ကင်းမွန်မှ ထုတ်လုပ်သည့် ဖြည့်စွက်စာက ဦးနှောက်နှင့် နှလုံး လုပ်ငန်းအတွက် ကောင်း

UK မှ လေ့လာသူများက ကင်းမွန်မှ ထုတ်ယူထားသည့် ဖြည့် စွက်အာဟာရ Bioglan Calamari Gold က လက်ရှိသုံးနေသော ဖြည့်စွက်စာ များထက် Omega-3 ငါးဆ ပိုမိုပါဝင်ပြီး နှလုံးနှင့် ဦးနှောက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။ ယင်းထုတ်ကုန်မှာ မှတ်ဥာဏ် ပိုင်း ဆိုင်ရာ ပြဿနာရှိနေသူများ၊ အရေပြားပြဿနာရှိနေသူများနှင့် နုံးချိ လွယ်သောသူများတွင် အသုံးပြု နိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သည် Fatty acid များကို ရရှိနိုင မည်ဖြစ်သည်။ ဖြည့်စွက်စာ ၁တောင့် လျှင်Omega-3,DNA 4၀% ပါဝင်ပြီး ယင်းက နှလုံးကျန်းမာ ရေး၊ သွေးတိုးခြင်းနှင့် ဦးနှောက်လုပ်ငန်းများကို ကောင်းမွန်စေ ကာ၊ DNA က အဆစ်အမြစ်များ ရောင်ရမ်း ခြင်း၊ မီးတွင်းစိတ်ကျဝေဒနာခံ စားရခြင်း၊ သွေးတွင်း အဆီ များကို ကျစေခြင်းတို့ကို သက်သာစေနိုင် ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။ ယင်းဖြည့်စွက်စာအား ကင်းမွန်၏ အသည်းမှ ထုတ်လုပ်ထားခြင်းဖြစ် ကာ အင်္ဂလန်၌ ၁၉.၉၉ ပေါင်ဖြင့် ရရှိနိုင်ကြောင်း သိရ သည်။ 


ဖိုးသောကြာ
Ref;Medindia
Health Updates Journal No.(130)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...