တရုတ်ပြည်မှာ စားတဲ့ မိကျောင်းကင်


တရုတ်ပြည်မ ကြီးမှာ ယနေ့တိုင် မိကျောင်းသား စားသုံးတဲ့ အလေ့အထ ရှိနေ ပါသေးတယ်။ ရေချို မိကျောင်းကော၊ ရေငံ မိကျောင်းကော ဖြစ်ပြီး ဆေးဘက် ဆိုင်ရာ အယူအဆ အရ စားသုံးကြခြင်း ဖြစ်ပါတယ်။

မိကျောင်း အထီးနဲ့ အမ မှာ ဆိုရင် အထီးကိုသာ စားသောက် ကြတာ များပါတယ်။ အထီးက ကျန်းမာရေး အတွက် ကောင်းကျိုး ပိုမို ပြုတ်ယလို့ ယူဆကြ ခြင်း ကြောင့်လည်း ဖြစ်ပါတယ်။ မိကျောင်း သားရေကို ကုန်ပစ္စည်း အမျိုးမျိုး ပြုလုပ်ရန် အသုံးပြုပြီး ကျန်ရှိတဲ့ ကိုယ်အစိတ်အပိုင်း များကို စားသောက်ခြင်း ဖြစ်ပါ တယ်။ အရ်ွယရောက် မိကျောင်း တစ်ကောင်ရဲ့ ပေါက်ဈေးက ၂၀၀၄ ခုနှစ်လောက်က တရုတ်ပြည်က ကန်ဒေါ်လာ ၃၆၀ လောက်သာ ပေါက်ခဲ့ ပေမယ့် ယနေ့တော့ အတော်လေး ဈေးတက်သွားပါပြီ။ တရုတ် ပြည်မှာတင် မကပဲ ထိုင်းနိုင်ငံမှာပါ စားသုံးသူများ ရှိပါတယ်။ ဒါကြောင့်မို့ တရုတ်ပြည် နဲ့ ထိုင်းနိုင်ငံ ကြား စားသုံးရန် မိကျောင်း အကောင်များ၊ အသားများ တင်ပို့ ရောင်းချမှုများ ရှိပါတယ်။
ယင်းကို တရားဝင် ခွင့်ပြု မထားပေမယ့် ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တိရစ္ဆာန် အခွင့်အရေး ထိန်းသေးရေး အဖွဲ့မှလည်း မိကျောင်းသား စားသုံးမှုကို အပြင်းအထန် တားမြစ် ထားကြောင်း သိရ ပါတယ်။


Ref: nytime
အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...