တစ်ပတ်စာ သင်၏ ကံဇာတာ - ဆရာ အောင်မြင်ကျော်
၂၀၁၄ ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉
လွန်ကဲသော တပ်မက်မှုများဖြင့် စာနာမှု ကင်းမဲ့နေတတ်သည်။ မရောင့်ရဲနိုင် မှုကြောင့် အဇ္ဈတ္တ သဏ္ဌာန်မှာ လောဘဇောများ နေတတ်သည်။ လိုအပ်မှုထက် လိုချင်တပ်မက်မှု များနေပြီး ဣနြေ္ဒ ပျက်ယွင်း သိက္ခာမဲ့ ဆင်ကန်းတောတိုး ကိုယ်ကျိုး နည်းတတ်ပါသည်။ အစိုးမရသော ဘ၀ကို သံဝေဂ ရကောင်းပါသည်။
* ပျက်အစဉ် ပြင်ခဏ ယခုပင် စသင့်ပါသည်။
--------------------
မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁
ဗဟုသုတနယ်ကျယ်မှသာ အမှန်အမှား ခွဲခြားရ လွယ်နိုင်ပါသည်။ ထိပ်တိုက်ရင်ဆိုင်ရသော လူမှုပြဿနာကို ပညာစွမ်းအားဖြင့် ဖြေရှင်းနိုင်မည်။ အဆင့်မြင့်ပညာရှင်အသိုင်း အ၀ိုင်းများနှင့် ရင်းနှီးကျွမ်းဝင်ရမည်။ လျှို့ဝှက် ဆန်းကြယ်ဖြစ်ရပ်ဆန်း တွေ့ကြုံရပြီး ပညာထူးများ သင်ယူခွင့်ရမည်။ ရွှင်ပြုံးဝမ်းသာရပါမည်။
* လူကြီးလူကောင်း ပီသပါစေ။
--------------------
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀
ထင်ပေါ်၍ စင်တော်ကောက် အကြီးအကဲများ၏ မြှောက်စားခြင်း ခံရမည်။ စွန့်လွှတ်စွန့်စားမှုဖြင့် လူမှု ဘ၀ကို ထင်ရှားစေပြီး ရိုးသားထက်မြက်မှုကြောင့် ဂုဏ်သတင်းကောင်း ထွက်မည်။ အဆက်အသွယ် ကောင်းကြောင့် အောင်မြင်ကြီးပွား ၀င်ငွေများမည်။ သတင်းကောင်းများ ကြားရပြီး ချစ်ခရီးလမ်း ဖြောင့်မည်။
* အမှန်တရားအတွက် ပြတ်သားပါ။
--------------------
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁
လူမှုဝန်းကျင်မှာ စိတ်မချနိုင်သော အကြောင်းတရား ရှိနေတတ်သည်။ သံသယ၀င်္ကပါအတွင်း ရောက်နေ မိတတ်သည်။ အတိတ်၏ အရိပ်မည်းကြောင့် အကုသိုလ်၏ လှည့်စားခြင်း ခံရမည်။ ပညာရှိမိတ်ဆွေ ကောင်းနှင့် ယုံကြည်မှု ပျက်ပြီး စီးပွားလမ်းကြောင်း မှားတတ်သည်။ တစ်ကိုယ်ကောင်းဆန်မှုအတွက် ပေးဆပ်မှု ခက်မည်။
* မောဟအမှောင်ကို လွတ်အောင်ရှောင်ပါ။
--------------------
မေထုန်ရာသီဖွား၊(Gemini) မေ ၂၂ မှ ဇွန် ၂၂
မျှတသော စိတ်ထားဖြင့် လူမှုဘ၀ သဟဇာတကို ထိန်းသိမ်းမြှင့်တင် နိုင်မည်။ အဓိပ္ပာယ်ရှိသော ဘ၀ကို စနစ်တကျလှပစွာ ပုံဖော်နိုင်မည်။ အပတ်တကုတ် အားထုတ်မှုကြောင့် ရည်ရွယ်ချက်ပန်းတိုင် အရောက် လှမ်းနိုင်မည်။ ဩဇာရှိပုဂ္ဂိုလ်နှင့် ရင်းနှီးကျွမ်းဝင်ပြီး မိမိ လိုအပ်သော အကူအညီ ရမည်။ ချစ်ကံပွင့်လင်း မည်။
* မိမိကိုယ်ကိုယ် တန်ဖိုးထားမြှင့်တင်ပါ။
--------------------
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃
ချင့်ချိန်စဉ်းစားပြီး စေတနာထား မေတ္တာပွားတတ်ခြင်းမှာ ကံဉာဏ် ပွင့်လင်းမှုအတွက် အကြောင်း ကောင်းသော မင်္ဂလာတစ်ပါးဖြစ် ပါသည်။ မိတ်ဆွေကောင်းနှင့် ညှိနှိုင်းပြီး သေချာသော လူမှုစီးပွား လမ်းကြောင်းသစ် ဖော်ထုတ်နိုင်မည်။ ကံကောင်းထူးခြား ၀င်ငွေကောင်းနေ မည်။ နှလုံးသားကို မယစ်မူး မိစေနှင့်။
* ကြိုတင်ပြင်ဆင်မှုများကို အလေးထားပါ။
--------------------
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃
