တရုတ်မုန့်တွေ ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေပြီလဲ
www.china-memo.com |
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့မှာ တရုတ်နိုင်ငံထုတ် တံဆိပ်အမျိုးမျိုးနဲ့ တရုတ် စာတွေ ရိုက်နှိပ်ထားတဲ့ အစပ်ချောင်း မုန့်စားတဲ့ ကလေးတွေရဲ့ လျှာနဲ့ နှုတ်ခမ်းတွေမှာ အနာဖြစ် ပွားမှု မြင့်တက် လာတယ်လို့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးမြတ်မင်းက ပြောပါ တယ်။
အစပ်ချောင်းစားတဲ့ ကလေးတွေရဲ မျက်နှာမှာ အနီရောင် အဖုအပိမ့်နဲ့ အကွက်တွေ ဖြစ်နေတာ၊ နှုတ်ခမ်း ရောင်ရမ်းတာ၊ နှုတ်ခမ်းနဲ့ လျှာတွေမှာ အနာဖြစ်တာ၊ စားသုံးတာများရင် လျှာမှာ ပြည်တည်နာတွေ ရှိပြီးတော့ ဝမ်းလျှောတာလည်း ဖြစ်တည်လို့ ကလေးမိဘတွေက ပြောဆိုကြပါတယ်။
အဲလိုမျိုး ရောဂါတွေဟာ ဇွန်လအလယ်ပိုင်းလောက်စက စတင်ဖြစ်တော့ သိသိသာသာ ဖြစ်လာတာလို့ သူတို့ဆီကနေ သိရပါတယ်။
အစပ်ချောင်းစားတဲ့ ကလေးတွေမှာ တုပ်ကွေးရောဂါနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတချို့နဲ့ အစာအိမ် ရောင်တာတွေ တွေ့ရတယ်ပေမယ် ထူးခြားတာက ကလေးတွေမှာ အဖျားလုံးဝ မရှိဘူးလို့ ဒေါက်တာ ဦးမြတ်မင်းက ပြောပါတယ်။
အစပ်ချောင်း စားသုံးမှုကို ရပ်တန့်ပြီး ဆေးကုသမှုခံယူရင် သုံးရက်အကြာမှာ သက်သာ ပျောက်ကင်းတာ ကို တွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook