ခေါင်းဆောင်မှု အရည်အချင်းသည် မွေးရာပါလား..

Hard Skill နှင့် Soft Skill သည် အခြေအနေ၊ အချိန်အခါပေါ် များစွာ မူတည်နေလေ့ မရှိသော် လည်း Smart Skill အဆင့်မှာ အခြေအ နေ၊ အချိန်အခါ ဟူသော ဖက်တာကို များစွာ ထည့် သွင်း စဉ်းစားရလေ့ ရှိသည်။ ဤဖက်တာ ပေါ်တွင် အခြေပြု၍ သူ၏ ကျွမ်းကျင်မှုဖြင့် အမြင့်ဆုံး သော ရလဒ်ကို ထုတ်လုပ် သွားနိုင် ကြသူများ ဖြစ်သည်။
မွေးရာပါဟု ဆိုပြန်သော်လည်း "Leaders are born" ဟူသော အယူအဆ တွင်မှာပင် ဒီဘိတ် တို့နှင့် မကင်းပြန်ချေ။ မွေးရာပါ၌ ပါလာသော Talent သည် အလိုအလျောက် ဖွံ့ဖြိုးတိုးတက်နိုင်သည် မဟုတ်ဟူသောအချက်ကို ထောက်ပြကြပြန် သည်။ မိမိတို့ပိုင်ဆိုင်ကြသော Talent ကို ဖွံ့ဖြိုးအောင်မလုပ်နိုင်ကြပါက ဦးဆောင်မှု၌ တစ်စုံတစ်ရာ အားနည်းတတ်လေ့ရှိသည်ကို တွေ့ရသည်။

ထို့အတူ "Leaders are made" ဟူသော အယူအဆတွင်လည်း “သင်ကြားခြင်း” ဖြင့် တတ်မြောက်ကြ သူများနှင့် “လေ့ကျင့်ခြင်း” ဖြင့် တိုးတက်လာမှုကြား အကွာအခြားကို ထောက်ပြလာခဲ့ကြပြန်သည်။ "Can be taught" ဟူသော သင်ကြားခြင်းဖြင့် တတ်မြောက်ခြင်း၌ Smart Skill အား နည်းပါးကြပြီး၊ လက်တွေ့ Experiences များများဖြင့် ဖွံ့ဖြိုးလာသူ များ၌မူကား Smart Skill ပို၍အားကောင်း တတ်ကြောင်း တွေ့ရပြန်သည်။ အထူးသဖြင့် ထိပ်ပိုင်း ခေါင်းဆောင်များ အဆင့်၌ မြင်ပုံ မြင်နည်း၊ ရှုပုံရှုနည်း၊ ထိုမှ ဆုံးဖြတ်ပုံ ဆုံးဖြတ်နည်းများ ကွာခြားကြပြီး ရိုးရိုးသင်ကြားတတ်မြောက်နိုင်သော ခေါင်းဆောင် အဆင့်မှာ "Good" အဆင့်ကိုသာ ဆောင်ရွက်နိုင်ကြကာ၊ အတွေ့အကြုံရယူပြီး Talent ကြီးမားသော ခေါင်းဆောင်များမှာမူ "Excellent" ဟူသောအဆင့်၊"Great" ဟူသောအဆင့်မျိုးအထိ ဆောင်ရွက်နိုင်ကြကြောင်း သတိထား မိပါသည်။ 

ထို့ကြောင့် မိမိသဘောကျသော အယူအဆ Concept မှာ "Leaders are born for learning to be made" ဟူ၍ဖြစ်သည်။ ခေါင်းဆောင်ဖြစ်ရန် လေ့ကျင့်သင်ကြား တတ်မြောက်မှု မှတဆင့် မွေးဖွားလာ သည်။ (မွေးဖွား၊ လေ့လာ၊ ဖြစ်တည်)။

ခေါင်းဆောင်-ခေါင်းဆောင်မှုဆိုသည်မှာ

ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ အဓိပ်္ပာယ်ဖွင့်ကြသည်။ ခေါင်းဆောင် မှုနှင့်ပတ်သက်၍ ဂုရုတစ်ဦးဖြစ်သူ Warren Bennis က... "Leadership is like beauty ; it's hard to define, but knoe it when you see it" ခေါင်းဆောင်မှုဆိုသည် “အလှအပ” တစ်ခုကဲ့သို့ ဖြစ်သည်။ အဓိ ပ်္ပာယ်ဖွင့်ဆိုရန် ခက်ခဲလှသည်။ သို့သော်လည်း ထိုအလှအပကို တွေ့ မြင်လာသည့်အခါ သင်-သိလာသလိုမျိုး ဖြစ်သည်။

