ခြင်အန္တရာယ်ကို သဘာဝနည်း လမ်းများအရ တားဆီးပါ။
ခြင် အန္တရာယ် ကြောင့် ဖြစ်တတ် သည့် ရောဂါ များကို ကာကွယ်ရန် သဘာဝ အားဖြင့် တုံ့ပြန် ပေးနိုင်သည့် အရာများ ကတော့-
(၁) တမာဆီ
ယင်းကို အုန်းဆီနှင့် ဆတူရော၍ မိမိခန္ဓာကိုယ် အနှံ့ကို လိမ်းပေး ထားပါ။ ခြင်ကိုက်ခြင်း ဒဏ်ကို (၈) နာရီကြာ တွန်းလှန်နိုင်သည်။
(၂) ယူကလစ်နှင့် သံပရာဆီ
ဓာတုဗေဒ ပစ္စည်းများနှင့် ပြု လုပ်ထားသော ခြင်ဆေးများကဲ့သို့ ဥပါဒ်မဖြစ်စေပါ။ ယင်းကိုလည်း ဆတူ ရော၍ ခြင်အကိုက်များသည် ခန္ဓာကိုယ် အစိတ်အပိုင်းကို လိမ်းထားပေးနိုင်ပါသည်။
(၃) ပရုတ်
ပရုတ်ကို အခန်းတွင်းမီးဖြင့် အပူပေးပြီး တံခါးမကြီးနှင့် ပြတင်းပေါက်များပိတ်၍ (၁၅/၂၀) မိနစ် ခန့်ထား ပါ။ ပြီးမှတံခါးများ ဖွင့်ပါ။ ခြင်များကဤအနံ့ကြောင့် အခန်းတွင်း မ၀င်ကြတော့ပါ။
(၄) ကြက်သွန်ဖြူ
ယင်း၏ စူးရှသောအနံ့က ခြင်များကို မောင်းထုတ်ပေးနိုင်သည်။ ချေထားသော ကြက်သွန်ဖြူတစ်မွှာကို ရေနွေးထဲ ထည့်ပြုတ်၍ ထိုရေကိုဖန် ဘူးထဲထည့်ပြီး ဖြန်းပေးပါက ခြင်ပြေးစေသည်။
(၅) တီးထရီးအဆီ
မှိုစွဲခြင်းနှင့် ဘက်တီးရီးယားကို တိုက်ထုတ်ပေးနိုင်သော အစွမ်းရှိပြီး ခန္ဓာကိုယ်ပေါ်လိမ်းခြင်း၊ ယင်း၏ ဆီစက်အနည်းငယ်ကို လေထဲ၌အငွေ့ ပျံစေခြင်းဖြင့် ခြင်ရန်ကို တားဆီးနိုင်သည်။
(၆) လာဗင်ဒါ
ဤပန်း၏ အနံ့ပြင်းမှုက ခြင်တို့အား တားဆီးနိုင်သည်။
(၇) စပါလင်
စပါလင်အဆီဖြင့် မီးထွန်းပေးခြင်းဖြင့်လည်း ခြင်များကို ရပ်တန့်စေနိုင်လေရာ အထက်ပါ သဘာဝနည်း များအရ ခြင်ကြောင့် ဆက်နွယ်၍ဖြစ်သော ရောဂါများ ဖြစ်မလာစေရန် ကြိုတင် ကာကွယ်နိုင်သည်။
ထူး

Health Updates Journal No. 128
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ဗါဒံစေ့၏ အကျိုးကျေးဇူး Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာအရက်နှင့် သုက်ပိုး
- (အနောကျသို့) အရေပြား ကြေးချွတ်ခြင်း ၏ ကောင်းကျိုးများ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာအရက်နှင့် သုက်ပိုး