အာဟာရပြည့်ဝလျှင် ရောဂါစင် ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ

၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ကျန်းမာရေး ဝန်ကြီး ဌာနနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်သည့် မိခင် နှင့်ကလေးများ ဦးစားပေးသော အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် ဖြစ်ပါသည်။ အနာဂတ် အတွက် အားတက်ဖွယ်ရာ မျိုးဆက်သစ်ဖြစ်သည့် လူငယ်လူရွယ် လူသားအရင်းအမြစ်များကို နိုင်ငံအတွက် အားသစ်လောင်း မွေးထုတ်နိုင်ရန် အလွန်ပင် အရေးကြီးလှသည်။

ဤအဖြစ်၊ အခြေအနေကို ကြိုတင်တွက်ဆ၊ တွေးခေါ်မျှော်မြင်တတ်ကြသော စက်ခေါင်းစက်ရုံ အင်းစိန် တွင် တာဝန်ယူခဲ့ကြသည့် အထွေထွေမန်နေဂျာများဖြစ်သည့်၊ ဦးစိုးဝင်း (အငြိမ်းစား)၊ ဗိုလ်မှူး လှရီ (အငြိမ်းစား)၊ ဦးစောဗယ်လင်တိုင်း (နေပြည်တော်) ဦးဝင်းဦး (လက်ရှိ) စသည့် အထွေထွေမန် နေဂျာ အဆက်ဆက်သည် လက်ဆင့်ကမ်းသယ်ဆောင်၍ “မြန်မာ့မီးရထားစက်ခေါင်းရုံ၊ အင်းစိန်ကိုယ့် အား ကိုယ်ကိုး မူကြိုကျောင်း” ကို ၁၉၉၅ ခုနှစ်မှစ၍ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင် ရှင်သန်ဖွံ့ဖြိုးလျက်ရှိပါသည်။

မိမိဝန်ထမ်းဇနီးမောင်နှံများသည် မိခင်နို့ရည်ကို ကိုယ်တိုင်တိုက်ကျွေးခဲ့ပြီး ကလေးငယ်များသွားလာ နိုင်သည့်အချိန်တွင် စိတ်အေးလက်အေးဖြင့် စွမ်းအားဖြည့် ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်အောင် မူကြိုကျောင်းကို ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ မိဘများအလုပ်သွားအလုပ်ပြန် စိတ်ချမ်းသာရသည့် အပြင် သားသမီးများ၏ဂီတ၊ အနုပညာ၊ လက်မှုပညာ၊ ပန်းချီပညာ၊ ကျန်းမာရေးတို့အတွက်လည်း ပြည့်စုံစိတ်ချရပေသည်။ မူကြိုကျောင်းကို အရာရှိများနှင့်လက်ထောက်ရုံးအုပ်တစ်ဦးတို့ဖြင့် ကျောင်း ကော်မတီဝင်များ ဖွဲ့စည်းပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးစသည်ဖြင့် အဖွဲ့ဝင်ငါးဦးဖြင့် လို အပ်သည်များကို စီမံဆောင်ရွက်စေပါသည်။

သင်ကြားပေးသော ဆရာမများကိုလည်း ပြင်ပမှာ ငှားရမ်းစရာမလိုဘဲ၊ မိမိဝန်ထမ်းများထဲက ဘွဲ့ရ၊ ၁၀ တန်း၊ ၉ တန်းအောင်တို့ဖြင့် သင်ကြားမှုအစုစုတို့ကို ဆရာမများအဖြစ် ကြီးကြပ်ဆောင်ရွက်သင် ကြားစေ ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူကလေးငယ်များလက်ရှိ၊ ကျား ၃၁၊ မ ၁၉ ဦးခန့်ရှိပြီး ဆက်လက်၍ လည်း လက်ခံဆောင်ရွက်သင်ကြားပေးလျက်ရှိပါသည်။

ကလေးငယ်များကို မုန့်စားချိန်၊ သင်ကြားချိန်၊ ထမင်းစားချိန်၊ အိပ်ချိန်၊ ကစားချိန်များကို စနစ်တကျ သတ်မှတ်ပြီး စည်းကမ်းတကျဆောင်ရွက်ပေးပါသည်။ နေ့စဉ်စားသုံးသော အစားအသောက်တွင် ခန္ဓာ ကိုယ်အတွက် လိုအပ်သော အဟာရများအချိုးညီညီပါဝင်ရေးတို့ ဆောင်ရွက်ပြီး တစ်ပတ်လျှင် အနည်း ဆုံးတစ်ကြိမ်နှင့်အထက် အရာထမ်း၊ အမှုထမ်းများနှင့် ပြင်ပအလှူရှင်များက အိုဗာတင်း၊ နွားနို့၊ ဆန် ပြုတ်၊ သာကူ၊ ကြာဆံချက် စသည့်အာဟာရဒါနများကိုလည်း ကလေးများခန္ဓာကိုယ်၊ စိတ်ဓာတ်၊ အ တွေးအခေါ် များ သွက်လက်စေရေးအတွက် အထောက်အပံ့ဖြစ်အောင် အချိန်နှင့်တစ်ပြေးညီတိုက် ကျွေးလှူဒါန်းလျက် ရှိပါသည်။