Harold S, Geneen က "Leadership cannot be taught. It can only be Iearned" ဟု ဆိုခဲ့ပြန် သည်။ ခေါင်းဆောင်မှုဆိုသည်မှာ (ပုံသေ) သင်ယူ၍မရ၊ လေ့လာခြင်းဖြင့်သာ တတ်မြောက် ရရှိနိုင် သည်ဟူ၍ဖြစ်သည်။

ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုး၊ သီအိုရီအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အချို့တစ်ခုနှင့်တစ်ခု ဆန့်ကျင် ကြသည်။ ပြင်းထန်သောဒီဘိတ်တို့ ထွက်ပေါ်လာခဲ့ကြသည်။ ဥပမာ-Trait Theory တွင် "Exclusive Theory " နှင့် "Inclusive Theory" သည်လည်းကောင်း၊ Situational Theory တွင် "Informal Theory" နှင့် "Formal Theory" သည်လည်းကောင်း၊ Organizational Theory တွင် "Position Theory" နှင့် "Organic Theory"သည်လည်းကောင်း၊ Visionary Theory အောက်မှ "Organic Theory" နှင့် "Process Theory" တို့သည်လည်းကောင်း၊ Power Theory အောက် တွင်လည်း Power Over Theory နှင့် Power with Theory တို့သည်လည်းကောင်း ဖြောင့် ဖြောင့်ချည်း ဆန့်ကျင်နေကြကြောင်း တွေ့ရသည်။ ထဲထဲဝင်ဝင် လေ့လာ လျှင် သူ့နေရာနှင့်သူ အသုံး တည့် ကြသည်ကိုလည်း တွေ့နိုင်ပြန်သည်။ ထို့ကြောင့် ခေါင်းဆောင်မှုကို Talent ပါဝင်မှ ပြီးပြည့်စုံ သည်ဟု ဆိုကြ ခြင်း ဖြစ်သည်။ Smart Skill များများသုံးနိုင်ရန် လိုသည်ဟုလည်းဆိုကြ ခြင်း ဖြစ်သည်။ အခြေအနေ၊ အချိန်အခါအလိုက် လိုက်လျောညီထွေစွာ အသုံးချနိုင်ခြင်းဟုလည်းကောင်း သိပ်္ပံထက် “အနုပညာရပ်” (art) တစ်မျိုး ဖြစ်သည်ဟု တင်စားကြခြင်းဖြစ်သည်။ 

ရပ်၍မရသော ခေါင်းဆောင်များ

ခေတ်တစ်ခုတွင် အတော်အတန်ပြည့်စုံပြီဟု ယူဆနိုင်သော ခေါင်း ဆောင်များသည်ပင် အနာဂတ် အပြောင်းအလဲတွင် လိုက်ပါနိုင်ရန်အတွက် စဉ်ဆက်မပြတ် ဖြည့်ဆည်းနေရ တတ်သည်။

အခြေခံအားဖြင့် လူ့သဘာဝမှာ ပိုနေမြဲကျားနေမြဲဟူသော Status- quo ကို ဖတ်တွယ်လေ့ရှိကြသည်။ ဤအဆင့်ကို ဖတ်တွယ်လျှင် “ကျန်” ခဲ့မည်သာဖြစ်ပြီး၊ ဤသို့အဖြစ်မျိုးသည်လည်း ဘ၀တွင် တစ်ကြိမ် တည်းသာ ဖြစ်လေ့ရှိသောအဖြစ်မျိုး မဟုတ်ပြန်၊ အပြောင်းအလဲရှိတိုင်း အကြိမ်များစွာ တွေ့ရလေ့ရှိသော အဖြစ်မျိုးဖြစ်သည်။ Old Status-quo နှင့် New Status-quo ဟူ၍ ခွဲခြားသိမြင်ရန် လိုလာသည်။ မိမိ ကိုယ် ကို မောင်းနှင်မှု (Self Driving)၊ လေ့လာမှု (Learningါ) ၊ အခြေအနေ သစ်နှင့် လိုက်လျော ညီထွေဖြစ်ခြင်း (Adaptation) တို့ဖြင့် မူလ “ပိုနေမြဲ၊ ကျားနေမြဲ” ကို ကြိုးစားဖယ်ခွာကြရသည်။ အတွေ့ အကြုံသစ် (New experiences) များကို ချိုမြိန်ခြင်းတစ်လှည့်၊ ခါးသီးခြင်းတစ်လှည့်တို့ဖြင့် ရယူကြရ သည်။ ဖြည့်ဆည်းကြရသည်။ ပုံတွင်ပြထားသည့်အတိုင်း Trail & Error ဟူသော ကာလတွင် ခါးသီးသော အတွေ့အကြုံအချို့နှင့် လည်း ကောင်း၊စိန်ခေါ်မှုများနှင့်လည်းကောင်း ရင်ဆိုင်ကြရမည်ဟု မလွဲလောက် ချေ။ 

