အပြင်လောကကို ထိုးဖောက် မြင်နေရမယ့် လေယာဉ်

အပြင် ပတ်ဝန်းကျင်ကို မြင်တွေ့ နေရမယ့် လေယာဉ် ဒီဇိုင်းကို ပြင်သစ်နိုင်ငံ အခြေဆိုက် ဒီဇိုင်း ကုမ္ပဏီတစ်ခုက ဖန်တီးခဲ့ ပါတယ်။ ယင်း လေယာဉ်ကို စီးနင်း လိုက်ပါခြင်းဖြင့် အပြင် လောက အမြင် အာရုံများကို လေယာဉ်ထဲကနေ လွယ်တကူ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အများ ထင်ထားသလို အပေါ် အမိုးဖွင့်ခြင်း၊ မှန်အကာ တပ်ခြင်းတို့ဖြင့် မဟုတ်ပါဘူး။ အပြင် ပတ်လည်မှာ ကင်မရာများ တပ်ဆင်ထားပြီး ၃၆၀ ဒီဂရီ အမြင်ပုံစံ ရမယ့် ရိုက်ကွင်းများကို အမြင်ကြည်လင်စွာ ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ ပြီးရင် အတွင်းမှာ တပ်ဆင်ထားတဲ့ LCD ပတ်လည် တီဗီက အပြင်မှာ မြင်နေတဲ့ ပုံစံ အတိုင်းကို ထောင့်ကျကျ၊ အချိုးကျကျ၊ ညီညီညာညာ ပေါ်စေပြီး အတွင်းထဲကနေကို အပြင်လောကကို မြင်တွေ့ရသလို ခံစားရစေမှာ ဖြစ်ပါ တယ်။

ယင်းအတွက် နည်းပညာ ဖန်တီးမှုကလည်း မခက်ခဲ ပါဘူး။ ဒီအတွက် Private လေယာဉ်တွေမှာ စတင် အသုံးပြုမှာ ဖြစ်ပြီး လက်တလော ရေပန်းစားတဲ့ ယင်း လေယာဉ် အကြောင်းကို http://www.dailymail.co.uk/travel/travel_news/article-2722656/Ixion-windowless-private-jet-gives-passengers-feeling-flying-transparent-fuselage.html ထဲမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါ တယ်။


Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...