
တူရကီနိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ Istanbul ရဲ့ လမ်းမတွေ ပေါ်မှာ အဆိုပါ စက်တွေကို တွေ့မြင် ရမှာ ဖြစ်ပါတယ်... ဒီစက်တွေကို နေရာ အတည်တကျ မရှိတဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို အစာ ကျွေးမွေးနိုင်ဖို့ နိုင်ငံတွင်းရှိ Pugedon ကုမ္ပဏီက ပြုလုပ်ပေး ထားတာပါ... တိရိစ္ဆာန် တွေကို အစာကျွေးဖို့ အတွက် စက်အသုံးပြုပုံ ကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်း ပါတယ်... လမ်းသွား လမ်းလာ သူတွေ အနေနဲ့ အသုံးပြုပြီးတဲ့ ပလတ်စတစ် ဗူးခွံတွေကို recycle လုပ်ဖို့ ပုံတွေမှာ ပါတဲ့အတိုင်း စက်ထဲကို ထည့်လိုက်တာနဲ့ အစာတွေ အလိုအလျောက် ထွက်ကျလာမှာ ဖြစ်ပါတယ်... ဒီအချိန်မှာ အသင့်စောင့်နေတဲ တိရိစ္တာန်တွေ ၀င်ရောက် စားသောက်နိုင်ပါပြီ... ဒီနည်း လမ်းဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာ ရောက်သလို... ပိုင်ရှင်မဲ့ လမ်းဘေး တိရိစ္ဆာန်တွေ ကိုလည်း အစာဝ စေတဲ့အတွက် အတော်လေးကောင်းတဲ အိုင်ဒီယာတခု ဖြစ်ကြောင်းပါ ခင်ဗျား....။
ref;Thechive/By Ko Myo
--------------------------------------
ကိုမျိုး(
lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...