ဤသို့ဖြင့် မျက်နှာစာသစ်၊ အတွေ့အကြုံသစ်ရှိရာသို့ ရောက်ရှိ လာကြရပါသည်။ ထိုနေရာကို တစ်ဖက်မှ ဖက်တွယ်ထားမည်ဆိုပါက Status-quo ဖြစ်မှန်းမသိ ဖြစ်သွားရသည်ကို သတိမူမိချင်မှ မူမိကြပါ လိမ့် မည်။ "New Status-quo" နေရာဖြစ်ပါသည်။ လောကသည် အမြဲ တမ်းအပြောင်းအလဲရှိနေသည်ဖြစ်၍ ထိုအပြောင်းအလဲသစ်တို့နှင့် လိုက် ပါလိုပါလျှင် "New Status-quo" ကို အမြဲတမ်းဖယ်ခွာနိုင်ရန် ကြိုးစား နေရမည်သာဖြစ်သည်။ ထို့ကြောင့် တစ်ကြောင်းတည်းသောစကားဖြင့် ဆိုရသော်... "Life long learning" ဟု ဆိုရခြင်းဖြစ်သည်။ မသေမချင်း လေ့လာ ဆည်းပူးနေရသော အလုပ်ဖြစ်လာပါတော့ သည်။

သူများတစ်လှမ်း ကိုယ် (၁၀) လှမ်း

အတိတ်ကို အပြစ်မြင်နေ၍ ဘာမှအကျိုးထူးမည် မဟုတ်။ အတိတ် ဆိုသည်မှာ သင်ခန်းစာရယူရန် နေရာ မျှသာ ဖြစ်သည်။ ပစ်္စုပ်္ပန်ကို တည့်တည့်ရှုနိုင်လျှင် မြန်မာတို့ များစွာ နောက်ကျကျန်နေကြောင်း တွေ့ နိုင်သည်။ တစ်ချိန်က ကိုယ့်နောက်မှာရှိသော နိုင်ငံများကို ပကတိအမြင် ဖြင့် ရှုမြင်လျှင် သူတို့တစ်လှမ်း ကို ကိုယ်က (၁၀) လှမ်းဖြင့် အပြေးတက် လိုက်ရန်ဖြစ်လာသည်။ အရာအားလုံးတွင် ခေါင်းဆောင်မှု သည် အရေး အကြီးဆုံး ဖြစ်သည်။ မြန်မာတို့အနေဖြင့် ခေါင်းဆောင်မှုပိုင်း၌ များစွာ ဖြည့်ဆည်းကြ ရဦးမည်ဟု မြင်သည်။ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အကျပ်အတည်းဖြင့် နှစ်ပေါင်း (၂၀) ကျော်မျှ ကြာညောင်းခဲ့သော မြန်မာ့ နိုင်ငံရေး (၂၀၁၁) နောက်ပိုင်းတွင် သမ်္မတသစ်၏ ခေါင်းဆောင်မှုဖြင့် အပြောင်းအလဲ လုပ်ပေးနိုင်ခဲ့ခြင်းသည် ခေါင်းဆောင်မှု မည်မျှအရေးကြီး သည်ကို လွယ်ကူစွာ မြင်တွေ့နိုင်ပါလိမ့်မည်။ နိုင်ငံရေးအဓိက အကျပ်အ တည်းပြေလည်သွားခဲ့ပါသော်လည်း ယနေ့ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို ထပ်မံရင်ဆိုင်နေကြရပါသည်။ ထပ်မံကျော်ဖြတ်ကြ ရပါဦးမည်။ New Status-quo အတွင်း ဖက်တွယ်ကြမှုကို ဖယ်ခွာကြရပါ ဦးမည်။ သို့သော်လည်း (၂၀၁၁) ရှေ့ပိုင်းနှင့် နောက်ပိုင်း မတူသော အချက်တစ်ခုမှာ (၂၀၁၁) နောက်ပိုင်းသည် ဒီမိုကရေစီခေတ်ဦး၊ အ ပြောင်းအလဲ ကာလတွင်းသို့ ချဉ်းနင်ဝင်ရောက်လာခဲ့ပြီဖြစ်၍ နိုင်ငံရေး ခေါင်းဆောင်များ ထွက်ပေါ်လာခဲ့ကြ ပြီဖြစ် သည်။ အားလုံး တက်ညီ လက်ညီဖြင့် Smart Skill ကို ကျင့်သုံးနိုင်ကြရန် ဖြစ်လာသည်။ယခုတစ် ကြိမ် အကျပ်အတည်းကိုမူ အားလုံးက Vision မှန်မှန် ကောင်းကောင်း ဖြင့် လက်တွဲဖြတ်သန်းနိုင်ကြရန် Art of possibilities ကို ကျင့်သုံးနိုင် ကြပါစေဟုသာ ဆန္ဒပြုရပါသည်။


နေဇင်လတ်
၁၂-၆-၂၀၁၄ (၁၃၀၈)
JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...