ဒေါ်လာ (၆၆)သန်း ထီဆုကြီးပေါက်ခဲ့ သော်လည်း (၁၁) ရက်ကြာမှ သိခဲ့

အေသင်အောင်
အမေရိကန် ပြည်ထောင်စု၊ မီချီကန် ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၂၄)နှစ်အရွယ် ကလေး တစ်ယောက် မိခင် ကီလ်ဆေးဟာ ဒေါ်လာ (၆၆) သန်း ထီဆုကြီး ကံထူး ခဲ့ပေမယ့် ထီပေါက် တဲ့ အကြောင်းကို (၁၁) ရက်ကြာမှ သိခွင့်ရခဲ့ တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ရေးသား ထားပါတယ်။ သူဌေး ဘ၀ကို ရောက်ရှိ သွားတဲ့ တီလ်ဆေးဟာ ပြီးခဲ့တဲ့ ငါးနှစ် အတွင်းမှာ တစ်ပတ်နှစ်ကြိမ် ထီထိုး လေ့ရှိပြီး ထီလက်မှတ် အတွက် အသုံးပြုခဲ့တဲ့ ငွေကြေးက ဒေါ်လာ (၁၀၀၀၀)ကျော် အထိ ရှိတယ်လို့ သိရပါတယ်။ ကီလ်ဆေးဟာ အလုပ်ကို သွားရင်း ၀ါသနာအတိုင်း ထီထိုးမှု ပြုလုပ် ခဲ့ပါတယ်။ ထီထိုးတဲ့ ရက်က ဇွန်လ (၁၃) ရက်မှာဖြစ်ပြီး (၁၃) ဂဏန်းကို ကံကောင်းမှု အဖြစ် ယူဆပြီး၊ အဲဒီရက်မှာ ထီထိုး မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကီလ်ဆေးက ထီထိုးပြီးတဲ့ နောက် ထီပေါက်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း၊ ထီပေါက်တဲ့အကြောင်းကို (၁၁)ရက်ကြာပြီးအထိ မသိခဲ့ကြောင်း ဆိုခဲ့ပါတယ်။ သန်းဆုကံထူးတဲ့ အကြောင်း သိခွင့်ရပြီးနောက် ကီလ်ဆေးဟာ ဆောက်တည်ရာ မရဖြစ် ခဲ့ပြီး ထီပေါက်၊ မပေါက်ကို ဖုန်းနဲ့ အကြိမ်ကြိမ် မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ ထီလက်မှတ် ပျောက်ဆုံး သွားမှာ စိုးရိမ်ခဲ့တာမို့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ထားခဲ့ပြီး ထီဆုကြေးကို ထုတ်ယူဖို့ ရှေ့နေ၊ ငွေကြေး အတိုင်ပင်ခံ တွေနဲ့ ဆွေးနွေးမှုပြု လုပ်ခဲ့ပါတယ်။ ကီလ်ဆေးဟာ အခွန်ဆောင်ပြီး အခြားတွေ ငွေကြေးတွေ နုတ်ယူကာ ကျန်ရှိတဲ့ ဒေါ်လာ (၂၇)သန်းကို ရယူဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ကီလ် ဆေးဟာ အရင်က အလုပ်မျိုးစုံမှာ ကျင်လည်ခဲ့ဖူးပြီး ထီပေါက်ပြီး တဲ့နောက် အလုပ်တွေကနေ ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ကီလ်ဆေးဟာ ရရှိလာတဲ့ ငွေကြေးကို တစ်ဦးတည်းသော သားငယ် အနာဂတ်အတွက် အသုံးပြုသွား မှာဖြစ်ပြီး ဆွေမျိုးသားချင်း တွေကိုလည်း ထောက်ပံ့ ကူညီမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ ကီလ်ဆေးဟာ ဇိမ်ခံပစ္စည်းတွေ ၀ယ်ယူနေပြီး ကမ္ဘာအနှံ့ကို လည်ပတ်သွားဖို့ စီစဉ် ထားပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...