ဆေးလိပ် သောက်ချင်စိတ်ကို ချိုးနှိမ်နည်း

ဆေးလိပ်ထဲမှာ နီကိုတင်းလို့ ခေါ်တဲ့ အလွန်စွဲလမ်းစေပြီး လွန်စွာ အန္တရာယ် များတဲ့ ဓာတ်ပစ္စည်းအပြင်၊ လူသား တွေရဲ့ ကျန်းမာ ရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းတွေထဲ သွင်းထား တာကြောင့် ဆေးလိပ်သောက် သုံးသူရော၊ တဆင့်ခံ စီးကရက် မီးခိုး ငွေ့ ရှုရှိုက်သူတွေပါ မြောက်များစွာသော ကျမ္မာရေး ဘေးထွက် ဆိုးကျိုးတွေဖြ စ်စေကြောင်း ကျမ္မာရေး သုတေသီတွေက မကြာ ခဏ ဆိုသလို အသိပညာပေးနှိုးဆော်ပေးလျှက်ရှိပါတယ်။
ဆေးလိပ်ရဲ့ ဆိုးပြစ်တွေကိုသိလို့  ဆေးလိပ်ဖြတ်ချင်ပေမယ့်၊ စိတ်ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ဖို့ ခဲယဉ်းတာမို့ အချို့ သူတွေမှာ ခဏတာမျှသာဆေးလိပ်ပြတ်ကြပြီး၊ အချို့ ကလည်း လုံးဝဖြတ်မရဖြစ် နေကြပါတယ်။ မည်သူမျှ မွေးကတည်းက ဆေးလိပ်မသောက်တတ် ကြပါဘူး။ အဓိကအချက်ကတော့ မချိုးနှိမ်နိုင်တဲ့ စိတ်ကို မိမိစိတ်နဲ့ ဘဲ အနိုင်ယူရမှာဖြစ်လို့  စိတ်ဓာတ် စစ်ဆင်ရေးကို သုံးပြီးတော့ အောက်ပါနည်းလမ်း (၉)သွယ်ဖြင့် ကြိုးစား ကြည့်စေလိုပါတယ်။

(၁) (အချိန်ဆွဲပါ) ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာတဲ့အခါ၊ သောက်ချင်စိတ်ကို ချိုးနှိ မ်ပြီး ၁၀-မိနစ် လောက်အောင့်ထားပါ။ အဲဒီ ၁၀-မိနစ်အတွင်း အာရုံပြောင်းသွားအောင် တခုခုကိုစိတ်နှစ်ထားပါ။ ၁၀-မိနစ်ပြည့်တဲ့အခါ သြော်…ငါနေနိုင်သားဘဲ ဆိုပြီး၊ ဆေး လိပ်မသောက်ပါနဲ့ ၊ နောက်ထပ် ၁၀-မိနစ် အချိန်ထပ်ဆွဲပါ။

(၂) (နောက်ထပ်တစ်လိပ်ထဲပါကွာ မလုပ်မိပါစေနဲ့ ) ဆေးလိပ်သောက်တဲ့ ပမာဏကို တဖြည်းဖြည်းချင်း လျော့ပါ။ တစ်လိပ် သောက်ပြီးတဲ့အခါ၊ နောက်ထပ်တစ်လိပ်ထဲ ပါကွာဆိုပြီး မိမိကိုယ်ကို အလို မလိုက်ပါ နဲ့ ။ ခါတိုင်းဆေးလိပ်သောက်ဖက် မိတ်ဆွေ တွေက သင့်ကိုဆေးလိပ် ကမ်းလာခဲ့ရင်လည်း အားနာရှက်ရွံ့ ခြင်းဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြပါ။

(၃) (ကိုယ်လက်လှုပ်ရှားမှု တခုခုထလုပ်လိုက်ပါဦး) ဆေးလိပ်သောက်ချိန်မှာ မေ သာက် ရ လို့ စိတ်ထဲ တခုခုလိုနေရင်၊ ငြိမ်ထိုင် မနေဘဲ၊ ခေတ္တခဏ ၁၅-မိ နစ်ေ လာက်လမ်းထလျှောက်ပါ။ (သို့ မဟုတ်) အလုပ်တစ်ခုခုရှာလုပ်နေပါ။

