မျက်လုံး ကျန်းမာရေး အတွက် အကောင်းဆုံး နည်းလမ်းများ

(၁) အေးမြပြီး သန့်ရှင်းနေသော ရေများနှင့် မျက်လုံးကို သန့်ရှင်းပေးပါ။ ဒီလိုပုံမှန် လုပ်ပေးခြင်း ဟာ မျက်လုံး ကျန်းမာရေးအတွက် သာမက ရောဂါ မဖြစ်အောင် ထိန်းသိမ်းပေးရာလည်း ရောက်ပါ တယ်။

(၂) သဘာဝကို တုပ ပြုလုပ်ထားပြီး အရမ်းလင်း တဲ့ အရာဝတ္တုများ ဒါမှမဟုတ် နေ စတာတွေကို တိုက်ရိုက် မကြည့်မိအောင် ရှောင်ပါ။ ထိုအလင်း များကို မျက်ကြည်လွှာကို ထိခိုက်စေပါတယ်။

(၃) မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် ဘေးဘက်သို့ စက်ဝိုင်းပုံသဏ္ဍန် ကြည့်လိုက် အဝေးသို့ မြင်နိုင် သလောက် မြင်အောင် ကြည့်လိုက် စတဲ့ မျက်လုံး လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

(၄) ကွန်ပျူတာ ကြည့်တဲ့ အခါမှာ ၂၂ လက်မ မှ ၂၈ လက်မ အကွာ ခွာ၍ ကြည့်ပါ။ အရမ်းနီးရင် သော်လည်းကောင်း အရမ်းဝေးရင် သော်လည်းကောင်း သင့်ရဲ့မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...