အစဉ်အလာကောင်းသည် လူမှုဘ၀ ယုံကြည်မှုအတွက် အာမခံချက် ဖြစ်ပါသည်။ အခွင့်ကြုံခိုက်မှာ ကျေးဇူး ပြုထိုက်သူကို ကျွေးမွေး ပြုစုရမည်။ မိမိ၏ ဘုန်းသမ္ဘာ ပွင့်လင်းမှုကို မိတ်ဆွေကောင်းနှင့်အတူ ဖန်ဆင်းနိုင်မည်။ အမြော်အမြင်ဖြင့် ဓနသဟာယ တည်ဆောက်နိုင်မည်။ ရာထူး တိုးကိန်းရှိသည်။ ချစ်ကံကောင်းသည်။
* လူစွမ်းကောင်း ပီသပါစေ။
--------------------
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃
မြင်သိမှုအာရုံများ ထူးခြားထင်ရှားနေမည်။ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်သောကြောင့် မိတ်ဆွေကောင်း၏ ယုံကြည်မှုတိုးပြီး လူမှုစီးပွားအောင် မြင်မည်။ လူမှုရေးအငြင်းပွားမှု ချုပ်ငြိမ်းပြီး ဒါန၊ သီလ၊ ဘာဝနာ ပွားများ အားထုတ်နိုင်မည်။ အာဏာဩဇာ ကြီးမားသူများ၏ လေးစားချင်ခင်မှု ရမည်။ စိတ်အလိုကျ ရွှင်လန်းဝမ်းသာရမည်။
* သူတော်ကောင်းတရား မှတ်သားလိုက်နာပါ။
--------------------
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃
မိတ်ဆွေသည် မြွေဆိပ်ကဲ့သို့ဖြစ် နေတတ်သည်။ တွေဝေမိုက်မဲစွာ ရှင်သန်ပျော်ပါး လမ်းမှားနေမည်။ လောဘ၏ သားကောင် (သို့) ဒေါသ၏ဓားစာခံမဖြစ်ရေး မာယာလှည့်ကွက်မှ ရှောင်ထွက်တတ်ရပါမည်။ မိမိကိုယ်ကိုယ် သံသယ၀င်စိတ်ကို ဖျောက်ပြီး နိုးကြားတက်ကြွရန် အချိန်တန်လေပြီ။ စာနာသော ခံစားမှု ရှိပါ။
* အမှောင်ကိုခွင်း အလင်းကို ဆောင်နိုင်ပါစေ။
--------------------
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂
လူလူချင်း တန်ဖိုးထားခြင်းဖြင့် ပကတိ ရိုးသားထက်မြက်မှုကို သက်သေပြုနိုင်ပါမည်။ လက်ရှိ အနေ အထားနှင့် ဖြစ်နိုင်ခြေ အလားအလာကို အတွက် မမှားမိစေရန်လိုပါမည်။ မတည်ငြိမ်မှုကို အကြောင်း ပြုပြီး အတ္တ လွန်ကဲမှုများ မလုပ်မိပါစေနှင့်။ အချစ်သည် စိတ်သဘာဝ၏ ရသဖြစ်ပါသည်။
* ရွေးချယ်ဆောင်ရွက်မှုများ မမှားစေနှင့်။
--------------------
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂
ပညာဆိုသည်မှာ သိမှုကို သတိ ၀ီရိယနှင့် ဖြန့်ကြက်သုံးသပ်နိုင်စွမ်း ဖြစ်ပါသည်။ လောကီနှင့် လော ကုတ္တရာတို့မှာ ပညာအရာသာဖြစ်ကြောင်း ဆန်းကြယ်ဖြစ်ရပ်များနှင့် သက်သေပြုနိုင်မည်။ ကိုယ်ကျိုး စွန့်လွှတ်နိုင်ခြင်းဖြင့် အတ္တလွန်ကဲမှု ပြဿနာကို ဖြေရှင်းနိုင်မည်။ နှလုံးအလှကို ပြသနိုင်လိမ့်မည်။
* အကြောင်းတရားကို ထင်ရှားစွာပြတတ်ပါစေ။
--------------------
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉
လူမှုစီးပွား အက်ကွဲကြောင်းမှာ ကြောင်းကျိုး မညီညွတ်သော လက္ခဏာများ ဖြစ်ပါသည်။ လူမှုဘ၀၏ ရှေ့ပြေး အနိဋ္ဌာရုံကို အလေးအနက် ဆင်ခြင်ပြီး လုပ်ငန်းရွေးချယ်ဆောင်ရွက်မှု အမှားကင်းစေရပါမည်။ အပြန်အလှန်အကျိုး ဖြစ်စေရေး ရှိမှသာ လူမှုအငြင်းပွားပြဿနာ ချုပ်ငြိမ်းနိုင်မည်။ နောင်တသံဝေဂ မဖြစ် စေနှင့်။
* တစ်ကိုယ်ကောင်း စရိုက်များ ဖယ်ရှားပါ။
--------------------
ကံသုံးပါးကို ပညာသိဖြင့် ပြုလုပ်ခြင်းမှာ တိုက်ရိုက်မူလ 'ယတြာ' ဖြစ်သည်။
ဆရာ အောင်မြင်ကျော်
အမှတ် (၁၀၃)၊ ၃ လွှာ၊ သမိန်ဗရမ်းလမ်း၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၃၁၃ ၅၆၃၂၊ ၀၉ ၄၅၀၀ ၂၉၁၈၃။
ref;Myanmar Times
--------------------------------------