တရုတ်နိုင်ငံက ကျင်ငယ်ရည် ကုထုံး...

တရုတ်နိုင်ငံရဲ့ ပြည်တွင်း ကျန်မာရေး လိုက်စားမှု အနေအထားတွေကို ပြန်ကြည့်မယ် ဆိုရင်လည်း တရုတ် လူမျိုးတွေရဲ့ ဆေးဝါး သောက်သုံးမှုတွေနဲ့ ဆေးကုသမှု ပုံစံတွေဟာ အတော်လေး ထူးဆန်းပြီး အံ့သြစရာ ကောင်းပါတယ်... ဒါပေမဲ့ သူတို့အတွက်တော့ အသစ်အဆန်း မဟုတ်တော့ပါဘူး... တရုတ်ရိုးရာ တိုင်းရင်းဆေးဝါး ဆိုပြီး အကြောင်းပြပြီးတော့ ထုတ်လုပ်ထားတဲ့ (စက်ဆုပ်ဖွယ်ရာ) ဆေးဝါးထုတ်ကုန် တွေကလည်း မနည်းတော့ပါ... အဆိုပါ ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ အနေနဲ့ လူတွေလည်း မကြာခဏ ဆိုသလို စိတ် ကစဉ့်ကလျား ဖြစ်ခြင်း၊ စိတ်ချောက်ချားခြင်းနဲ့ ဆောက်တည်ရာ မရခြင်း စတဲ့ ဖြစ်ရပ် တွေလည်း ရှိနေပါတယ်...။
အခုလည်း တရုတ်လူမျိုး တချို့ဟာ လူတွေရဲ့ ကျင်ငယ်ရည်တွေကို ဆေးဝါးအဖြစ် သုံးစွဲ နေကြပါပြီ..။ ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်လာသလဲ ဆိုရင် ဟောင်ကောင်မှာ “တရုတ် ကျင်ငယ်ရည် ကုထုံး အသင်း (Chinese Urine Treatment Association)” ကိုတောင် ထူထောင်ထားတယ်လို့ ဆိုပါတယ်...။ မည်သို့ပင်ဖြစ်စေ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ အဆိုကတော့ အခုလို လူ့ကျင်ငယ် ရည်တွေကို သောက်သုံးတာဟာ ကျန်းမာရေးအတွက် အကျိုးမရှိနိုင်သလို ဆိုးကျိုးတွေ ကိုတောင် ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်...
အပေါ်က ဓါတ်ပုံကတော့ ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ တရုတ်နိုင်ငံ၊ Guangzhou ဟော်တယ်မှာ "လူ့ကျင်ငယ်ရည် သောက်သုံးခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများ (health benefits of drinking urine)" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ပြီးတဲ့နောက် မိမိကိုယ်ပိုင် ကျင်ငယ်ရည်ကို အများရှေ့မှာ သောက်သုံးပြနေတဲ့ တက်ရောက်လာ သူတွေထဲက ၂ ဦး ဖြစ်ပါတယ်...။
အောက်က ပုံကတော့ ကျင်ငယ်ရည်ကို ဆယ်စုနှစ် တစ်ခုလောက် သောက်သုံးလာခဲ့တဲ့ စီနီယာသမား ၂ ဦးက သတင်းထောက်တွေ ရှေ့မှောက်မှာ ကျင်ငယ်ရည် သောက်ပြ နေတာ ဖြစ်ပါတယ်...

Happy Urine Drinking...!
ref;chinasmack/ By Ko Myo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook