လိင်ဆွဲဆောင်မှုကို အသားပေးလာတဲ့ ကိုရီးယား မိန်းကလေး အဆိုတော် အဖွဲ့များ
ကိုရီးယား မိန်းကလေး အဆိုတော် အဖွဲ့များဟာ စတင်ပေါ်ကာ စကတော့ ချစ်စရာကောင်းတဲ့ အပြစ်ကင်းတဲ့ ကလေးလေးတွေ၊ အရုပ်လေးတွေ အသွင်ကို ယူထားကြ၊ အ ချစ်ဦးသီချင်းတွေကို သီဆိုခဲ့ကြပေမယ့် ယခုအခါမှာတော့ တိုလွန်း ကျပ်လွန်းတဲ့ စကပ်တွေ၊ ဘောင်းဘီတွေနဲ့လိင်ဆွဲ ဆောင်မှုကိုအသားပေးပြီး အနောက်တိုင်း ယဉ်ကျေးမှုပါ လွှမ်းမိုးလာလျက် ရှိတယ်လို့ ကိုရီးယား အနုပညာရှင်တွေရဲ့ အကြောင်းတွေကို အစုံအလင် ဖော်ပြ ပေးနေတဲ့ Kpop-starz က ဆောင်းပါး တစ်ပုဒ်မှာ ထောက်ပြခဲ့ ပါတယ်။
ကနဦးS.E.S နဲ့ Fin.K.L. အဖွဲ့တို့မှာ အပြစ်ကင်းပြီး ချစ်စရာကောင်းနေတဲ့ဟန်ရှိပေမယ့် ယနေ့ကိုရီးယား ပေါ့ပ်ဂီတလောက မှာတော့ အသားကို အဓိက အသားပေးဖော်ပြ လာကြကြောင်း နဲ့ အောင်မြင်မှုနဲ့ ဆွဲဆောင်နိုင်မှုအတွက် ဖျော်ဖြေ ရေးကုမ္ပဏီ များကလည်း အချိန်နဲ့စရိတ်ကိုချွေတာ ပြီး အနောက်တိုင်း ဂီတဈေးကွက်လို လိင်အသားပေး ဆွဲဆောင်မှုဘက်ဆီ လှည့်စေခဲ့ကြောင်းတို့ကို ဖော်ပြခဲ့ပါတယ်။
လိင်ဆွဲဆောင်မှု အားကောင်း ကောင်းနဲ့ဖျော်ဖြေတဲ့ လီဟိုရီနဲ့ ပက်ဂျီယွန်းတို့လို ဖျော်ဖြေ သူတွေလည်း ရှိနေပေမယ့် အခုလို မိန်းကလေး ငယ် အဆိုတော် အုပ်စုလိုက်တွေကပါ အတိုအပြတ် တွေဝတ်ပြီး ဆွဲဆောင်တဲ့ သီချင်းတွေ သီဆိုနေတာက အဖွဲ့တိုင်းရဲ့တူ ညီချက်လိုဖြစ်လာပြီး ယဉ်ကျေးမှု ထိန်းသိမ်း ရာမှာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ ယခင်က အပြစ်ကင်းတဲ့ ဖျော်ဖြေမှုတွေလုပ်တတ်တဲ့ SISTAR လိုအဖွဲ့မှာတောင် ဖျော်ဖြေတဲ့ အသွင်ပြောင်းပြီး လိင်ဆွဲ ဆောင် မှုနဲ့ အောင်မြင်မှုဆီ ချဉ်းကပ်ပုံပြောင်း လာခဲ့ပါတယ်။
Girl’s Day ကလည်း အလားတူဖြစ်ပြီး AOA (Aces of Angels) အဖွဲ့ကတော့ လိင်ဆွဲဆောင်မှု အားကောင်းအောင် ဖျော်ဖြေတတ်ဆုံး နမူနာပြရမယ့်အဖွဲ့ လို့ဆိုပါတယ်။ နောက်ဆုံးတော့ အရည်အ ချင်းကိုပြတာထက် လိင်ဆွဲ ဆောင်မှုနဲ့ဖျော်ဖြေတာ ကို အများပြည်သူက အားပေးမှု ပိုရလာမလား၊ကိုရီးယားဂီတဈေးကွက်မှာ အနောက်တိုင်း ပိုဆန်ပြီး ကိုရီးယားရဲ့ လေဒီ ဂါဂါ တို့ ကိုရီးယားရဲ့ ကေတီပါရီ တို့တောင် မကြာခင်နှစ်များအတွင်း ပေါ်လာနိုင်လေ မလားလို့ အဲဒီဆောင်းပါးက သုံးသပ် ထားပါတယ်။
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook