ဗိုက်ခေါက် ထူသူများ အဆီကျစေမည့် လွယ်ကူသည့် မြန်မာ့ရိုးရာ ဆေးနည်း

ဗိုက်ခေါက် ထူနေသူများ အဆီကျစေ လိုပါက မြန်မာ့ ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီ ချနိုင်ပါသည်။

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝ ပျားရည်စစ်စစ် (တစ်နှစ်ကျော် ထားသည့် ပျားရည် အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။
၎။ ရေနွေးပူပူ ထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာ ၀င်ခါနီး အချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက် အဆီများ ကျသွားပါလိမ့်မည်။

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီး အခွံပါသည့် အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါး မသောက်နိုင်ပါက ပျားရည် အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။ 


ref;ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...