(၄) (လေ့ကျင့်ခဏ်းယူပါ) အသက်ပြင်းပြင်းရှုခြင်း၊ ကြွက်သားလေ့ကျင့်ခဏ်း၊ ယောဂ၊ အိပ်မွေ့ ချခြင်း၊ အနှိပ်ခံခြင်း စသည်တို့ က ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို ပြေပျောက်သွားအောင် တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။

(၅) (ဆေးလိပ်ဖြတ်ခြင်းရဲ့  ကျမ္မာရေးကောင်းကျိုးကို အမြဲသတိယနေပေးပါ) သင်ဆေးလိပ်သောက် တတ်အောင် ဘယ်သူမှ သင်ပေးခြင်းမဟုတ်ပါ။ မိမိသာလျှင်ဆရာ၊ မိမိသာလျှင် တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲနေခဲ့ပြီဖြစ်ရာ၊ ဆေးလိပ်ဖြတ်တဲ့ စဦးပိုင်း ကာလေတွေမှာ ကသိကအောင့်၊ စိတ်အလိုမကျ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ် သောက်ခြင်းကြောင့် ကျမ္မာ ရေးဆေးကျိုးများ၊ ငွေကိုမီးရှို့ နေခြင်း၊ မိမိပတ်ဝန်းကျင် လေထုညစ်ညမ်း၍ တဆင့်ခံဆေးလိပ်ရနံ့ ရှုရှိုက်နေ သူများအတွက် ပရဟိတ စိတ် စတဲ့ကောင်းကျိုးအထွေထွေကို စဉ်းစားသုံးသပ်ပါ။

(၆) (ဘ၀တူချင်းမိတ်ဖွဲ့ ပါ) မိမိလိုဘဲ ဆေးလိပ်ဖြတ်သူတွေနဲ့ မိတ်ဖွဲ့ ပြီး သူတို့ ရော ဘယ်လိုကြိုးစား နေတယ် ဆိုတာ နည်းနာယူပါ။ မိမိရဲ့ ကြိုးစားမှုကိုလည်းတဆင့် မျှဝေပေးပါ။ ဆေးလိပ်ပြတ်သွားပြီး သူတွေရဲ့  နည်းစံနစ်ကို မေးမြန်ဖို့ ဝန်မလေးပါနဲ့ ။ သူတို့ ရဲ့ အတွေ့ အကြုံက သင့်အတွက် အထောက်အ ကူဖြစ်စေနိုင်ပါတယ်။

(၇) (နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ) လ္ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးပူပူ၊ ပူရှိန်း ဓာတ်ပါတဲ့ ပီကေ/သကြားလုံးများ၊ ပူရှိန်းငုံ ဆေးပြားတို့ က ဆေးလိပ်သောက်ချင် စိတ်ကို ချိုးနှိမ်ကာ၊ ခံတွင်းချဉ်ခြင်းမှ သက်သာစေပါတယ်။ နီကိုတင်းအစားထိုး ရှုဆေး တောင့်သုံးပါ။ ဆေးလိပ်ဖြတ်ခြင်းကို အထောက် အကူပြုတဲ့ bupropion (Zyban) နှင့် varenicline (Chantix) စသောဆေးဝါး များ မှီဝဲသောက်သုံးပါ။

(၈) (အာသာပြေ တခုခုစားပါ) စိတ်သက်သာရာရအောင် သကြား(အချို)ဓာတ်မပါတဲ့ ပီကေ၀ါးပါ။ ပဲကြီးလှော်၊ နေကြာ စေ့ လှော် တို့ စားပါ။

