ကျောင်းလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ၊ မိမိပညာရေးအတွက် ဆွေးနွေး လိုသူများ Regent Consultancy Services Co., Ltd၊ အမှတ် (R-2)၊ အောင်မြေသာစည်အိမ်ရာ၊ အောင်ချမ်းသာ (၂) လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း (၀၁ ၅၃၀၅၆ ၄၊ ၀၉ ၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃) သို့ဆက်သွယ်၍ ဆွေးနွေး စုံစမ်းနိုင်မည်ဖြစ်သည်။


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၄) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...