အထွေထွေမန်နေဂျာ အရာထမ်းနှင့် အမှုထမ်းများသည် ထုတ်လုပ်မှုစီမံကိန်းများနှင့် မအားလပ်သည့် ကြားကပင် ဝန်ထမ်းသားသမီးများ “ပန်းကောင်းအညွှန့်ချိုး” မဖြစ်စေရေး “ကံချွန်လျှင် လူချွန်၊ လူမွန်” ဖြစ်ရေး “ကိုယ့်ဒူးကိုယ်ချွန်” ဆောင်ရွက်နိုင်ရေးတို့ကို မျှော်တွေးကြည့်မြင်ပြီး “နုနုနယ်နယ်ချစ်စဖွယ်” လေးများကို အမျှော်အမြင်ကြီးစွာ ပျိုးထောင်ခဲ့ခြင်းဖြစ်ပါသည်။

“သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားနိုင်” စေရန် သားသမီးများကို မျိုးဆက်သစ်ဖြစ်စေရန် ဖော်ထုတ် ပျိုးထောင်ပေးခြင်းဖြစ်သည်။ ယခုအခါ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ အင်းစိန်ကိုယ့်အား ကိုယ်ကိုး မူကြိုကျောင်းသည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ “တိုင်းဦးစီးဌာနရုံး၊ လူမှုဝန်ထမ်းဦးစီးဌာ န ရွှေဂုံတိုင်” တွင် ဖွင့်လှစ်သော “ရှေးဦးကလေးငယ်ပြုစုစောင့်ရှောက်ရေး” (ECCD) သင်တန်းသို့ ဆရာမများအား အလှည့်ကျစေလွှတ်၍ လေ့လာမှုပြုစေခဲ့ပြီး လူမှုဝန်ထမ်းအဖွဲ့မှ အသိအမှတ်ပြုလက် မှတ်များ အသီးသီးရရှိခဲ့ပြီးဖြစ်သည်။ အခြားစက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတများပင်လျှင် ကုန်ထုတ်စွမ်း အားမြှင့်တင်နိုင်ရေးအတွက်နှင့် မိသားစုစိတ်ချမ်းမြေ့စေရေးအတွက် အတုယူစရာစံပြမူကြိုကျောင်း ဖြစ်နေပါသည်။

“မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ အင်းစိန်ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း” တွင် ခိုလှုံခဲ့ကြသော အရာထမ်း၊ အမှုထမ်းတို့၏ ရင်သွေးငယ်များသည် ယခုအခါ ဆရာဝန်၊ စစ်ဗိုလ်၊ ကျောင်းဆရာ၊ ဆရာမ များနှင့် အင်ဂျင်နီယာအဖြစ် တိုင်းပြည်တာဝန်ကို မျိုးဆက်သစ်ထမ်းဆောင်ကြရန် တာဆူ လျက်အဆင့် သင့်ဖြစ်နေကြပါသည်။ အငြိမ်းစားယူသွားပြီးဖြစ်သော အထွေထွေမန်နေဂျာနှင့် အရာ ထမ်း၊ အမှုထမ်း တို့သည် မိမိတို့ကိုယ်တိုင် ပျိုးထောင်ခဲ့သော မူကြိုကျောင်းလေးကို ပြန်လည်လှည့် ကြည့်လိုက်သောအခါ နိုင်ငံတော်အတွက် ကလေးငယ်များသည် ပျော်ရွှင်၊ ကျန်းမာ၊ စိတ်ချမ်းသာ လျက် “ငွားငွားစွင့်စွင့်” ဖြင့် ရှင်သန်ထမြောက်နေသည်ကို အားရဝမ်းမြောက်ဖွယ်ရာ တွေ့မြင်လိုက်ကြ ရပါသည်။ (အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်ကို ရည်ရွယ်လျက်) 


ကြေးမုံသတင်းစာ
သြဂုတ် (၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...