သိတော့သိတယ် ဒါပေမဲ့

လူနာတစ်ယောက် ပြောခဲ့သည့် စကားလေး တစ်ခွန်းပါ သိတော့ သိတယ် ဒါပေမဲ့ ဆိုပြီး အကြောင်းပြချက် များစွာ ပြောခဲ့ပါသည် ။ လူဟူ သည်မှာ ကောင်းခြင်း နှင့် မကောင်းခြင်း နှစ်ခုကို ရွေးချယ်ကြပါလို့ ဆိုခဲ့ပါက မကောင်းသည့် ဘက်ကို အားသန် တက်ကြသူများ ဖြစ်ကြတာများ ပါသည် ။

စီးကရက် သောက်လျှင် ဆိုးကျိုးကို သိကြပါတယ် သို့ သော်လည်း သောက်မှာဘဲ အရက်လည်း ထိုအတူ မကောင်းဘူး သိတယ် သောက်မှာဘဲ ။ အခုခေတ်ကာလာဝယ် ငယ်ရွယ်သူ အမျိုးသမီးလေး များပါ ဆေးလိပ်သောက်လာခြင်း ၊ အရက် ဘီယာ သောက်လာခြင်း နှင့်အတူ မှုးယစ်ဆေးဝါးများကိုပါ သုံးစွဲမှု့ မြင့်မားလာနေပါပြီး ။ မကောင်းခြင်းကို မွေ့ ပျော်ကြနေပါသလား မေးစရာပါ ။ လူနာ မိန်းမက လေးများကို သောက်တက်သလားလို့  မေးခွန်းတစ်ခုအနေဖြင့်တောင် မေးရတော့မည်လား ။ နိုင်ငံခြား ရပ်ဝန်းက သူ့ ယဉ်ကျေးမှု့  သူ့ အသိုင်းအဝန်း သူ့ ရာသီဥတု သူ့ ခန္ဓာကိုယ့် အစားအသောက်တွေအရ မြင်ကောင်းပေမဲ့ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု့  ကိုယ့်ဥတု အစားအစာရ အဆင်မပြေပါဘူး ။ မကောင်းမှု့ နှင့် မဖေါ်ပါနဲ့ ကောင်းမှု့ နှင့်သာ ကျော်ပါစေ ။

သင့်သောက်လိုက်သည့် စီးကရက်တစ်လိပ်ကြောင့် လူ့ ခန္ဓာကိုယ့်အတွင်းမှ သွေးကြောမိုင်ပေါင်း ခုနှစ် သောင်းငါးထောင်သည် တစ်ရာငါးမိနစ် တိတိ ကျဉ်းသွားတတ်ကြောင်းကို ဆေးသိပ္ပံပညာရှင်များမှ သတိပေးထားကြပါသည် ။ သင့်တစ်နေကို မြောက်မြားစွာသောက်နေပါက မြောက်မြားစွာကျဉ်းနေမှာပါ ။ နောက်ဆက်တွဲအလားအလာက ဆိုးကျိုးတွေ ဘဲဖြစ်ပါသည် ။

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောတွေကျဉ်းလာခြင်း ၊ ပိတ်ခြင်း ရောဂါများရရှိလာပြီး တစ်ချို့ ဆိုလျှင် ဆေးလိပ်အသောက်များလာခြင်းကြောင့် ခြေထောက်သွေးကြောတွေပိတ်ပြီး ခြေထောက် ဖြတ် ပစ်ရသည် အထိ ဆုံးရှုံးခံစားကြရပါသည် ။ မဖြစ်သေးတော့ မဖြစ်ပါဘူး ဆိုလျှင်လည်း အမှန်လို့ ထင်ပေမဲ့ တကယ်တမ်းကျ လွဲမှားသော အရာတစ်ခုပါ ။

အရက်သောက်ခြင်းကြောင့် နှလုံးသွေးကြောပိတ်ရောဂါ ၊ ဦးနှောက်သွေးကြောပိတ်သည့်ရောဂါ အပြင် အသည်းရောဂါတွေပါ ရရှိခံစားရပါလိမ့်မည် ။ ဒါတွေဖြစ်မယ် သိတယ်ကွယ် သို့ သောလည်းကွယ် ဆိုင်မှာတွယ် သမားတွေ များပါတယ် မဖြစ်သေးတော့ ကောင်းတယ်ပေါ့ ဖြစ်လည်းဖြစ်ရော ယူပါ ကယ်ပါ ဆရာ ပျောက်ပါတယ်နော် ဘာမှ မဖြစ်ပါဘူးနော် အဖေကယ်ပါ အမေကယ်ပါ အော်ကြခါညည်း ဝေဒနာ ခရီး အပျက်အဆီးများတော့ နောက်ဆုံးတော့ မရဏခရီးနှင်သွားကြသည့် လူပေါင်းများစွာရှိပါသည် ။

ကျန်းမာရေးလိုက်စားမှု့ လည်း မရှိ စားလိုက်သည့်အစားအစာများကလည်း အဆီ ၊ အဆိမ့် ၊ အသား ၊ နို့  စားသောက်ကျုးပြီး နောက်ဆက်တွဲလည်း ဆေးလိပ်တွေသောက် အရက်သောက်တော့ ဖွဲ့ စည်းသည့် သည့်ခန္ဓာ မခံနိုင်တော့ဘဲ နှလုံးသွေးကြောတွေပိတ် ၊ နှလုံးရောဂါတွေဖြစ်သလို နောက်ဆက်တွဲ ရောဂါ တွေလည်း ကပ်ပါအမြဲတွဲပြီး ခံစားရပါမည် ။

ရောဂါဖြစ်လို့ ကုသသည့်အခါ ကုန်ကျစရိတ်တွေက မြင့်မား ငွေကြေးချမ်းသာသူအနေဖြင့် ကုသနိုင်ပေမဲ့ ငွေကုန်ကျ မခံနိုင်သူများတော့ ဝေဒနာကို အလူးအလဲခံစားကြပါသည် ။ တစ်ချို့ ကံမကောင်းသူတွေမှာ လေဖြတ်ခြင်း နှင့် ကိုယ့်တခြမ်းသေ ရောဂါဖြစ်တော့ လူနာရှင်နှင့်အတူ မိသားစုအသိုင်းအဝန်းပါ နောက် တစ်မျိုး အဆိုး တိုးလို့ နေကြပါလေတော့သည် ။

သိတော့သိတယ် ဒါပေမဲ့ စကားကို ပြန်ဆက်ရရင်ဖြင့် ခန္ဓာရှိရင် ဝေဒနာရှိ အမှန်တရားပါ သို့ သော် လည်း ဥာဏ်အသိမရှိသည့် လူ အဖြစ်တော့ မဖြစ်စေချင်လို့ ပါဗျာ ။


အသက်ရာကျော်ရှည်ပါစေ
Mg Mandalay
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...