Autism ဆိုတာ
အမေရိကားမှာ ကလေး ၆၈ ယောက်မှာ ၁ ယောက်မှာ Autism (အော်တဇင်) ခေါ် ဥာဏ်နည်းရောဂါ ရှိနေကြတယ်လို့ နောက်ဆုံး ထုတ် ဆေးပညာသတင်းကဆိုပါတယ်။ အရင်ကတော့ ၈၈ ယောက်မှာ ၁ ယောက်သာ ရှိခဲ့တယ်။ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနကနေ ထုတ်ပြန်ချက်အရ စိုးရိမ်မှုတွေများ လာစေ ပါတယ်။ ရောဂါရှိနေနိုင်တဲ့ ကလေးတွေကို စောစော သိနိုင်ရေး၊ သုတေသနနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလိုအပ်နေပြီလို့ ယူဆကြပါ တယ်။
(အော်တဇင်) ဆိုတာ ဖွံ့ဖြိုးမှုရောဂါတခုပါ။ ဘာလို့ဖြစ်သလဲ မသိ ရသေးပါ။ ဘယ်လိုပျောက်စေမလဲ မသိသေးပါ။ ဒီလိုဖြစ်နေတဲ့ကလေးမှာ လူမှုရေးပိုင်းနဲ့ ဆက်သွယ်ရေး ပိုင်းတွေမှာ အခက်အခဲတွေ ရှိပါမယ်။ စိန်လှုပ်ရှားမှုလဲ ခက်နေမှာပါ။ ကိုယ်ဝန် ကတည်းက စခဲ့သလား လို့ ယူဆထားပါတယ်။ တချို့နေရာတွေမှာ ၁၇၅ ယောက်မှာ ၁ ယောက်၊ တချို့နေရာတွေမှာ ၄၅ ယောက်မှာ ၁ ယောက်ရှိတယ်။ မိန်းကလေးတွေမှာ ပိုများတယ်။ မ-ကျား ၁၈၉ အချိုး ၄၂ ရှိတယ်။ စကား စပြောရမဲ့ ‘မာမာ’ ‘ဒါဒါ’ လို မပြောတတ်သေးတာ၊ ဝမ်းလျားမမှောက်နိုင်သေး တာကနေ စတယ်။ အသက် ၂ နှစ်ရှိ လာရင် စကားလုံး ၂ လုံးပြောနိုင်ရမယ်။ ‘ချိုစို့’ လိုမျိုး။
(အော်တဇင်) ဆိုတာ Neural development အာရုံကြော ချွတ်ယွင်းတဲ့ရောဂါ ဖြစ်တယ်။ လူမှုအသိုင်း အဝိုင်းမှာ ဆက်ဆံရေး၊ ဆက်သွယ်ရေးတွေမှာ အားနည်းနေမယ်။ အမူအယာ၊ အပြုအမူလဲ ပုံမှန် မဟုတ် ဘူး။ ၆ လလောက်မှာ စပေါ်ပေမဲ့ ၃ နှစ်အရွယ်မှာ သိသာတတ်တယ်။ မိဘတွေကနေ ၂ နှစ် အရွယ် လောက်ကစပြီး သတိထားမိလေ့ရှိတယ်။
ကလေးဟာ သူရတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ကနေ ပုံဖေါ်ရာမှာ ကောင်းကောင်း မလုပ်နိုင်လို့ ဖြစ်ရတယ်။ အဲလိုမျိုး ဖြစ်တတ်တာ ၃ မျိုးထဲက တခုဖြစ်တယ်။ ရှုတ်ထွေးလှတဲ့ မျိုးဗီဇနဲ့ ပတ်သက်ပြီးဖြစ်လာတယ်။ မူမှန်တာတွေက တဖြေးဖြေးပိုသိသာလာတယ်။ စောစောပြုပြင်-ပြုစုပေးတာ ကောင်းတယ်။ သူ့ဖါသာသူ တတ်လာစေအောင် ပြင်ပေး သင်ပေးရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပျောက်အောင်ကုသနည်းမရှိသေးပါ။ သက်သာလာသူတွေတော့ရှိပါတယ်။ အဲလိုကလေးမျိုးဟာ သူ တယောက်ထဲတော့ မရပ်တည်နိုင်ပါ။ တချို့တော့ အတော်နေနိုင်တာလဲ ရှိပါတယ်။
