ရထား မှားစီးခဲ့တဲ့အတွက် မိဘတွေနဲ့ ၃၇နှစ်ကြာ ဝေးကွာခဲ့တဲ့သမီး မိခင်နဲ့ ပြန်လည် ဆုံစည်းခဲ့

ရထား မှားစီးခဲ့တဲ့အတွက် မိဘတွေနဲ့ ၃၇နှစ်ကြာ ဝေးကွာနေတဲ့ သမီးဖြစ်သူဟာ သူမရဲ့ မိခင်နဲ့ ပြန်လည် ဆုံစည်းခဲ့ ရပါတယ်။ လက်ရှိမှာ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Jiang Ai-Wu ဟာ သူမ ၆ နှစ် သမီးအရွယ်မှာ ကတည်းက တရုတ်နိုင်ငံ တောင် အလယ်ပိုင်း က ဟူနန် မြို့မှာ ရထား မှားစီးခဲ့ပြီး လမ်းပျောက်ကာ အိမ်မပြန်နိုင်ခဲ့တော့တာ ဖြစ် ပါ တယ်။

“ကျွန်မ ရထားမှားစီးခဲ့ပြီး ဘယ်တွေရောက်ခဲ့မှန်း မသိခဲ့ပါဘူး။ ရထားတစ်ခေါက် မှားစီးခဲ့ရာကနေ နေရာအသစ်တွေ တစ်ခုပြီးတစ်ခုကို ရောက်သွားတာပါ။ ကျွန်မ အမြဲတမ်းကျွန်မ မိသားစုကို စိတ်ထဲမှာ တွေးနေတာပါ။ သူတို့နဲ့ပြန်ဆုံဖို့ဆိုတာ ကျွန်မ အိမ်မက်ပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်မ အရမ်း ငယ်နေသေးတော့ ကျွန်မမိဘတွေရဲ့ အိမ်လိပ်စာကိုလည်း မမှတ်မိခဲ့ပါဘူး။” လို့ ယခုအချိန်မှ ဝေးကွာနေ တဲ့ မိသားစုနဲ့ ပြန်လည် ဆုံစည်းခွင့်ရခဲ့တဲ့ Jiang Ai-Wu ကဆိုပါတယ်။

Jiang Ai-Wu ၆နှစ် အရွယ်တုန်းက မှားစီးခဲ့တဲ့ ရထားဟာ သူမစတင်စီးနင်းလိုက်ပါခဲ့တဲ့ မြို့နဲ့ မိုင်ပေါင်း ၄၅၀ ကျော် ကွာဝေးတဲ့ တရုတ်နိုင်ငံ အရှေ့ ပိုင်း က Jaingsu ဒေသမှာ ရှိတဲ့ Xuzhou ဆိုတဲ့မြို့မှာ အပြီးသတ် ရပ်နားခဲ့တာဖြစ်ပြီး အိမ်မပြန်တတ်လို့ ကြောက်လန့်နေတဲ့ ၆နှစ်အရွယ် Jiang Ai-Wu ကို တာဝန်ရှိသူတွေက ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။


Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...