(၉) (မိမိကိုယ်ကို ယုံကြည်မှုရှိနေပါစေ) ဆေးလိပ်ဖြတ်လိုက် တဲ့အတွက် အပိုငွေမကုန်တော့ဘဲ၊ အဲဒီငွေကို စုနိုင်သလို အလှူဒါနပြု ရာမှာ သုံးနိုင်ပါတယ်။ ဆေးလိပ်ဖြတ် တာကြောင့် အနံ့နဲ့ အရသာခံ အာရုံတွေ ပိုကောင်းသွားပါတယ်။ သွား၊ နှုတ်ခမ်းများလည်း မည်းမနေတော့ဘဲ၊ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ ဆိုးတွေပါ ပျောက်ကင်းသွားပါတယ်။ အရေးကြီးတဲ့ အချက်ရှိပါ သေးတယ်။ အဲဒါ ကတော့ ဆေး လိပ်စွဲနေတဲ့ အကျင့်ကိုဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိယုံကြည် မှုပိုရှိလာပါတယ်။
+++++++++++

ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားရောဂါ၊ မျက်စိတိမ်စွဲရောဂါ၊ အကြားအာရုံ ချို့ တဲ့ရောဂါ၊ သွား ပိုးစား သွားပုပ်ရောဂါ နဲ့ ခံတွင်းရနံ့ ဆိုးရွားခြင်း၊ အဆုပ်လေအိတ်တွေမှာ လေခိုပြီးပွပျက်ရောဂါနဲ့  အသက် ရှုမ၀ခြင်း၊ အရိုးပွ/အရိုးပါးရောဂါနဲ့  အရိုး ကျိုးလွယ်ခြင်း၊ နှလုံးသွေးကြောရောဂါများနဲ့  နှလုံးခုန် မမှန်ခြင်း၊ သွေးကြောငယ် များကျဉ်းသွားကာ ခြေပုတ်လက်ပုတ်ရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်မှာ အစာခြေ ရည်အက်စစ်အထွက် များလားခြင်း၊ အမျိုးသားများ သုက်ရည်မအောင်တော့ဘဲ သား သမီး မရနိုင်ခြင်း၊ အိမ်ထောင်ရေးသုခ အပြည့်အ၀ မခံစားနိုင်ခြင်း၊ DNA ပျက်စီးစေခြင်း၊ အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာ နဲ့  သားလျှောသားပျက်ခြင်း၊ လမစေ့ /ပေါင် မပြည့်သောကလေးမွေးဖွားခြင်း၊ ကလေးအသေမွေးခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ဆေးလိပ်ထဲမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာ ဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ခြင်းကြောင့် အဆုပ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်း၊ အစာမြိုပြွန်၊ အူ၊ ရင်သား၊ ကျောက်ကပ်၊ ပန်ကရိယ၊ ဆီးအိတ် စသည့်ကင်ဆာများ အပြင် နှင့် အချို့ သူတွေမှာ သွေးကင်ဆာဖြစ်လာစေပါတယ်။ ဒါတင်မကသေးပါဘူး။ ဆေးလိပ်သောက် သူ ရဲ့  ရုပ်ရည်ဟာ မသောက်သူနဲ့ ယှဉ်လိုက်ရင် ပိုပြီးအိုစာကာ၊ အသားအရေတွေညစ်ပြီး၊ အကြို အရေပြား ဇရာဖြစ်တဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။ ဆေးလိပ်သောက် သူတွေမှာ အိပ်မရခြင်း၊ စိတ်ဓာတ် ကျလွယ်ခြင်းတွေ ပိုမိုဖြစ်ပွားစေနိုင်ပြီးတော့ ဆေးလိပ်တစ်လိပ်
သောက်လျှင် ငါးမိနစ် အသက်တိုစေကာ၊ ပျှမ်းမျှသက်တမ်း အသက် ၁၀-နှစ် ပိုတို သွားတယ်လို့  ဆေး သုတေသီတွေကဆိုပါတယ်။ နောက်ပြီးဆေးလိပ်သောက် သူလူငယ်များ စာသင်ကြားမှုကို ထိခိုက် စေနိုင်ပြီး၊ အမောမခံနိုင် သက်လုံချို့  ယွင်း လာစေတာကြောင့် လူကြီး-လူရွယ်-လူငယ်အားလုံး ဆေးလိပ် ဖြတ်သင့်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...