ရောဂါလက္ခဏာ အစုအေဝးရှိတယ်။ လူမှုဝန်းကျင်ဆက်ဆံရေး၊ ဆက်သွယ်ရေး၊ စိတ်ဝင်စားမှု နည်းတာ နဲ့ တခုခုကို ထပ်ခါထပ်ခါ လုပ်ချင်တဲ့ အကျင့်တွေဖြစ်မယ်။ ဒါတွေအပြင် အစားစားပုံကလဲ သူများနဲ့မတူ ဖြစ်နေနိုင်တယ်။ ၁၂ လ အထိ ဘူးမမှုတ်ဘူး၊ ဘိုင့်ဘိုင် မလုပ်တတ်သေးဘူး၊ ၁၆ လ အထိ စကားတလုံး မပြောတတ်သေးဘူး၊ ၂၄ လအထိ စကား ၂ လုံးတွဲ မပြောတတ်သေးဘူး။ ရောဂါ ဟုတ်-မဟုတ်ကို အမူအယာကို ကြည့်ပြီးသာ သိနိုင်တယ်။ အထူးကု ဆရာဝန်တွေကနေ သတ်မှတ်ချက်တွေ လုပ်ထားတာ ရှိတယ်။ ဥပမာ ၆ ချက်ထဲက ၂ ချက်ရှိနေရင် ဒီရောဂါ ဟုတ်တယ်။
ဘယ်လိုပြုစုပေးမလဲ
ဦးတည်ချက်ဟာ (၁) အားနည်းချက်တွေကို နည်းစေရေး၊ (၂) မိသားစု စိတ်သောက နည်းစေရေး နဲ့ (၃) သူ့ဖါသာသူ ရပ်တည်နိုင်သလောက် ရပ်တည်စေနိုင်ရေးတွေ ဖြစ်တယ်။ ဘယ်ကုနည်းကမှ အကောင်းဆုံး လို့တော့ မရှိသေးပါ။ မိသားစု နဲ့ ကျောင်းတွေကနေ ပြင်ပေးရတယ်။ စိတ်ပြုပြင်မှု လုပ်ပေးတာကလဲ တချို့ကလေးတွေကိုတော့ ပိုကောင်းစေတယ်။ အားလုံးတော့ မဟုတ်ဘူး။ အထူးပညာသင်ကြားမှု၊ အမူ အယာ ပြုပြင်ပေးမှုတွေကို ကလေး ငယ်ငယ်ကတည်းက ကျကျနနလုပ်ပေးတာ အကောင်းဆုံး နည်းဖြစ် တယ်။ ၃ နှစ်အရွယ်က ကောင်းပါတယ်။
Applied behavior analysis (ABA) အမူအယာ ခွဲခြမ်းစိတ်ဖြာခြင်း၊ Developmental models ဖွံ့ဖြိုးရေး ပုံစံ၊ Structured teaching ပုံစံသွင်းခြင်း၊ Speech and language therapy စကားပြောသင်ခြင်း၊ Social skills therapy လူမှုဆက်ဆံရေး၊ နဲ့ Occupational therapy လုပ်ငန်းခွင် သင်တန်းနည်းတွေ ရှိတယ်။ Educational interventions ပညာရေးနည်းကနေ တိုးတက်စေနိုင်ပါတယ်။ တယောက်နဲ့ တယောက်တော့ မတူဘူး။
ဆေးဝါးတွေလဲ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ပေးနိုင်တယ်။ အမေရိကားမှာတော့ ကလေး ထက်ဝက် လောက်ကို စိတ်ဆေးတွေနဲ့ အတက် သက်သာဆေးတွေကို ပေးတယ်။ အများဆုံး သုံးတာ တွေကတော့ စိတ်မကျဆေး၊ စိတ်တက်ကြွဆေးတွေနဲ့ စိတ်ဆေးမျိုးတွေ ဖြစ်ကြတယ်။ တယောက်နဲ့ တယောက် ဆေးကုသမှုမှာ ထိရောက်တာ မတူကြဘူး။ ဒီလို ကလေးတွေကို အထူးသင်ပေးတဲ့ ကျောင်း တွေမှာ ဆရာ-ဆရာမတွေမှာ အထူးကျွမ်းကျင်မှုတွေ ရှိကြရတယ်။ (ဟိုမီယိုပသီ) ဆေးကုသနည်းလဲ ရှိတယ်။ တခြားနည်းတွေလဲ ရှိတော့ရှိတယ်။ သုတေသန လုပ်ထားတာ နည်းသေးတယ်။ ကလေးကို ပိုဒုက္ခပေးတာလဲ ရှိတတ်တယ်။
အလားအလာ
လုံးဝ ပျောက်တာတော့ မရှိပါ။ တချို့ ကောင်းလာတယ်။ ဘယ်လောက် အဲလိုကောင်းသလဲ မသေခြာဘူး။ ၃-၂၅% ဖြစ်နိုင်တယ်။ ၅ နှစ်အရွယ်မှာ စကား ပြောနိုင်လာတာ များတယ်။ IQ 50 နဲ့ ကျွမ်းကျင်မှုတခုခု ရှိတာ ကောင်းတဲ့တိုးတက်မှု ဖြစ်တယ်။
၁၉၈ဝ မတိုင် ဗြိတိန် သုတေသနတခုအရ IQ (အိုင်ကျူ) ၅ဝ ရှိသူကလေးတွေထဲက ၁၂% ဟာ ကြီးလာ တဲ့အခါ သူ့ဖါသာသူ ရပ်တည်နိုင်လာတယ်။ ၁ဝ% ဟာ အလုပ်လုပ်ရာမှာ အကူအညီလိုတယ်။ ၁၉% ဟာ အိမ်မှာတင်နေကြရပြီး၊ သူများ အကူအညီ ယူရတယ်။ ၄၆% ဟာ အထူးပြုစုစောင့်ရှောက်မှု လိုကြ တယ်။ ၁၂% ဟာ ဆေးရုံတင်ကုသမှု လိုတယ်။
၂ဝဝ၅ ခုနှစ် ဆွီဒင် သုတေသနတခုအရ IQ နည်းသူတွေအပါအဝင် ဖြစ်နေသူပေါင်း ၇၈ ယောက်ကို စစ်ဆေးတဲ့အခါ ၄% သာ ဖါသာရပ်တည်နိုင်ကြတယ်။
၂ဝဝ၈ ခုနှစ် ကနေဒါ လေ့လာမှုတခုအရ လူလတ်ပိုင်း ၄၈ ယောက်ကို လေ့လာတော့ ၄% ကအတော် ကြောင်း၊ ၁၇% က ကောင်း၊ ၃၂% က သင့် နဲ့ ၄၆% မှာ ညံ့တာ တွေ့ရတယ်။ သူတို့ထဲက ၅၆% ဟာ အလုပ်တချို့မှာ ဝင်လုပ်နိုင်ကြတယ်။
အယူအဆလွဲများ
၁။ ADD/ADHD ကလေးတိုင်းက hyperactive သူများထက်တက်ကြွနေတယ်ဆိုတာ မမှန်ပါ။ တချို့က တက်ကြွပါမယ်။
၂။ ADD/ADHD ကလေးတိုင်းက သတိမထားကြဘူးဆိုတာ မမှန်ပါ။ တချို့ကလေးတွေက သူတို့ စိတ်ဝင် စားနေတာကို အာရုံစိုက်နေတယ်။ ကျေနပ်နေမယ်။
၃။ ADD/ADHD ကလေးတွေက သူတို့လုပ်ခြင်ရင် အမူအယာကို ပိုကောင်းအောင် လုပ်နိုင်မယ်ထင်တာ လဲ မမှန်ပါ။ လုပ်နိုင်တာကိုသာ အဲလိုလုပ်နိုင်မယ်။
၎။ ADD/ADHDကလေးတွေ ပျောက်ကင်းသွားမယ်လို့လဲ မျှော်မှန်းမထားနိုင်ပါ။ ကလေးတသက်တာ အဲလိုကျော်ဖြတ်ရမှာပါ။
၅။ ADD/ADHD ကလေးတွေကို ဆေးတိုက်ပေးတိုင်း သက်သာပါမယ်လဲ မဟုတ်ပါ။ တချို့အတွက်သာ ဆေးလိုပါတယ်။ အကောင်းဆုံးနည်းလမ်းတွေကတော့ Education ပညာသင်တာ၊ Behavior therapy အမူအယာကုသမှုပေးတာ၊ Support at home and school အိမ်မှာနဲ့ ကျောင်းမှာ ကူညီပေးတာ၊ Exercise လေ့ကျင့်ခန်းလုပ်စေတာ နဲ့ Nutrition အစာအာဟာရမျှတ-မှန်ကန်စေတာတွေဖြစ်ပါတယ်။
ADD / ADHD ကလေးတွေမှာ အဓိက (၃) မျိုး ထူးနေပါမယ်။ Inattention အာရုံစူးစိုက်မှုနည်းတာ၊ Hyperactivity တက်ကြွမှုများတာ နဲ့ Impulsivity တွေဖြစ်တယ်။ တချိုက Inattentive ဖြစ်ပေမဲ့ ကျန်တာ ၂ ခုမဖြစ်ဘူး။ ကျန်တာ၂ ခုမှာ ဖြစ်ပြီး အာရုံစူးစိုက်တာ မဖြစ်သူလဲရှိတယ်။ ၃ မျိုးတွဲရှိတာက များတယ်။ Impulsive ဖြစ်နေတဲ့ကလေးဟာ သူ့ကိုယ်သူ ထိန်းချုပ်ဘို့ ခက်ခဲနေမယ်။ ‘ဆင်ဆာ’ လုပ် သလို မသင့်တာကို ရှောင်ဘို့လုပ်တာမှာ အားနည်းနေလို့ဖြစ်တယ်။ သူများတွေ စကားပြောနေတာထဲ ဝင်ရှုပ်မယ်။ သူများကြားထဲဝင်လာမယ်။ မဆီမဆိုင်မေးခွန်းတွေမေးမယ်။ ပုဂ္ဂိုလ်ရေး မေးခွန်းမျိုးတွေ မေးမယ်။ သည်းခံစိတ်ရှည်ပေးပါ။
Autism ဆိုတာ Hyperactive နဲ့ တူသလားဆရာ။
ကျွန်တော်သိသလောက် မတူပါ။ ADHD ထဲမှာ တချို့ကလေးတွေက Hyperactive ဖြစ်ကြတယ်။ Autism နဲ့ Autism spectrum disorder (ASD) လို့ ယေဘုယျခေါ်ကြတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ရောဂါတခုပါ။ အပြော့-အပြင်းလဲ မတူကြပါ။ ကလေးတွေကြားထဲမှာ တမူထူးနေတာ၊ စကားပြောဆို တာ၊ တခုခုကို ဆက်တိုက်လုပ်နေတာ၊ စသဖြင့်ရှိမယ်။
ASD ထဲမှာ ဥာဏ်ရည်မမှန်တာ၊ ကြွက်သားလှုပ်ရှားမှု (ပူးတွဲလုပ်ဆောင်မှု) ခက်ခဲတာ၊ အာရုံစူးစိုက်မှု တမျိုး ဖြစ်နေတာ၊ ရုပ်ပိုင်းကျန်းမာရေး (အိပ်ရေး၊ အစာခြေ) တွေရှိနေတယ်။ တချို့ကလေးတွေကြတော့ အမြင်ပိုင်၊ ဂဏန်းသင်္ချာ၊ တေးဂီတ စတာတွေမှာ သူများထက်တော်နေနိုင်တယ်။ အသက် ၂-၃ နှစ်မှာ သိသာလာတတ်တယ်။ ASD ကလေးပေါင်း ကမ္ဘာမှာ ရှိနေတဲ့ကလေး သန်းမနည်းလောက်ပါ။ အမေရိကားမှာတင် ၂ သန်းရှိတယ်။ ဘာလို့ဖြစ်ရသလဲ ဆရာဝန်တွေက အတိအကျမပြောနိုင်ကြသေးပါ။
ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook